January 23, 2025

​ရေလှုပ်ရှားခြင်းသာ တမ်းတ​နေမိသူများ

တ​နေ့မှာ​တော့ ဗေ​သေသဒဆိုတဲ့​ ရေကန်နားကို ​ယေရှုခရစ်​တော်​ရောက်လာခဲ့တယ်။ ဒီ​ရေကန် ကနားပြင်နားမှာ လူ​ပေါင်းစုံရှိကြတယ်။ မျက်စိမမြင်သူ၊ ​ခြေမစွမ်းသူ၊ နာမကျန်းဖြစ်သူ​တွေ၊ စသဖြင့်​သောသူ​တွေ အသီးသီးရှိကြတယ်။ ဒီ​ရေကန်ကို ​ကောင်းကင်တမန်ဆင်းလာတဲ့အခါ ​ရေလှုပ်ရှားတတ်တယ်ဆိုတာကို ထိုသူ​တွေအကုန်သိတယ်။ ဒီလိုဖြစ်​နေချိန်မှာ ​ရေထဲကို ဆင်းနိုင်​သောသူသည် အနာ​ပျောက်တယ်လို့ ယုံကြည်ကြတယ်။ 

သို့​သော် တစ်ခု​တော့ရှိတယ် လူတိုင်းမသိကြတာက​တော့ ဘယ်အချိန်၊ ဘယ်​နေရာ၊ ဘယ်လိုအ​ခြေအ​နေမျိုးနဲ့ ​ကောင်းကင်တမန်​ရောက်လာမလဲ၊ ဘယ်​တော့များမှ ​ရေသည် လှုပ်ရှားမည်ကို​တော့ မည်သူတစ်ဦးတစ်​ယောက်မျှမသိကြ​ချေ။ သို့​သော် လူအုပ်ကြီးသည် ​မျှော်လင့်လျှက် ​စောင့်​နေကြသည်။ သခင်​ယေရှု ထို​နေရာသို့ ​ရောက်လာသည်ကိုပင် သတိထားမိဟန်မတူ။ 

ရှင်ယောဟန်ခရစ်ဝင် ၅:၃
ထိုကနားပြင်တို့၌ မျက်စိကန်း၊ ခြေမစွမ်း၊ ကိုယ်ပိန်ခြောက်သောသူတို့မှစ၍ အနာရောဂါစွဲသောသူ များအပေါင်းတို့သည် ရေလှုပ်ရှားခြင်းကို မြော်လင့်၍ နေကြ၏။ 

အဲဒီကနားပြင်မှာပဲ သုံးဆယ့်ရှစ်နှစ်လုံးလုံး ​ရောဂါခံစား​နေရသူတစ်ဦးရှိ​နေတယ်။ သူသည် လက်​ခြေ​သေ​သောသူ၊ ​ရေထဲဆင်းရန် အင်မတန် မဖြစ်နိုင်​သောသူ၊ ​သူ့ကိုသာ ​ကျော်ခွတက်သွားကြဟန်တူ​ပေသည်။ ထို့​ကြောင့် သူ့အ​ခြေအ​နေက ရေလှုပ်ရှားတိုင်းမှာ သူတပါးအရင် ဦးဦးသွားတတ်​လေ့ရှိ​ပေမယ့် ​ရေလှုပ်ရှားခြင်းကို ဆက်​တောင့်တ​နေတယ်။ 

ရှင်ယောဟန်ခရစ်ဝင် ၅:၆
ထိုသူသည် တုံးလုံးနေသည်ကို ယေရှုမြင်တော်မူ၍ ကြာလှပြီဟု သိတော်မူလျှင်၊ သင်သည် ကျမ်းမာခြင်းသို့ ရောက်လိုသလောဟု မေးတော်မူ၏။ 

​ယေရှုက သူ့ကို​ ကျန်းမာချင်သလားလို့ မေးတဲ့အခါမှာလည်း သူသည် အ​ဖြေမ​ပေး။ ကျန်းမာချင်သလား​မေး​သော ​မေးခွန်းသည် အင်မတတ်လွယ်လှ​သော်လည်း သူ့စိတ်နှလုံးသည် ​ရေလှုပ်ရှားခြင်းသာ စွဲလန်းသည်၊ ထို​ရေထဲဆင်းမှသာ သူ​ပျောက်မည်ဖြစ်​ပေသည်။ သို့​​သော် ရိုးရှင်း​သော ထို​မေးခွန်းသည် မည်သူမဆို "​ကျန်းမာချင်သလား​မေးရင် ကျန်းမာချင်ပါတယ်" လို့သာပြန်​ဖြေမည်မဟုတ်ပါလား။ "ကကြီးမှ အ" ပြန်လည်ရှင်းပြလိုက်​​သော အ​ခြေအ​နေကိုကြည့်ရင်ဖြင့် သူ့စိတ်နှလုံး​တောင့်တခြင်းသည် ​ရေလှုပ်ရှားခြင်းပင်ဖြစ်​ချေသည်။ ​ကျေးဇူး​​တော်​ကြောင့် သခင်​ယေရှုက သူ့ကို ကျန်းမာ​ခွင့်ပေးခဲ့သည်။ 

ရှင်ယောဟန်ခရစ်ဝင် ၅:၇
နာသောသူကလည်း၊ သခင်၊ ရေလှုပ်ရှားသောအခါ ရေကန်ထဲသို့ အကျွန်ုပ်ကို သွင်းထားမည့်သူမရှိပါ။ အကျွန်ုပ်သွားစဉ်တွင် အခြားသောသူသည် အကျွန်ုပ်ရှေ့မှာ ဝင်တတ်ပါသည်ဟု လျှောက်၏။ 

​ကျန်းမာခြင်းရဲ့အရှင်​ကို သတိမထားမိ​သော​ကြောင့်​လော၊ သခင့်ကိုမြင်​သော်လည်း လက်မခံချင်​သောကြောင့်​လော။ ဘာပဲဖြစ်ဖြစ် ရေလှုပ်ရှားခြင်းကိုသာ ​​တောင့်တ​နေကြ​သော လူအုပ်ကြီးဖြစ်​ပေသည်တကား။ ဒီလက်​ခြေ​သေ​သောသူ ကျန်းမာခြင်း ရသွား​သော်လည်း ပတ်ဝန်းကျင်မှ လူအုပ်ကြီးသည် သိပုံမရ၊ သူတို့အားကယ်တင်မည့်အရာသည် ​ရေလှုပ်ရှားခြင်းဟုထင်ပုံရသည်။ 

တခါတ​လေ ကျွန်​တော်တို့​ရော ဖြစ်တတ်သလားလို့​မေးရင် ဖြစ်တတ်တယ်လို့ဆိုရ​ပေမည်။ ​ရေလှုပ်ရှားခြင်းကဲ့သို့ အ​ပေါ်ယံသာ ကြည့်မိခြင်း၊ ​ရေလှုပ်ရှားခြင်းကဲ့သို့ တစ်စုံတစ်ခု တစ်ဦးတစ်​ယောက် အ​ခြေအ​နေတစ်ခုကသာ ကျွန်ုပ်တို့ကြုံ​တွေ့​နေရတဲ့ အဖြစ်အပျက် ပြဿနာတစ်ခုကို ​ဖြေရှင်းနိုင်မည်ဟုထင်မိခြင်း၊ အ​ပေါ်ယံသ​ဘော အ​ခြေအ​နေသ​ဘော​တွေကိုသာ မြင်မိ​​သောအချိန်​တွေ ရှိတတ်ကြပါတယ်။ မိမိလက်ရှိ ကြုံရ​သောအ​ခြေအ​​နေကို အရင်တခါက ဘယ်သူက ကိုယ့်ကိုကူညီတယ် ဒီတခါလဲ ထိုသူကို​မျှော်မိတတ်တယ်၊ သို့​သော် ဘုရားသခင်က ထိုသူကို ဒီတခါသုံးချင်မှသုံးမည် ​နောက်အ​ခြေအ​နေတမျိုးနဲ့ အသုံးပြုနိုင်သည်မဟုတ်ပါလား။ သို့​သော် ကျွန်​တော်တို့က ထိုသူကိုသာ တမ်းတမိ​နေတတ်ကြ​သေးသည်။ 

ဧလိယကို ကျီးအ​တွေနဲ့ အစာ​ကျွေး​သောဘုရားသည် ​နောက်တကြိမ်မှာ​​တော့ မုဆိုးမကိုမှာထားတယ်လို့ ဆိုပါတယ်။ ဧလိယက မြင်​နေရတဲ့ ကျီးကန်းကိုသာ ဆက်၍တောင့်တ​နေရင် ငတ်​မှာပါ၊ ဘုရားသခင်က သွားပါလို့ဆိုရင်​တော့ မုဆိုးမဆီ​ ​ရောက်​အောင်သွားဖို့လိုပါတယ်။ ဧလိယက မုဆိုးမဖြစ်လို့တို့ ငမွဲဖြစ်လို့ တို့ဆိုပြီး ကြေးများ​နေရင်လည်း ကိုယ့်​ဒေါသနဲ့ကိုယ်ပါ။ သို့​သော် ဘုရား​ရွေးချယ်​သော ကျီးအ​တွေ​ကျွေးတာသူစားတယ်၊ ဘုရားမှာထား​သော မုဆိုးမကို သူလက်ခံတယ်ဆိုတာ သင်ယူစရာဖြစ်ပါတယ်။ တကယ်​တော့ ကျီးကန်းဖြစ်​စေ၊ မုဆိုးမဖြစ်​စေ သူ့အမှု​​တော်အတွက် ဖြစ်​ပေသည်မဟုတ်ပါလား။ ဧလိယ၏လုပ်စရာသည် ကျီးအ​​တွေကိုမှာထားတယ် ​နေဆို​နေ၊ မုဆိုးမကိုမှာထားတယ် သွားဆိုသွား၊ ထိုအရာကို ဝန်ခံလိုက်​လျှောက်ရန်သာလိုသည်ဟု နားလည်ရသည်။ 

အချုပ်အားဖြင့်ဆိုရ​သော် ကနားပြင်မှာ ​စောင့်​နေ​သော လူအုပ်ကြီးက​တော့ ​ရေလှုပ်ရှားခြင်းကိုသာ​ တောင့်တတယ်၊ သခင့်ရဲ့ လုပ်​ဆောင်ခြင်းကို မမြင်လိုက်ရဘူး၊ တနည်းအားဖြင့် ​ရေကိုသာ အာရုံစိုက် နှလုံးသွင်း​နေမိ၍ ဘုရားသခင်ရဲ့လက်​​တော်ကို မ​တွေ့လိုက်ဘူး၊ ကျန်းမာခြင်းကို မရလိုက်သလို ​ရေမျက်နှာပြင်ကိုသာ ​မောပန်းစွာ ​စောင့်​​မျှော်​နေခဲ့ကြတယ်။ ​သေချာတာတစ်ခုက​တော့ ကာလအ​​တော်ကြာမှာဖြစ်တယ်။ သင်နဲ့ကျွန်ုပ်က​ရော ဘုရားသခင်ရဲ့ လုပ်​ဆောင်ခြင်းကို ​ကျော်လွန်ကာ ​ရေလှုပ်ရှားခြင်းကိုပဲ​ တောင့်တ​နေမိသလားဆိုတာကို ပြန်လည်ဆင်ခြင်ကာ သခင်​ယေရှု၏ လက်​တော်ကိုသာ ​မျှော်ကြည့်တတ်​သောသူ​တွေဖြစ်​စေဖို့ရာ ဘုရားသခင် သင့်နှလုံးသားကို စကား​ပြောပါ​စေ။ ဒီ​တော့ ​ကျွန်ုပ်တို့၏ ​မျှော်လင့်ခြင်းသည် ရေလှုပ်ရှားခြင်းလား ဘာလား။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next