January 23, 2025

ထာဝရဘုရား၌သာ ဝါကြွား​စေ

လူဆိုတဲ့အတိုင်း ကိုယ်လုပ်တဲ့အ​ပေါ်မှာ ဝါကြွားတတ်ကြတာ လူ့သဘာဝတစ်ခုပါ။ မိမိ၏ ​တော်ခြင်း၊ တတ်ခြင်း အ​ပေါ်မှာ ဂုဏ်ယူဝင့်ကြွားတတ်ကြတာ ဇာတိရဲ့ သ​ဘောသဘာဝ တစ်ခုပါပဲ။ ဒီဝါကြွားခြင်း​တွေက​နေပဲ မာန်မာနနဲ့ စိတ်ကြီးဝင်ကာ လူကို လူလို မမြင်တတ်​တော့တဲ့သူ​တွေ ဒုနဲ့​ဒေးပါ။ 

ချမ်းသာတဲ့သူက ​ငွေရှိတဲ့အ​ပေါ်မှာ ဝါကြွားတယ်၊ ဂုဏ်ဓနရှိသူကလည်း ဂုဏ်ဒြပ်အ​ပေါ်မှာ ဝါကြွားတယ်၊ အာဏာရှိသူက အာဏာ​အ​ပေါ်မှာ ဝါကြွားပြန်တယ်၊ ပညာတတ်သူက ပညာအ​ပေါ်မှာ ဝါကြွားတယ်၊ ရုပ်​ချောတဲ့သူကလည်း ရုပ်ရည်အ​ပေါ် ဝါကြွားတယ်၊ ဒီလိုပဲ ဘာဆိုဘာမှ မရှိတဲ့သူကလည်း ဘာမှမရှိတဲ့အ​ပေါ်မှာ ဝါကြွားကြပြန်​ရော မဟုတ်ပါလား။ 

ကျွန်​တော်တို့ယုံကြည်သူ​တွေက​လည်း ဝါကြွားခြင်း​တွေကိုသတိထားကြရမှာဖြစ်ပါတယ်။ မိမိ၏ ​တော်ခြင်းတတ်ခြင်းလား ​ကျေးဇူး​တော်လား၊ မိမိလုပ်​ဆောင်ခြင်း​ကြောင့်လား ​ကျေးဇူး​တော်လား၊ မိမိရှိတဲ့​နေရာက​ရော ဝါကြွားဖို့လား ​ကျေးဇူး​​တော်ချီးမွမ်းဖို့လား ဆင်ခြင်ကြည့်ပါ။ အနည်းငယ် စိတ်မှ ဝါကြွားချင်စိတ်​ပေါ်လာ တဲ့အခါမှာ ပြန်လည်ဆင်ခြင်​နေဖို့ဖြစ်ပါတယ်။ လူဖြစ်တဲ့အတွက် တခါတ​လေမှာ ​ပေါ်လာ​ကောင်း​ပေါ်လာတဲ့အချိန်မှာ ဆင်ခြင်နှလုံးသွင်းနိုင်ဖို့ရာ အင်မတန်အ​ရေးကြီးပါတယ်။ 

ကောရိန်သုဩဝါဒစာ ပဌမစောင် ၁:၃၁
သို့ဖြစ်၍၊ ကျမ်းစာလာသည်နှင့်အညီ၊ ဝါကြွားသောသူမည်သည်ကား၊ ထာဝရဘုရား၌သာဝါကြွားစေ။ 

ဘုရားသခင်​ရှေ့မှာ ဘယ်သူမှ ဝါကြွားစရာအ​ကြောင်း လုံးဝလုံးဝမရှိပါ။ မိမိရှိတဲ့​​နေရာ၊ မိမိရှိတဲ့အရာရာတိုင်းအ​ပေါ်မှာ ဝါကြွားခြင်းသည် အချည်းနှီးသက်သက်ပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ သန့်ရှင်းခြင်း၊ ​ဖြောင့်မတ်ခြင်း၊ ​ရွေးနှုတ်ခြင်း​တွေသည် မိမိ၏ တတ်စွမ်းခြင်း တစ်ခုမျှ မပါရှိ​ပေ။ ကယ်တင်ခြင်းသည်လည်း သခင်​ယေရှုအားဖြင့်သာ ဖြစ်သည် မဟုတ်ပါလား။ 

ဒါ့​ကြောင့် ကျွန်ုပ်တို့ ယုံကြည်သူများသည် အချည်းနှီးဝါကြွားစရာ အ​ကြောင်းမရှိသလို၊ ဝါကြွားခြင်းကို မပြုကြဖို့ရန် ဆင်ခြင်ကြရ​ပေမည်။ ထိုမျှမက ရှင်​ပေါလုက ထာဝရဘုရား၌သာ ဝါကြွား​စေ ဟုဆိုသည်အတိုင်း မိမိတို့၏ တတ်နိုင်ခြင်း မဟုတ်​သော ကယ်တင်ခြင်း၊ ​ဖြောင့်မတ်ခြင်း၊ ​ရွေးနှုတ်ခြင်း၊ သန့်ရှင်းခြင်း စသဖြင့်​တွေသည် သခင်​ယေရှု​ကြောင့်သာ ကျွန်ုပ်တို့ရရှိ​သော ဆုလဒ်ပင်ဖြစ်​​ပေ​သော​ကြောင့် ထာဝရဘုရား၌သာ ဝါကြွားကြပါစို့ဟု အနည်းငယ် ​ဝေမျှခွန်အား​ပေးချင်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next