January 15, 2025

ထာဝရကာလအတွက် ကာကွယ်​ဆေး

ဆေးပညာရပ်တွင်လည်း ကာကွယ်​ဆေးအချို့အ​ကြောင်းကို ကြားဖူးသည်။ အချို့ဆေးများသည် နှစ်စဥ်ထိုးရသလို အချို့မှာ​တော့ ၃နှစ် ၁ကြိမ်ပြန်ထိုးရ​ချေသည်။ အချို့​သော ကာကွယ်​ဆေးများသည် တစ်ကြိမ်သာထိုး​ပေးရန်လိုအပ်သည် ​​နောက်ကို ထပ်မံ၍ ထိုးရန်မလို​ချေ။ အချို့မှာ​တော့ ရက်ချိန်းနှင့် အကြိမ်​ရေပြည့်ရန်ထိုးရသည်။ အကြိမ်​ရေပြည့်လျှင် ထပ်မံထိုးရန် မလိုအပ်​တော့​ချေ။ 

တစ်ရက်တွင် ကျွန်ုပ်မိခင်သည် ​ဆေးခန်းမှ ပြန်လာသည်။ အ​ကြောင်းမှာ လွန်ခဲ့​သော လအနည်းငယ်အကြာတွင် သူမသည် ​ခွေးက​လေး၏ ကိုက်ခြင်းခံခဲ့ရ၍ ​ဆေးထိုးရကာ အကြိမ်အ​ရေအတွက် ပြည့်သွားသည်ဖြစ်၍ ဆရာဝန်အား​ပြန်သွားပြခြင်းပင်ဖြစ်သည်။ ထိုဆရာအား မေးသည်ကို ကျွန်ုပ်ကို ပြန်လည်​ပြောပြ​လေသည်။ 

"ဆရာ ကျွန်မ ​နောက်နှစ် ကာကွယ်​ဆေး ထပ်ထိုးစရာ လိုအပ်​သေးလား" ဟု​မေးသည်ကို 

ဆရာဝန်သည် ယခုကဲ့သို့ ပြန်လည်​ဖြေကြားခဲ့ပါသည်။
"မလို​တော့ဘူး​လေ၊ ကြိုက်သ​လောက်ကိုက်လို့ရတယ်၊ ဘာမှမဖြစ်ဘူး၊ တသက်စာပြီးပြီ" 

ရယ်စရာ​လေးဟု မြင်ရ​သော်လည်း ထို​ဆေးသည် တသက်စာ ​ခွေးကိုက်ခြင်းအတွက် အာမခံဖြစ်သွားခဲ့​ချေသည်ဟုပင် ​တွေးကြည့်နိုင်သည်မဟုတ်ပါလား။ 

ပြန်လည်စဥ်းစားကြည့်မည်ဆိုလျှင် ကျွန်ုပ်တို့လူသားများအတွက် တမလွန်အ​ရေးကို တသက်တာ အာမခံနိုင်​သောအရာ ရှိပါ​သေးရဲ့လားဟုပင် ဖြစ်သင့်သည် မဟုတ်ပါလား။ မိတ်​ဆွေ၏ တမလွန်အ​ရေးအတွက် ကာကွယ်​ဆေးရှိပါရဲ့လား။ သို့မဟုတ် ခဏခဏ ထိုးရန်လိုအပ်၍ မ​​သေမခြာ လမ်း​ပျောက်​နေပြီလားဟု ဆင်ခြင်ကြည့်ပါ။ သင်လက်ရှိသုံး​​နေ​သော ဘာသာ​ရေးလမ်းဖြင့် ကာကွယ်​ဆေးထိုးထိုး၊ အလှူဒါနအားဖြင့် ကာကွယ်ဆေးထိုးထိုး၊ ကုသိုလ်​ကောင်းမှု အကျင့်သီလများဖြင့်ဘဲ ကာကွယ်​ဆေးထိုးထိုး တမလွန်ဘဝအဆုံးသတ်ထိများ ကာကွယ်​ပေးနိုင်မည်​​လော။ တသက်တာ အာမခံနိုင်မည်ရဲ့လားဆိုတာကို သင်သုံးတဲ့ကာကွယ်​ဆေးကို ဆင်ခြင်ပိုင်းခြားကြည့်ရန် အင်မတန်လိုအပ်​ပေသည်။ 

သခင်​ယေရှုခရစ်​တော်၏ ကာကွယ်​ဆေးက​တော့ တမလွန်အတွက် တိကျစွာ အာမခံ​ပေးထားသည်။ ထပ်ထိုးရန် မလို​တော့ဘူးဟု အ​မေ့ကို​ပြန်​ဖြေ​သော ဆရာဝန်​ပြောသလို ​ပြောရလျှင်​တော့ "မလို​တော့ဘူး​လေ၊ ကြိုက်သ​လောက်ကိုက်လို့ရတယ်၊ ဘာမှမဖြစ်ဘူး၊ တသက်စာပြီးပြီ" ဟုဆိုသကဲ့သို့ "ကြိုက်သလို​သေနိုင်တယ်၊ ရိုးရိုး​သေ​သေ၊ ဆန်းဆန်း​သေ​သေ၊ ကြိုက်တဲ့အချိန်မှာ​သေပါ​စေ အာမခံချက်အပြည့်ရှိ​သော ထာဝရကာလအတွက် ကာကွယ်​ဆေးပါ" ဟုပင်ဆိုရ​ပေဦး​တော့မည်ဖြစ်သည်။ 

(ကျမ်းညွှန်း ​ဟေဗြဲ ၉:၂၅-၂၆) 

ကယ်တင်ရာ​နေ့ရက်သည် ယ​​နေ့ပင်ဖြစ်​သော​ကြောင့် မိတ်​ဆွေက သခင်​ယေရှုခရစ်​တော်ကိုမြည်းစမ်းကြည့်ချင်တယ်တမလွန်အတွက် စစ်မှန်​သော အာမခံ​ပေးတဲ့ ကာကွယ်​ဆေးအစစ်အမှန်ကို ထိုးချင်တယ် ဆိုရင်​တော့ ... 

***ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။ *** 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next