နှလုံးသားကိုစစ်ဆေးလျှက်ရှိတယ်
ရှောလုကိုပယ်၍ အခြားတစ်ယောက်ကို ဘိသိက်ပေးဖို့ ရှမွှေလသွားတဲ့အခါမှာ ဘယ်သူမှ ဒါဝိဒ်ကို ရွေးမယ်မထင်ခဲ့ကြဘူး။ အဖေလုပ်သူကလည်း သားဖြစ်သူတွေစုဝေးထားသော်လည်း အငယ်ကောင်ကိုတော့ လူရာမသွင်းထားဘူး၊ သူတော့မဖြစ်နိုင်ဘူးဟုထင်၍ ဖြစ်နိုင်ပေသည်။ ဖြူဖတ်ဖတ်နဲ့ အားပျော့သူ ကလေးအရွယ်၊ သိုးကျောင်းသား နွားကျောင်းသား အဆင့်အတန်းလို့သာ သတ်မှတ်ခဲ့သည်။
ရှမွေလတောင် ဧလျာဘ၏ ပုံသဏ္ဍာန်ကိုကြည့်၍ ဘိသိက်ပေးရမည့်သူဟုထင်မှတ်ခဲ့သေးသည် မဟုတ်ပါလား။ အစ်ကိုလုပ်သူတွေကို ဒီလူတွေမဟုတ်ဘူးဆိုပြီး ရှမွေလငြင်းတဲ့အခါမှာတောင် အဖေဖြစ်သူသည် ပြန်စဥ်းစားရသေး၏ ဒါဝိဒ်ကို စာရင်းမသွင်းထားချေ။ လူက အဆင်းသဏ္ဍာန်ကိုကြည့်တယ် ထာဝရဘုရားက နှလုံးသားကို ကြည့်တယ်ဆိုသည်ကို သူတို့သိခွင့်ရခဲ့ပေသည်။
သုတ္တံကျမ်း ၁၇:၃
ငွေစစ်စရာဖို့ မိုက်ကိုလည်းကောင်း၊ ရွှေစစ်စရာဖို့ မီးဖိုကိုလည်းကောင်း သုံးတတ်၏။ စိတ်နှလုံးကိုကား၊ ထာဝရဘုရား စစ်တော်မူ၏။
နှလုံးသားကိုကြည့်တဲ့ဘုရားက နှလုံးသားတွေကို စစ်ဆေးတယ်။ နှလုံးသားမှန်သော ယုံကြည်သူတွေဖြစ်စေဖို့လိုအပ်တယ်၊ နှလုံးသားကိုကြည့်တဲ့ စစ်ဆေးတဲ့ဘုရားကို ကိုးကွယ်တဲ့ကျွန်ုပ်တို့က အပြင်ပန်းသဏ္ဍာန်ကို ကြည့်၍ မဆုံးဖြတ်ပဲနဲ့ နှလုံးသားကိုကြည့်ဖို့ လိုအပ်ပါတယ်။ ကျွန်ုပ်တို့၏ နှလုံးသားတွေကိုလည်း မှန်၏လား မမှန်၏လားဆိုတာကို ထာဝရဘုရားသည် စစ်ဆေးလျှက်ရှိနေတယ်ဆိုတာကို ဆင်ခြင်လျှက် ရှေ့ဆက်ကြပါစို့ဟု အနည်းငယ် တိုက်တွန်းခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet