November 26, 2026

နှလုံးထဲမှထွက်လာသည်

ကျွန်​တော်တို့၏ စိတ်ထဲတွင်ဖြစ်​စေ၊ ကိုယ်ထိလက်​ရောက်ဖြစ်​စေ ပြုမိကြတဲ့ အရာ​များစွာ ရှိ​တတ်ကြပါသည်။ ထိုအရာများကို ကျွန်​တော်တို့သိလည်းသိကြသည်။ သို့​သော် တခါတ​လေ​တွင် မိမိတို့၏ မသိစိတ်တွင် အပြစ်ဖြစ်သည်ကို သိ​နေပါ​သော်လည်း မိမိကိုယ်ကိုယ် လိမ်ညာမိကြသည်။ ဒါက ကိစ္စမရှိပါဘူး၊ ငါလုပ်ချင်လို့ မဟုတ်ဘူး၊ သူများလုပ်ခိုင်းတာပဲ ပြဿနာမရှိပါဘူး၊ သူတို့ကလုပ်တာကိုး စသဖြင့် မသိသလို​နေလိုက်မိသည်။ ​ယောသပ်သည် မိမိသခင်မ၏ သူနှင့်အတူအိပ်​စေရန် ​​စေခိုင်းခြင်း သွေး​ဆောင်ခြင်းများကို မနာခံခဲ့​ပေ။ ဘုရားသခင်အားပြစ်မှားခြင်းဖြစ်​စေမည်ကိုသိသည်၊ အပြစ်ကိုသိ​သော​ကြောင့် ထို​စေခိုင်းခြင်းမှ ​ထွက်​ပြေးခဲ့သည်။ ယ​​နေ့ ကျွန်​တော်တို့က​တော့ သူများ​စေခိုင်းခြင်း​ကြောင့် လုပ်သည်ဟုသာ လက်ညှိုးထိုးမိ​နေတတ်ကြ​သေးသ​လော။ 

လူအချို့က ထိုသို့ မိမိတို့ အပြစ်လုပ်​သော်လည်း မသိသလို​နေကာ ​အပြစ်မပြုမိသည့် ဟန်​ဆောင်ခြင်းကို လုပ်​ဆောင်​လေ့ရှိသည်။ ထိုအရာမျိုးသည် ဘုရားသခင်​ရှေ့၌ မျက်နှာ​ပြောင်ခြင်းမျိုးပင် မဟုတ်​ပေဘူးလား။ ဟာသအ​နေဖြင့်ကြည့်လျှင် စိန်​ရွှေ​ငွေ ခိုးမှ သူခိုးမဟုတ်ပါဘူး၊ ​အောက်ခံအဝတ်ခိုးလျှင်လည်း သူခိုးပါပဲဟုဆိုရမလို ဖြစ်​နေပါသည်။ "အီးတွင်းထဲသို့ ခုန်ဆင်းလဲ အီး​ပေပြီး နံမှာဖြစ်သလို၊ ​ခြေထိပ်​လေးသာ စိမ်လျှင်လည်း အီး​ပေသည်ဟု ဆိုရမလို နံလည်းနံ​ပေဦး​တော့ပါသည်။" 

ထို့​ကြောင့် မိမိတို့၏ စိတ်နှလုံးမှ ကြံစည်ခြင်းအားဖြင့် ပြုမူမိခြင်းမျိုးသည် ညစ်ညူး​စေတတ်သည်ကိုလည်း သတိပြုရ​ပေမည်။ မိမိ၏ အမှားကို သိလျှင် ဝန်ခံရမည်၊ ​နောင်တရကာ ပြန်လည် ဝန်ချသင့်သည်။ "မကောင်းသောကြံစည်ခြင်း၊ လူအသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကိုဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ၍" ဟု​တွေ့ရသကဲ့သို့ မိမိတို့ကိုယ်တိုင် လုပ်​ဆောင်တတ်ကြခြင်းသည် အင်မတန်မှ ရွံရှာဖွယ် ဒုစရိုက်အပြစ်​ပေတည်း။ 

ထိုအရာများသည် နှလုံးသားမှ ဆိုးညစ်ခြင်းကို အ​ခြေခံ၍ ဖြစ်​ပေါ်​လေ့ရှိသည်။ မိမိ၏ ​ဆာ​လောင် ငတ်မွတ်ခြင်းကို အ​ခြေခံ၍ ခိုးစားခြင်း လုစားခြင်း၊ မိမိ၏ အနိုင်ကျင့် ရိုက်နှက်ချင်စိတ်ကို အ​ခြေခံ၍ သူတပါးအား နာကျင်​စေရန် ပြုမူခြင်း၊ မိမိ၏ လူသတ်ချင်​သော တိရိစ္ဆာန်စိတ်ကို အ​ခြေခံ၍ လူသတ်မိခြင်း၊ မိမိ၏ ​လောဘစိတ်ကို အ​ခြေခံ၍ သူတပါးပိုင်ဆိုင်မှုကို လုယူခြင်း ဓါးပြတိုက်ခြင်း စသဖြင့်တို့ကို ပြုမူကာ ညစ်ညူး​စေတတ်သည်။ 

ထိုအရာများသည် သူတပါး၏ ​စေခိုင်းခြင်းနှင့် မဆိုင်​ပေ၊ အဘယ့်​ကြောင့်ဆို​သော် နှလုံးသားထဲတွင် ဓမ္မလမ်းစဥ်ရှိသည့် သမ္မာတရားကို ရထားသူသည် သူများ​စေခိုင်းတိုင်း ထိုသို့မလုပ်​​ဆောင်ကြသည်ကို သမ္မာကျမ်းစာသည်ပင်လျှင်သက်​သေတည်ပါသည်။ "နှုတ်ကပတ်​တော်သည် မလိမ္မာ​သောသူကို လိမ္မာ​စေသည်" ဟုဆိုသည့်အတိုင်း အသက်တာတွင် ဘုရားရှိသူတိုင်းသည် ထိုအဓမ္မလမ်းစဥ်တို့ကို ​​ရှောင်ကျင်ကာ ဓမ္မလမ်းစဥ်အတိုင်းသာ ​လျှောက်လှမ်းကြ​ပေသည်မဟုတ်ပါလား။ ထို့​ကြောင့် ထိုညစ်ညူးသည့်လမ်းစဥ် အပြုအမူ အကျင့်အကြံများသည် ဓမ္မလမ်းစဥ်နှင့် ဆန့်ကျင်ကာ၊ ငြိမ်းချမ်း​သော လူ့ကျင့်ဝတ်တို့နှင့်လည်း မအက်စပ်ကြ​ပေ။ 

ရှင်မဿဲခရစ်ဝင် ၁၅:၁၈
  ခံတွင်းမှထွက်သောအရာမူကား၊ နှလုံးထဲက ထွက်လာ၍ လူကိုညစ်ညူးစေသောအရာဖြစ်၏။ 

ထို့​ကြောင့် ကျွန်ုပ်တို့၏ နှလုံးသားများကို ဆန်းစစ်ကြပါစို့။ ယ​နေ့ညစ်ညူး​သောအရာများဖြစ်သည့် ခိုးယူခြင်း၊ လုယူခြင်း၊ သူ့အသတ်သတ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ မတရားယူခြင်း စသဖြင့်​အမျိုးမျိုး​သော ဒုစရိုက်အပြစ်များကို သူတပါး​စေခိုင်းခြင်း​ကြောင့်မဟုတ်ပဲ မိမိ၏ စိတ်နှလုံးမှလုပ်ချင်​သော​ကြောင့်ဟု သိမှတ်ပါ​စေ။ အပြစ်ကိုသိလျှင် ဝန်ချပါ၊ ​နောင်တရပါ။ ဘုရားသခင်သည် ထိုအပြစ်များကိုလည်း ခွင့်လွှတ်သကဲ့သို့ ထိုအရာများ၏ ချည်​နှောင်ခြင်းမှလည်း လွတ်​မြောက်​စေပါဦးလိမ့်မည်ဟု အနည်းငယ် တိုက်တွန်းခွန်အား​ပေးချင်ပါတယ်။ ထို့​ကြောင့် "ယ​နေ့ သင့်ကို ပြန်လာရန် ဘုရားသခင် အလိုရှိသည်" ဟုသာ သတင်း​ကောင်း​လေးပါးရင်း ... 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next