သမ္မာဝိညာဥ်၊ မိစ္ဆာဝိညာဥ်

မောရှေနဲ့အာရုန်ကို ဖာရောဘုရင်က ထူးဆန်းသောတန်ခိုးပြပါလို့ဆိုတဲ့အခါမှာ လှံတံကိုချရင် မြွေဖြစ်လိမ့်မယ်လို့ ထာဝရဘုရားက မောရှေနဲ့အာရုန်ကို မှာထားတယ်ဆိုတာကိုတွေ့ရပါတယ်။ ဒီလိုပဲ တကယ်ကြုံရတဲ့အချိန်မှာ လှံတံကိုချတယ်၊ မြွေဖြစ်တယ်ဆိုတာကို ဖာရောမင်းကမြင်တဲ့အခါမှာ သူ့လူတွေကိုခေါ်ပြီးပြန်လုပ်ခိုင်းတယ်။
ထွက်မြောက်ရာကျမ်း ၇:၁၁-၁၂
ထိုအခါဖာရောဘုရင်သည် ပညာရှိများ၊ ပြုစားတတ်သောသူများတို့ကိုခေါ်၍၊ အဲဂုတ္တုအမျိုး ဝိဇ္ဇာဆရာတို့သည်၊ ဝိဇ္ဇာအတတ်အားဖြင့်ထိုအတူပြု၍၊
မိမိတို့ကိုင်သောလှံတံများကိုချ၍ မြွေဖြစ်ကြလေ၏။ သို့သော်လည်း အာရုန်၏လှံတံသည် သူတို့၏လှံတံများကို မျိုလေ၏။
အဲဒီအချိန်မှာ ဘုရားလူတွေကလုပ်သောအရာကို ထိုသူတွေဟာ လုပ်နိုင်ပါလားဆိုတာကိုမြင်တွေ့ရပါတယ်။ မောရှေတို့လှတံကိုမြေသို့ပစ်ချ၍ မြွေဖြစ်စေသလို ထိုသူတွေလည်း ထိုနည်းတူပြု၍ရတယ်ဆိုတာကိုတွေ့ရသော်လည်း မောရှေတို့ရဲ့မြွေကထိုသူတို့ရဲ့မြွေကို မျိုပစ်လိုက်တယ်ဆိုတာကိုမြင်ရပါတယ်။ မည်သို့ပင်ဖြစ်စေ ထိုအဖြစ်အပျက်အားဖြင့် မောရှေတို့နှင့်ဘုရားအတူပါရှိခြင်းသည် ထင်ရှားစွာမြင်တွေ့ရသလို၊ ဘုရားစကား ဘုရားမှာထားသောအရာကို တိကျစွာလိုက်နာခြင်းအားဖြင့် ထိုသူတို့၏ဘေးမှ မောရှေတို့လွတ်ရခြင်း၊ ထိုသူတို့အပေါ်အောင်နိုင်ရခြင်းကို မြင်တွေ့ရပါတယ်။
ဒီနေရာမှာ အရေးအကြီးဆုံးအချက်ကတော့ ဘုရားသခင်၏လူတွေတင်မကဘူး အခြားသောသူတွေသည်လည်း နမိတ်လက္ခဏာပြနိုင်ခြင်းကိုမြင်တွေ့ရသောကြောင့် သတိထားစေချင်ပါတယ်။ တစ်ခုခုထူးခြားဖြစ်ရပ်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်ပြုတော်မူခြင်းလို့သာ ယူဆနေသောသူများ၊ ကျန်းမာခြင်းပေးနိုင်တိုင်း၊ နမိတ်လက္ခဏာဖြစ်တိုင်း၊ ဘုရားလူမဟုတ်ဘူးဆိုတာကိုသတိပြုပါ။ သမ္မာဝိညာဥ်၊ မိစ္ဆာဝိညာဥ်ဆိုတာရှိတယ်ဆိုတာကိုနားလည်စေချင်ပါတယ်။ မိစ္ဆာဝိညာဥ်ဟာလည်း နမိတ်လက္ခဏာပြနိုင်သလို၊ ကျန်းမာစေနိုင်တယ်၊ ထူးခြားဖြစ်ရပ်လုပ်ပြနိုင်တယ်ဆိုတာသတိရပါ။
ဘုရားသခင်နှင့်စပ်ဆိုင်သော ယုံကြည်သူခရစ်ယာန်တိုင်းသည် သမ္မာဝိညာဥ်နှင့်မိစ္ဆာဝိညာဥ်ကို ခွဲခြားပိုင်းခြားပြီး၊ နှုတ်ကပါတ်တော်သမ္မာတရားကိုသာ နားထောင်၍ ပိုင်းခြားနားလည်တတ်သောသူများဖြစ်စေကြဖို့ရာ အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၄:၆
ငါတို့မူကား၊ ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ဘုရားသခင်ကိုသိသောသူသည် ငါတို့စကားကို နားထောင်တတ်၏။ ဘုရားသခင်နှင့် မစပ်ဆိုင်သောသူသည် ငါတို့စကားကိုနားမထောင်တတ်။ ထိုအရာကို ငါတို့သည်ထောက်၍၊ သမ္မာဝိညာဉ်ကို၎င်း၊ မိစ္ဆာဝိညာဉ်ကို၎င်း သိရကြ၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet