လူငယ်နှင့်သမ္မာတရား

အခုခေတ်အချိန်ဟာ (Information Overloaded) လို့ပြောလို့ရတဲ့ သတင်းအချက်အလက်တွေသိပ်ပေါများတဲ့အချိန်ဖြစ်တယ်။ ဖုန်းတစ်လုံးရှိရုံနဲ့တင် ကိစ္စတော်တော်များများလုပ်လို့ရနေပြီဖြစ်တယ်။ Internet ကိုဘာတွေအသုံးပြုနေကြတာလဲအစရှိသဖြင့်ပေါ့။
လူငယ်တွေအနေနဲ့လမ်းမှားရောက်စေဖို့ရာလဲလွယ်ကူစွာဖြစ်နိုင်တယ်လို့ယူဆလို့ရတဲ့အခြေအနေလဲဖြစ်တယ်။
Social အရသောက်စားခြင်းတွေလဲအရမ်းခေတ်စားလာတာကိုတွေ့ရသလို၊အလုပ်သဘောအရ၊မိတ်ဖြစ်ဆွေဖြစ်ဆိုတဲ့အရာမျိုးတွေလဲတွေ့ရတတ်တယ်။ ဒါမှမလုပ်ရင်မှားနေသလို၊လူရာမဝင်သလို၊အဆင့်မမှီသလိုလို ထင်ကြတဲ့ခေတ်ပါ။ တနည်းအားဖြင့် အမှားကိုအမှန်ထင်လာကြပြီဖြစ်တယ်။ ဒါကြောင့်မို့လို့ ယုံကြည်သူမိဘ၊ဆရာသမား၊ညီအကိုမောင်နှမများဟာ လူငယ်များအတွက် သမ္မာတရားနဲ့အညီပိုင်းခြားနားလည်တတ်စေဖို့သွန်သင်ပေးဖို့လိုအပ်တယ်ဆိုတာကိုနားလည်လာမိတယ်။
သုတ္တံကျမ်း ၂၂:၆
သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်။
ကျွန်တော်တို့လူငယ်တွေကပိုင်းခြားနားလည်တတ်ဖို့ရာ သခင်ဘုရားကိုသိကျွမ်းခြင်းပညာလိုအပ်တယ်။ဒါမှသာ လောကမှာအသက်ရှင်တဲ့အခါ သမ္မာတရားလမ်းအတိုင်းသွားတတ်မှာဖြစ်တယ်။ ဒါ့ကြောင့် နှုတ်ကပါတ်တော်သမ္မာတရားနဲ့အညီဆုံးမပေးဖို့ရာအရေးကြီးတယ်ဆိုတာကိုနားလည်ရပါတယ်။ ငယ်ရွယ်စဥ်အခါမှစ၍ သမ္မာတရားအတိုင်းသွန်သင်လမ်းပြပေးဖို့ရာလိုတယ်။ သမ္မာတရားနဲ့အညီသွန်သင်သော Sunday School များပို့ပေးဖို့ရာလိုအပ်တယ်။
မိမိရဲ့သားသမီးကိုချစ်တော့အလိုလိုက်ကြပါတယ်။သို့သော် သမ္မာတရားလမ်းအတိုင်းသွားတတ်စေဖို့ရာ လိုအပ်လျှင်တော့ ကြိမ်လုံးသုံးသင့်ရင်သုံးရမှာဖြစ်တယ်။
အသက်ကြီးမှဆုံးမဖို့ဆိုတာ အချိန်လွန်သွားပြီဖြစ်တယ်။
အသက် ၄၀လောက်မှ လမ်းမှားမရောက်စေဖို့ဆုံးမတာထက် ငယ်သောအရွယ်မှစပြီးဆုံးမခြင်းဟာ မတူခြားနားပါတယ်။
ငယ်သောအရွယ်မှစ၍သွန်သင်ထားသောကြောင့် အသက်တာမှာဘုရားနဲ့သွားလာတတ်သွားပြီဖြစ်တယ်။ဒါ့ကြောင့်မို့လို့ လုပ်ရမလား၊မလုပ်ရမလား၊ပြောရမလား၊မပြောရမလား၊ရှိရမဲ့နေရာ၊မရှိရမဲ့နေရာ ကိုပိုင်းခြားနားလည်တတ်သလို၊ကိုယ်ကြားရတဲ့စကား(သွန်သင်ချက်)တို့သည် နှုတ်ကပါတ်တော်သမ္မာတရားနဲ့ညီမညီ၊မှားယွင်းသောဩဝါဒတွေလားဆိုတာကို ပိုင်းခြားနားလည်တတ်ပါမယ်။ အိမ်ထောင်ရေး၊လူမှုရေး၊စီးပွားရေး အစရှိသဖြင့် သမ္မာတရားနဲ့ချိန်ထိုးပြီး ဆုံးဖြတ်တတ်လာမှာဖြစ်ပြီးတော့
လောကကြီးမှာ ဘုရားဘုန်းထင်ရှားစွာအသက်ရှင်သော ယုံကြည်သူလူငယ်တွေဖြစ်လာမှာဖြစ်တယ်ဆိုတာသေချာပါတယ်။
ဒါ့ကြောင့် လူငယ်နှင့်သမ္မာတရားဟာ အလွန်အရေးကြီးသော အခန်းကဏ္ဍ အဖြစ်ခံစားမိပါတော့တယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။