January 16, 2025

ဘုရားသခင်၏ အလို​တော်

"Follow Your Heart" ဆိုတဲ့စကားမျိုးကို ကြားဖူးကြမည်ထင်ပါသည်။ ဟုတ်ပါတယ် ... သင့်နှလုံးသား ဆန္ဒ​နောက်ကိုလိုက်ပါဟု ဆိုရိုးလည်းရှိဖူးကြသည်။ မှန်သင့်သ​​လောက်လည်း မှန်ပါသည်။ သို့​သော် အမြဲမဟုတ်နိုင်​​ပေ။
အချို့ကလည်း နှလုံးသားက စကားကို နား​ထောင်ပါ​ပေါ့ ဒီက​နေ ဘုရားစကားလာတယ်ဟုဆိုတတ်ကြ​ပေသည်။ သို့​သော် ဇာတိပြည့်​နေ​သော နှလုံးသားသည် စစ်မှန်တဲ့ဘုရားစကားကြားမည်​လော။ ထိုနှလုံးသားမျိုးသည်  မိမိစိတ်ဆန္ဒ​တွေကိုသာ ကြားနိုင်ကာ လိုချင်ရာစွဲ၍သာ ကြား​ပေမည်မဟုတ်ပါလား။ 

"ကိုယ့်လက်ဝါးကားတိုင်ကို ကိုယ်တိုင်ထမ်း၍ ငါ့​နောက်လိုက်ပါ" "ငါ၌ ဆည်းကပ်လို​သောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်" ဟုဆိုခြင်းတို့သည် "မင်းနှလုံးသားကို နား​ထောင်ပါ၊ ငါစကားပြောမယ်" "နှလုံးသားဆန္ဒ​နောက်ကိုလိုက်ပါ" ဟုဆိုခြင်းတို့နှင့် ဆန့်ကျင်ဘက်ပင် မဟုတ်ပါလား။ (မှတ်ချက်။ နိုင်ငံ​ရေး၊ လူမျိုး​ရေး၊ ဘာသာ​ရေး စသဖြင့်တို့နှင့်ပတ်သတ်၍ ထိုသို့စကားမျိုးသည် ​ပြောတတ်ကြ​သော​ကြောင့်ဖြစ်သည်။) 

ဇာတိစိတ်နှင့် ကြားတတ်ခြင်း၊ ဇာတိနှင့်ပြည့်သည့် နှလုံးသားမျိုးသည် မိမိတို့၏ အလိုဆန္ဒ​တွေကိုသာ ​တွေး​တောကြံစည် ​နေဦးမည်ဖြစ်သည်။ မိမိတို့၏ နှလုံးသားသည် မိမိတို့၏ စိတ်ကူးဆန္ဒကိုသာ ဖြစ်ချင်တတ်ကြသည်မှာ သဘာဝပင်။ နိုင်ငံ​ရေး၊ အိမ်​​ထောင်​ရေး၊ စီးပွား​ရေး၊ လူမှု​ရေး၊ အချစ်​ရေး မည်သည့်အ​ရေးဖြစ်​စေ နှလုံးသားဆန္ဒများသည် ဇာတိသ​ဘောသာဖြစ်​စေတတ်သည်မဟုတ်ပါလား။ 

တိမောသေဩဝါဒစာ ပဋ္ဌမစောင် ၂:၄
လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင်အလိုတော်ရှိ၏။ 

ကျွန်ုပ်တို့၏ နှလုံးသားဆန္ဒကို နား​ထောင်ခြင်းသည် ဘုရားသခင်၏ အလို​​တော်နှင့် ​ဝေးသွားတတ်သည်။ ​ယောနလည်း သူ့နှလုံးသား​နောက်လိုက်ကာ အ​ဝေးသို့​ပြေးခဲ့ဖူးသကဲ့သို့ ရှောလမုန်မင်းကြီးသည်လည်း နှလုံးသားဆန္ဒ​နောက်လိုက်ကာ ​ဝေးခဲ့ဖူးသည်။ ကျွန်ုပ်တို့က​ရော မိမိတို့၏နှလုံးသားဆန္ဒ​​တွေကြောင့် နိုင်ငံ​ရေးကို ဘုရားစကား ဘုရားသခင် အလို​တော်နှင့် ​ရောချ​နေသလား၊ ဘာသာ​ရေးလား၊ အိမ်​ထောင်​ရေးလား စသဖြင့် မည်သည့်အ​ရေးဖြစ်​စေ နှလုံးသားဆန္ဒဆိုသည်မှာ ဘုရားစကားဟု မှားယွင်းစွာ နားလည်လွဲတတ်​သော​ကြောင့် ကိုယ်ကိုကိုယ်ငြင်းပယ်တတ်ပါ​စေ။ 

လူအပေါင်းတို့အား ကယ်တင်ခြင်းသို့​ရောက်​စေလိုခြင်း၊ လူအ​ပေါင်းတို့အား စစ်မှန်သည့် သမ္မာတရားကို သိ​စေလိုခြင်း၊ သမ္မာတရားအတိုင်း အသက်ရှင်​စေလိုခြင်း၊ စစ်မှန်​သော ခရစ်ယာန်အသက်တာဖြင့် ဘုရားဘုန်းထင်ရှားစွာဖြင့် ရှင်သန်​စေလိုခြင်း၊ တည်ကြည်​သောအသီးများသီး​စေလိုခြင်း၊ ဝိညာဥ်အသီးအပွင့်များသာ ပွင့်လန်း၍ ကိုယ်ကိုကိုယ်ငြင်းပယ်ကာ ကိုယ့်လက်ဝါးကားတိုင်ကို ကိုယ်တိုင်ထမ်း၍ ​သခင်​ယေရှုခရစ်​တော်​နောက်သို့သာ ​စေ့​စေ့ကြည့်ရှု လိုက်​လျှောက်ခြင်းသည်သာလျှင် ဘုရားသခင်အလို​​တော်ဖြစ်​ကြောင်းကို အနည်းငယ်​ဝေမျှ ခွန်အား​ပေးလိုပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next