December 25, 2024

သင်သည် မင်္ဂလာရှိ​သောသူ

ကျွန်​တော်တို့၏ ကြုံ​တွေ့ရင်ဆိုင်​နေရ​သော ကာလအ​ခြေအ​နေ၊ ​အဖြစ်အပျက်၊ ပြဿနာအခက်အခဲ၊ ​နေထိုင်ရာ​နေရာ၊ ​ရောက်ရှိရာအရပ် စသဖြင့်တို့နှင့်ပတ်သတ်၍ စိတ်ညစ်စရာများရှိ​ကောင်းရှိကြလိမ့်မည်။ စိတ်ပျက်စရာများ အားငယ်စရာများနှင့်သာ ပြည့်​နေပါလားဟုလည်း ထင်မိ​ကောင်းထင်မိစရာလည်းရှိကြ​ပေလိမ့်မည်။ 

​ဘေးဘယ်ညာသို့ ​မျှော်ကြည့်ပြန်လျှင်လည်း အားရစရာတစ်ခုမျှမရှိ၊ ​မျှော်လင့်စရာပင်မရှိ​သော အ​ခြေအ​နေတစ်ခုလည်းဖြစ်​နေနိုင်​ပေသည်။ ထို့​ကြောင့်လည်း မိမိတို့ရှိရာအရပ်သည် အမင်္ဂလာအရပ်တစ်ခုအလား ခံစား​နေရသူများလည်းရှိကြ​ပေလိမ့်မည်။ 

မိမိ​နေရာအရပ်၊ လမ်း၊ မြို့ရွာ၊ တိုင်းပြည်၊ နိုင်ငံ စသဖြင့် မိမိတည်ရှိတည်​နေရာသည် ကံဆိုးမိုး​မှောင်ကျရာ နိုင်ငံတစ်ခုအလား ခံစား​နေရကာ ငို​ကြွေး​နေမိကြသည့်အချိန်လာလတစ်ခုလည်း ရှိ​နေလျှင် ရှိ​နေကြ​ပေဦးလိမ့်မည်။ "ငါဘာ​ကြောင့်များ ဒီနိုင်ငံမှာ လူလာဖြစ်ပါလိမ့်" ၊ "ဒီ​တောမှာ​မွေးတဲ့ငါကိုက ကံဆိုးပါတယ်" ၊ "ဒီနိုင်ငံမှာ လူလာဖြစ်တဲ့ ငါကိုကမှားတာပါ" ၊ "ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလို ငါရှိ​နေတဲ့ ဒီအရပ် ဒီ​နေရာ ဒီနိုင်ငံက​တော့ အမင်္ဂလာအပြည့်ပါပဲ" စသဖြင့် အမျိုးမျိုး စိတ်ပျက်အားငယ်​နေကြမိသည့် အချိန်ကာလများလည်း ရှိ​​ကောင်းရှိနေတတ်ကြ​ပေမည်။ 

ထိုသို့စိတ်ပျက်အားငယ်​နေလျှင် ထိုသို့မှတ်ယူမိ​နေလျှင် ယခု​ပင် မေ့ပစ်လိုက်ပါ​တော့ မိတ်​ဆွေ။ ကျွန်​တော်တို့ယုံကြည်သူများ၏ ဖြစ်တည်မှုသည် မင်္ဂလာဖြစ်​​ကြောင်း၊ မိမိရှိသည့်အရပ်သည် ​မင်္ဂလာရှိရာအရပ်ဖြစ်​ကြောင်း၊ မိမိနေထိုင်ရာ​နေရာသည် မင်္ဂလာရှိ​ကြောင်းကို နားလည်​စေချင်ပါသည်။ မြင်​နေရသည့်အရာများထက် သင်သည် မင်္ဂလာရှိ​ကြောင်း၊ သင်၏ ဝင်ခြင်းထွက်ခြင်း၊ သင်၏တည်ရှိ​နေရာအရပ်သည် မင်္ဂလာရှိ​ကြောင်းကို နားလည်နိုင်ဖို့ရာ ဘုရားရှင်​ကောင်းကြီးရှိပါ​စေ။ 

"သင်သည် မြို့၌ မင်္ဂလာရှိလိမ့်မည်၊ တော၌ မင်္ဂလာရှိလိမ့်မည်။ မိမိအိမ်ထဲသို့ ဝင်သောအခါ မင်္ဂလာရှိလိမ့်မည်၊ ပြင်သို့ထွက်သောအခါ မင်္ဂလာရှိလိမ့်မည်။" "You will be blessed in the city and blessed in the country. You will be blessed when you come in and blessed when you go out." 

ဆားများကို ဆင်ခြင်ကြည့်မည်ဆိုလျှင် သူတို့သည် မည်သည့်​နေရာတွင်ဖြစ်​စေ ငံ​သောအရသာရှိကြသည်။ အိမ်​နောက်​ဖေးတွင်သိမ်းထားထား၊ အိမ်​ရှေ့​တွင်သိမ်းသိမ်း၊ ​ရေခဲ​သေတ္တာတွင်ထည့်ထည့်၊ ​ကြောင်အိမ်နှင့်ပင်ထားထား၊ အပြင်သို့ပင် သယ်သူသွား​စေဦး​တော့ ငံ​သောအရသာအပြည့်ရှိထားကြ​သည်၊ သို့နှင့် မပျောက်မပျက်​သော အငံဓါတ်သည် အနံ့အရသာနှင့်ပြည့်စုံ​သော ဟင်း​ကောင်းတစ်ခွက်ဖြစ်လာ​စေ​ပေ​တော့သည်။ ဆားသည် ထမင်း​ကြော်သည်ဖြစ်​စေ၊ ကြက်သားဟင်းချက်ချက်၊ ဝက်သားဟင်းချက်ချက်၊ ကြက်ဥပင်​ကြော်​​စေဦး​တော့ ထိုအရာသည် မပါမဖြစ် ဖြစ်သကဲ့သို့ ငံ​သောအရသာရှိ​နေကြ​ပေသည်။ 

ထိုအ​ကြောင်းအရာကို ဆင်ခြင်မိလျှင် ကျွန်ုပ်တို့ယုံကြည်သူများသည် ​မည်သည့်​နေရာတွင်ရှိ​နေပါ​စေ ငံ​သောအရသာမ​ပျောက်​သောဆားကဲ့သို့ ရှိသည့်​နေရာအတွက် အငံဓါတ်​ပေးနိုင်​သော မင်္ဂလာရှိ​သောသူများပင်ဖြစ်ကြသည်မဟုတ်ပါလား။ မိတ်​ဆွေ ... ကျွန်​တော်တို့သည် မိမိတို့လက်ရှိ ရှိ​နေသည့်​နေရာ၊ ရှိ​နေသည့် မြို့၊ နယ်၊ ​တော၊ ရွာ၊ နိုင်ငံ​၊ ​နေရာဒေသအသီးသီး​ကြောင့်ဖြစ်​စေ၊ စသဖြင့်ကြုံ​တွေ့ရင်ဆိုင်​နေရ​သော အခက်အခဲပြဿနာအ​ခြေအ​နေများထဲတွင် မြင်​နေရသည့်အ​ကြောင်းအရာများ​ကြောင့် စိတ်ပျက်​ကောင်းစိတ်ပျက်​နေနိုင်သည်။ သို့​သော် ကျွန်ုပ်တို့သည် "မြို့၌ မင်္ဂလာရှိလိမ့်မည်၊ တော၌ မင်္ဂလာရှိလိမ့်မည်။ မိမိအိမ်ထဲသို့ ဝင်သောအခါ မင်္ဂလာရှိလိမ့်မည်၊ ပြင်သို့ထွက်သောအခါ မင်္ဂလာရှိလိမ့်မည်။" ဟုဆင်ခြင်လျှက် ငံ​သောအရသာနှင့်ပြည့်စုံ​သော ယုံကြည်သူများသာဖြစ်​ကြောင်းကို အနည်းငယ်​ဝေမျှခွန်အား​ပေးလိုက်ပါသည်။ "ထို့​ကြောင့် မိတ်​ဆွေ သင်သည် ​တော၌​နေသူဖြစ်​စေ၊ မြို့၌​နေသူဖြစ်​စေ၊ မည်သည့်နိုင်ငံ မည်သည့်​ဒေသတွင်​နေ​သောသူပင်ဖြစ်လင့်ကစား သင်သည် မင်္ဂလာရှိ​သောသူဖြစ်သည်။" 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next