အတူတူအမှုတော်မြတ်ကို ပြီးမြောက်စေခြင်း

ကျွန်တော်တို့ ခရစ်ယာန်တွေက ပျင်းတတ်ကြတယ်၊ ဘုရားသခင် လုပ်ပေးမယ်၊ ဘုရားသခင် တတ်နိုင်တယ်ဆိုတာကို အလွယ်ပြောတတ်ကြပါတယ်။ ဟုတ်ပါတယ် ဘုရားသခင် တတ်နိုင်ပါတယ်၊ လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဘုရားသခင်သည် သင့်ရဲ့ အလိုဆန္ဒကိုလည်း အရေးကြီးတယ်ဆိုတာကို နားလည်စေချင်ပါတယ်။
ခရစ်ဝင်ကျမ်းတွေကို ကြည့်တဲ့အခါမှာ လူတွေကို မေးတာကို မြင်တွေ့ရတယ်၊ ဘာဖြစ်ချင်သလဲ၊ အဘယ်အလိုရှိသလဲ စသဖြင့်တွေရပါတယ်။ တကယ်ဆိုရင် ကန်းနေတာ မြင်နေတာကို မြင်စေပြောရင်ရနေတာကို ဘာဖြစ်လို့ မပြောဘဲ မေးနေသေးသလဲ။ စသဖြင့် လူတွေရဲ့ စိတ်ဆန္ဒကိုလည်း မေးသေးတယ်ဆိုတာကို နားလည်ရတယ်။
တချို့နေရာတွေမှာတော့ လူနဲ့အတူတူ ဘုန်းတော်ထင်ရှားခြင်းကို မြင်တွေ့ရတယ်။ တနည်းအားဖြင့်ပြောရရင် ဘုရားသခင်သည် သင်နဲ့အတူတူ အမှုတော်ကို ပြီးမြောက်စေချင်တယ်၊ သင့်ကိုလည်း ပါဝင်လုပ်ဆောင်စေချင်တယ်။ ငါတတ်နိုင်၊ ငါလုပ်နိုင်တယ်၊ လုပ်ပေးလိုက်မယ်လို့ ဘုရားသခင်က မဆိုဘဲနဲ့ သင်နဲ့အတူတူ လုပ်ဖို့ရာ ဖိတ်ခေါ်တယ်လို့ နားလည်ရပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၉:၇
သင်သွားလော့။ ရှိလောင်ရေကန်၌ မျက်စိကိုဆေးလော့ဟု မိန့်တော်မူ၏။ ရှိလောင်အနက်ကား စေလွှတ်သည်ဟု ဆိုလိုသတည်း။ ထိုသူသည် သွား၍ဆေးပြီးမှ၊ မျက်စိမြင်လျက် ပြန်လေ၏။
အမိဝမ်းထဲက မျက်စိမမြင်တဲ့ သူတောင်းစားကို ရွှံနဲ့ မျက်စိကို လူးပြီး တန်းပျောက်ကင်းပြီး မြင်စေဖို့ မလုပ်ခဲ့ဘူး။ ရှိလောင်ရေကန်ကို စေလွှတ်ပြီး သွားဆေးခိုင်းပါတယ်။ တနည်းကြည့်ရင်တော့ ဒီသူတောင်းစားကို ထို ဘုန်းတော်ထင်ရှားခြင်း၊ သူ့အမှုတော်ကို ပါဝင်ပြီးမြောက်စေခြင်း မဟုတ်ပါလား။
ကျွန်တော်တို့ ယုံကြည်သူခရစ်ယာန်တွေကလည်း ပျင်းနေဖို့မဟုတ်ဘဲ၊ အရာရာ၌ ကြိုးစားလုပ်ဆောင်ကာ အမှုတော်မြတ်မှာ ဘုရားသခင်နှင့် အတူတူပြီးမြောက်စေဖို့ရာ ထိုဘုန်းတော်ထင်ရှားခြင်းအထဲမှာ အတူတူလုပ်ဆောင်ဖို့ရာ ဘုရားသခင်အလိုတော်ရှိတယ် ဆိုတာကို နားလည်နိုင်ကြဖို့ရာ အနည်းငယ်ဝေမျှ တိုက်တွန်းခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet