January 15, 2025

ပြင်ဆင်ခြင်း

ယခုကာလတွင် လူ​တွေ​တော်​တော်များများသည် အလှဆင်ကြသည်၊ ပြင်ဆင်ကြသည်။ စား​သောက်ဆိုင်၊ ဟိုတယ်၊ Shopping Mall များ၊ အိမ်များမှစ၍ ဆိုင်တန်း​လေးများအထိ အလှဆင်ကြသည်ကို မြင်​တွေ့ရသည်။ အချို့​နေရာများတွင်​တော့ လမ်းထဲတွင်ပါ လှပစွာ မီး​ရောင်စုံများနှင့် ​ဆေးခြယ်ထားသည်ကို ​တွေ့မြင်ရ​ချေသည်။ 

ဒီဇင်ဘာလသည် ခရစ်စမတ်ကာလ ဖြစ်သကဲ့သို့ နှစ်တစ်နှစ်၏ ​နောက်​ဆုံး​သောလဆိုလည်း မမှား​ချေ။ ထိုကာလတွင် လူများသည် ​များစွာ အလှဆင်တတ်၊ ပြင်ဆင်တတ်ကြသည်။ မိမိတို့၏ ​နေရာများ၊ အလုပ်များတွင်လည်း အစီအစဥ်အသစ်များအတွက် ပြင်ဆင်တတ်ကြ​ပေသည်။ 

သို့​သော် ​မေ့​နေသည်မှာ​တော့ မိမိ၏ အသက်တာကိုပင်ဖြစ်သည်။ ခရစ်စမတ်အတွက် အလှဆင်သည် ဘဝမပြင်မိ၊ နှစ်သစ်အတွက် အသစ်ပြင်သည် အသက်မပြင်မိ သို့နှင့် အသက်တာမှာ ဒုံရင်းမှ ဒုံရင်းသာဖြစ်ကာ တုန်ဆင်းသွားကြတတ်​ပေသည်။ 

ထို့​​ကြောင့် အ​ရေးကြီးသည်မှာ အ​ပေါ်ယံ အလှဆင်ခြင်း​တွေထက် သာ၍အ​ရေးကြီးသည်မှာ မိမိတို့၏ အသက်တာကို ပြင်ဆင်ကြဖို့ရန်နှင့် မှားခဲ့သည်များရှိလျှင် စစ်မှန်​သော ​နောင်တရကာ ပြန်လည်ပြင်ဆင်ကာ အသက်တာသစ်နှင့် ​ရှေ့ကိုဆက်နိုင်ရန်သာ ပြင်ဆင်ဆင်ခြင်သင့်​ပေသည် မဟုတ်ပါလား။ 

ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၅:၁၇
လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ 

မိတ်​ဆွေနှင့် ကျွန်ုပ်တို့အသက်တာသည် တကယ်ကို သခင်​ယေရှုခရစ်​တော်ကို ယုံကြည်လက်ခံ​​သော ယုံကြည်သူဖြစ်လျှင်​​တော့ အ​ပေါ်ယံပြင်ဆင်ခြင်းများထက် အသက်တာ၏ အသစ်ပြုပြင်ခြင်းကို ခံစားရမည်ဖြစ်သလို တကယ့်ကို အသက်တာ​ပြောင်းလဲခြင်းဖြစ်လာ​ပေမည်။ အ​ပေါ်ယံ ဖြစ်​သော အရက်​သောက်ခြင်း၊ ​ဆေးလိပ်​သောက်ခြင်း၊ ကွမ်းစားခြင်း ​တွေထက် အသက်တာတွင် ဝိညာဥ်အသီးအပွင့်များလည်း သီးလာ​ပေမည် မဟုတ်​ပေဘူးလား။ 

ဒါ့​ကြောင့် ကျွန်ုပ်တို့၏ အလှဆင်ခြင်း၊ ပြင်ဆင်ခြင်းများသည် အ​ပေါ်ယံ​တွေထက် မိမိ၏ အသက်တာကို အသီးသီးပြင်ဆင်​သော သူများဖြစ်ကြဖို့သည် သာ၍ အ​ရေးကြီး​ကြောင်း ထပ်​လောင်းခွန်အား​ပေးတိုက်တွန်းလိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next