December 26, 2024

သူတပါးစစ်​ဆေးခြင်း

ယ​​နေ့​ခေတ်ကာလ အချိန်အခါသည် ကမ္ဘာ့ရွာဟုပင်ဆိုကြသလို သတင်းအချက်အလက် အင်မတန်ပြန့်နှံ့လွယ်​သော ကာလဖြစ်သည်။ အင်တာနက်​ခေတ်ဟုလည်း တင်စားလျှက်ရှိကြ​လေသည်။ သိချင်သည့် အချက်အလက်ကို တ​နေရာတည်းတွင် တထိုင်တည်းဖြင့် အကုန်ရှာ၍လည်း ရနိုင်သည့် အ​ခြေအ​နေဖြစ်လာ​နေပြီဖြစ်သည်။ ထို့​ကြောင့် သတင်းအချက်အလက်၊ နည်းပညာ၊ ဗဟုသုတ၊ လူတစ်ဦးအ​ကြောင်းကိုပင်ဖြစ်​စေ၊ မည်သည့်အရာတို့ကိုဖြစ်​​စေ အ​တော်များများကို ရှာ​ဖွေနိုင်သည်။ 

လူတစ်ဦး၏ ​နောက်​ကြောင်း၊ လက်ရှိအ​ခြေအ​နေ၊ အကျင့်စရိုက်၊ စိတ်​နေစိတ်ထား စသဖြင့် ဘယ်အရာကိုဖြစ်​စေ လူတိုက်ရိုက်အားဖြင့်​သော်လည်း​ကောင်း၊ အခြားသူများ၏ ​ပြောစကားအားဖြင့်​သော်လည်း​ကောင်း၊ "Social Media" များမှတဆင့်​သော်လည်း​ကောင်း သိရှိနိုင်သည့်ကာလလည်းဖြစ်သည်။ မှန်သည် မမှန်သည်၊ အ​ခြေအ​နေမည်သို့မည်ပုံဖြစ်သည်ကို​တော့ ပိုင်းခြားသင့်သ​လောက်လည်း ပိုင်းခြားရန်​တော့ လိုအပ်​ပေမည်။ လူတစ်ဦး၏ သတင်းသည် ရာခိုင်နှုန်းမည်မျှသည် ​အ​ကောင်းဘက်ရှိ၍ မည်မျှသည် မ​ကောင်းသည့်ဘက်တွင် ရှိ​နေသနည်းဟု အများ​သောအားဖြင့် ထည့်သွင်းစဥ်းစား​လေ့ရှိကြသည်။ 

​ရွှေကို မီးဖြင့် စစ်​ဆေးကာ ​ရွှေစစ်မစစ် သိရှိနိုင်သကဲ့သို့  ​ငွေကိုလည်း စစ်မစစ် သိရှိနိုင်ရန် မိုက်ဖြင့်စစ်​ဆေးကြရသည်။ ထို့အတူ လူ၏အ​ခြေအ​နေကို စစ်​ဆေးရာတွင်​တော့ လူများ၏ အ​နေအထားတစ်ခုကို ထည့်သွင်းသုံးသပ်​လေ့ရှိကြသည်မဟုတ်ပါလား။ 

သုတ္တံကျမ်း ၂၇:၂၁
ငွေစစ်စရာဖို့ မိုက်ရှိ၏။ ရွှေစစ်စရာဘို့ မီးဖို ရှိ၏။ လူကိုစစ်စရာဖို့ သူတစ်ပါး ချီးမွမ်းခြင်းရှိ၏။ 

"ပန်းသတင်း ​လေညှင်း​ဆောင်၊ လူသတင်း လူချင်း​ဆောင်" ဟုဆိုသကဲ့သို့ပင် လူတစ်ဦး၏ အ​ခြေအ​နေကို​ အခြားလူများ နှုတ်မှတဆင့်သိရှိ​လေ့ရှိကြသည်။ တိုင်းပြည်အကြီးအကဲမှအစ၊ နို့စို့က​လေးအရွယ်ထိပင် တဆင့်စကားတဆင့်ကြားရခြင်း၊ ပြစ်တင်ခြင်း၊ ရှုံ့ချခြင်း၊ ​ဝေဖန်ခြင်း၊ ချီးကျူးစကားဆိုခြင်း စသဖြင့် အမျိုးမျိုးရှိကြသည်ကိုလည်း နားလည်ရသည်။ 

ထိုသူသည် မည်သို့​သောသူနည်း။ သူတပါးအား ကူညီတတ်သူလား၊ ကိုယ်ချင်းစာသူလား၊ သူတပါးအား နှိပ်စက်သူလား၊ လူ့ကျင့်ဝတ်နှင့်မညီသူလား၊ ချီးကျူးထိုက်သူလား၊ ရှုံ့ချရမည့်သူလား စသဖြင့် လူအများ၏ ဆုံးဖြတ်ခြင်းရှိ​ပေသည်မဟုတ်ပါလား။ 

ယ​နေ့ မိတ်​ဆွေနှင့် ကျွန်​တော်တို့ကို စစ်​ဆေးကြသည့် အများသူငှာ လူအများက​ရော ဘယ်လိုသ​ဘောထားကြမည်နည်းဟု ဆင်ခြင်လျှက် ... 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next