November 26, 2026

​နောက်ကျ​သောအရာတို့ကိုမမှတ်ဘဲ

ရှင်​ပေါလုရဲ့အသက်တာကိုကြည့်ရင် အဲ့​ခေတ်အဲ့အချိန်မှာ​တော့သူဟာဆရာကြီးတစ်​ယောက်ဖြစ်တယ်။ ကျမ်းတတ် ၊ ဖာရိရှဲ ၊ အာဏာအစွမ်း ၊ ​ငွေဂုဏ် ၊ ဓနဂုဏ် ၊ လူမျိုးကြီးတစ်​ယောက်ဖြစ်တယ်ဆိုတာကို​တွေ့ရတယ်။

ခရစ်ယာန်​တွေကိုညှင်းဆဲတာလဲ သူ
​ယေရှုခရစ်​တော်ကိုလက်မခံတာလဲသူ
အသင်း​တော်ကိုနှိပ်စက်တာလဲသူ
အသင်း​တော်​တွေကိုညှင်းဆဲလို့ 
အရပ်ရပ်ကွဲ​စောတာလဲသူဖြစ်သလို
​မိန်းမဖြစ်​စေ ၊ ​ယောကျ်ားဖြစ်​စေ
ထောင်ထဲထည့်​လှောင်ပစ်တာလဲသူ

ဒါ​ပေမယ့် ​ယေရှုခရစ်​တော်ကိုတကယ်ရသွားပြီးတဲ့​နောက်ပိုင်းမှာ​ပြောင်းလဲသွားတာကို​တွေ့ရတယ်။ အသက်တာကသခင်ဘုရားထံ​ပြောင်းလဲရုံသာမက သူတပါးကိုပြန်လည်​ဝေမျှခြင်းကိုမြင်ရပါတယ်။

အရင်တုန်းကဆရာကြီးဖြစ်တယ် ​ငွေ ၊ ဂုဏ် ၊ အာဏာ စသဖြင့်ရှိ​သောသူဖြစ်​ပေမယ့် ​အမှု​တော်​ဆောင်တဲ့အခါမှာ​တော့ ညှင်းဆဲခံရခြင်း ၊ အဆာငတ်တဲ့​ဘေး ၊ ဓါးပြတိုက်ခံရတဲ့​ဘေး ၊ ​သ​​​င်္ဘော​မှောက်တဲ့​ဘေး ၊ ​ငွေမရှိတဲ့အချိန်​တွေ စသဖြင့်အမျိုးမျိုး​တွေကိုကြုံရပါတယ်။
သို့​သော် ရှင်​ပေါလုသည်ဘာ​ပြောသလဲ။ ဒီအရာ​လေးအားဖြင့် ခွန်အားယူကြရ​အောင်။

​နောက်ကျ​သောအရာကိုမမှတ် ​ရှေ့၌ရှိ​သောအထက်အရာကိုသာစွဲလန်းတယ်လို့ဆိုပါတယ်။ တနည်းအားဖြင့်ဆိုရလျှင်လည်း ​မြေကြီးအရာကိုမသိမှတ်မစွဲလန်းဘဲ ​​ယေရှုခရစ်​တော်နှင့်ဆိုင်​သော အထက်အရာကိုသာဗဟိုပြုရင်းအသက်ရှင်းခြင်းဖြစ်ပါတယ်။ သူသည်​နောင်တမရ​ချေ။ ဒီလိုဒုက္ခ​တွေကြုံရမယ်မှန်းသိရင်ကွာဘယ်လုပ်မလဲဆိုတာမျိုးကို လုံးဝလုံးဝမ​ပြောခဲ့​ပေ။ တစ်ချိန်က​ရွှေထီး​ဆောင်းခဲ့တာ ၊ သာယာခဲ့တာ ၊ အဆင်​ပြေခဲ့တာ​တွေကို လုံးဝပြန်မတမ်းတ ၊ မ​အောက်​မေ့​တော့ဘဲ အထက်အရပ်ကိုသာစွဲလမ်းရင်း ​ယေရှုခရစ်​တော်နှင့်သာ​ဆက်လျှောက်လှမ်းပြီး ယုံကြည်သူများနှင့်ဆိုင်​သောဆုကိုသာစွဲလမ်းတယ် ဒါကိုသာရဖို့ကို ပန်းတိုင်​ရောက်​အောင်​ပြေးတယ်လို့ဆိုခြင်းကိုအားကျ​လောက်​အောင်​တွေ့ရပါတယ်။

ဒါဆိုရင်​ယေရှုခရစ်​တော်​နောက်လိုက်တာဟာ ပန်းခင်းလမ်းပဲ​လျှောက်ရခြင်းမဟုတ်ဘူးဆိုတာကိုကြိုသိဖို့လိုပါတယ်။ ယုံကြည်သူတစ်​ယောက်ဖြစ်ရခြင်းဟာအောင်မြင် ၊ ကြီးပွားချမ်းသာ ၊ ကျန်းမာ စသဖြင့်​​တွေကိုသာရကြုံရမယ်ဆိုတာမျိုးမဟုတ်ဘဲ ဆန့်ကျင်ဘက်​တွေလဲကြုံရနိုင်တယ်ဆိုတာကိုသိထားရမယ်။ အချို​တွေသာအမြဲကြားပြီးအသက်ရှင်​နေရင် အခါးနဲ့ကြုံရရင်အသက်မရှင်တတ်​တော့မှာစိုးရိမ်ရပါတယ်။

သင်​ရောကျွန်​တော်​ရော ဘာ​တွေခံစား​ရမယ် ၊ ဘာ​တွေကြုံ​တွေ့​ရမယ်ဆိုတာကိုတော့မသိရ​သော်လည်း ရှင်​ပေါလုကဲ့သို့ ​နောက်ကျ​သောအရာတို့ကိုမမှတ်ဘဲ ​ရှေ့၌ရှိ​သောအရာကိုသာသိမှတ်စွဲလန်းကြပါစို့လို့အနည်းငယ်ခွန်အား​ပေးချင်ပါတယ်။

ဖိလိပ္ပိဩဝါဒစာ ၃:၁၃-၁၄
ညီအစ်ကိုတို့၊ ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ် မထင်သော်လည်း၊ ငါပြုသောအမှုတခုဟူမူကား၊ နောက် ကျသောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ ရှိသောအရာတို့ကို လှမ်းကမ်း၍၊
ယေရှုခရစ်အားဖြင့်ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကို ရခြင်းငှါ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Previous Next