January 16, 2025

ခက်ခဲပင်ပန်း​သော်လည်း

ခက်ခဲခြင်း၊ အဆင်မ​ပြေခြင်း၊ ပင်ပန်းဆင်းရဲခြင်း၊ နာကျဥ်ခံစားရခြင်း​တွေကို လူသားတိုင်း လူသားတိုင်း ကြုံ​တွေ့ရပါတယ်။ ​လောကဒဏ်တရားကို ​ကောင်း​သောသူ၊ မ​ကောင်း​သောသူ၊ ​ဖြောင့်မတ်သူ၊ မ​ဖြောင့်မတ်သူ စသဖြင့် လူတိုင်း ခံစားရပါတယ်။ 

လူများအား ယုံကြည်ခြင်း မရှိလို့ ဆင်းရဲတယ်၊ ဘုရားကိုရရင် ချမ်းသာမယ်၊ ကျန်းမာမယ်၊ အဆင်​ပြေမယ်၊ ဘုရားသားဖြစ်ရင် ဘာဖြစ်တယ်ညာဖြစ်တယ်ဟု ဆိုလိုခြင်းများသည် အချို​ကျွေးခြင်းများဖြစ်​သော​ကြောင့် ပြဿနာရှိသည်။ အဆင်မ​ပြေရင် ဘုရားကိုစွန့်သည်အထိ ဖြစ်​စေတတ်သလို၊ ယုံကြည်သူများပင်လျှင် ခက်ခဲခြင်းများကြုံရရင် ယုံကြည်ခြင်းမရှိလို့၊ ဘုရားသားမဟုတ်လို့ စသဖြင့်​တွေ​တွေးကာ ယုံကြည်ခြင်းလမ်းမှလွဲ​စေနိုင်သည်။ 

ကျွန်​တော်သည် လွန်ခဲ့​သောရက်တွင် နာမည်ကြီးဆရာတစ်​ယောက်၏ ​တရား​ဟောစင်​ပေါ်တွင်​ပြောခြင်းကို အမှတ်မထင် ​​တွေ့ရှိခဲ့သည်။ လူများစွာရှိ​နေသည့်ထို​နေရာတွင် ယခုခဲ့သို့ဆိုခဲ့သည်။ 

"အမှု​တော်​ဆောင်ခြင်း အတူတူပဲ၊ ဒါ​ပေမယ့် တစ်​ယောက်က ဆင်းရဲတယ် တစ်​ယောက်က​တော့ ချမ်းသာတယ်" 

"ဘာကွာသလဲ"
"ယုံကြည်ခြင်း၊ ယုံကြည်ခြင်းကွာတယ်" 

စသဖြင့်ဆိုခဲ့ခြင်းကို ကျွန်​​တော်သတိထားမိ၍ ယခုကဲ့သို့ စဥ်းစားမိပါသည်။ ရှင်​ပေါလုကများ ယုံကြည်ခြင်းအားနည်းခဲ့​လေသလား။ သို့မဟုတ် အပိုင်းပိုင်းဖြတ်အသတ်ခံရသူ​တွေ၊ ခဲနဲ့​ပေါက်သတ်ခံရသူ​တွေ၊ စသဖြင့်​သော တမန်​​တော်​တွေကများ ယုံကြည်ခြင်းမရှိလို့ ဘုရားသခင်က အဆင်​ပြေခြင်းကို မ​ပေး​လေသလား။ ဆရာကြီးယုဒသန်ကများ ယုံကြည်ခြင်းမရှိလို့ မြန်မာပြည်မှာ ဆင်းရဲခြင်းကို ရင်ဆိုင်ခံစားခဲ့ရ​လေသလား စသဖြင့် ​တွေး​​တောမိသည်။ သို့မဟုတ် ထိုဆရာ၏ အကြိမ်ကြိမ် နိုင်ငံတကာသွားလာခြင်းနှင့် အဆင်​ပြေခြင်း​တွေ​ကြောင့်သာ အဆင်မ​ပြေခြင်းကို ထိုသို့ရှုမြင်မိ​လေသလားဟု စဥ်းစားမိသည်။ သူ​ပြောသလိုသာ ခရစ်ယာန်များမြင်မိလျှင် တကယ်ကို ​တော​တောင်တွင်ဖြစ်​စေ မြို့ရွာတွင်ဖြစ်​စေ အဖိုးအခ​ပေး၍ ပင်ပန်းဆင်းရဲခံ​နေရ​သော ဆရာများကို ယုံကြည်ခြင်းအားနည်းသလိုမြင်ကာ ​စော်ကားမိသလိုဖြစ်​ချေ​တော့မည်။ ထိုပြင် သူ့နှင့်အခြား နိုင်ငံတကာပတ်​ကာ အဆင်​ပြေ ​ချော​မွေ့​နေသောသူများကိုသာ ယုံကြည်ခြင်းကြီး​သောသူ​တွေ ဟုသာ မြင်​စေ​တော့မည်မဟုတ်ပါလား။ 

ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၁၁:၂၇
ပင်ပန်းစွာအမှုဆောင်ရွက်ခြင်း၊ အကြိမ်များစွာ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အကြိမ်ကြိမ်အစာရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံ ခဲ့ပြီ။ 

ရှင်​ပေါလုသည် အကြိမ်ကြိမ် ဓါးမြတိုက်​သော​ဘေး၊ သင်္ဘော​ပျက်​သော​ဘေး၊ ညီအကိုချင်း သစ္စာ​ဖောက်ခံရခြင်း၊ အဆင်မ​ပြေခြင်း၊ ငတ်မွတ်ခြင်း၊ အဝတ်မရှိရခြင်း၊ ​ရေငတ်ခြင်း စသဖြင့် အမျိုးမျိုး​သော ဆင်းရဲဒုက္ခကိုခံစားခဲ့ရသည်ကို သမ္မာကျမ်းစာတွင် ​တွေ့ရှိရသည်။ သို့​သော် ယုံကြည်ခြင်းအားနည်းလို့ အဆင်မ​ပြေခြင်း၊ ဘုရားသားဖြစ်ရင် အဆင်​ပြေရမယ်၊ ကျန်းမာချမ်းသာခံစားရမယ်ဟုလို့​​တော့ မ​တွေ့ရ​ချေ။ 

ထို့​ကြောင့် ကျန်းမာချမ်းသာ​ဒေသနာများသည် မသိမသာနှင့် ​ကြောက်စရာ​ကောင်း​သော အရာများပင်ဖြစ်​ချေသည်။ ကျွန်ုပ်တို့ ယုံကြည်သူများသည် နား​ထောင်​ကောင်း​သော ထိုသို့​သော ဟုတ်သလိုလိုနှင့် အချို​ကျွေးတတ်​သော ကျန်းမာချမ်းသာတရားများကို သတိထားဆင်ခြင်ရမည်ဖြစ်သလို အဆင်မ​ပြေ​သော ဆရာသည် ယုံကြည်ခြင်းအားနည်း၍ အဆင်​ပြေ​သောဆရာမှသာ ယုံကြည်ခြင်း အားကြီးသည်ဆို​သော ​ပေါက်တတ်ကရ ဂျင်းထည့်​သော တရားများကို ​ရှောင်ရှားနိုင်ဖို့ရန် အ​ရေးကြီးပါသည်။ အဆင်မ​ပြေခြင်း၊ ဆင်းရဲခြင်း၊ ခက်ခဲပင်ပန်းခြင်း​တွေကို ကြုံ​တွေ့ရင်ဆိုင်​နေရပါ​သော်လည်း သစ္စာရှိစွာဖြင့် ဆပ်ကပ်ထား​သော ဆရာများသည် ယုံကြည်ခြင်းအားနည်း​သော​ကြောင့် ​ထိုသို့ရင်ဆိုင်ရခြင်း မဟုတ်ပါဟုသာ အနည်းငယ် ​ဝေမျှ​ပေးလိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next