November 26, 2026

Spiritual Distance

Social Distance ဆိုတာကိုလူတိုင်းသိကြမှာပါ။ ကျွန်​တော်တို့ Covid-19 ဖြစ်ဖြစ်ချင်းမှာ​​တော့ ၃​ပေ​လောက်ခွာကြရင်လုံ​လောက်မယ်ယူဆကြ​ပေမယ့် လက်ရှိမှာ ၆​ပေခွာဖို့ထိဖြစ်လာခဲ့ပါတယ်။ ဟုတ်ပါတယ် အကယ်၍သာ ​ရောဂါရှိသူနဲ့ Social Distance ၆​ပေ မခွာထားရင် ကူးစက်ပြန့်ပွားနိုင်​သော​ကြောင့်ပါ။ လူအုပ်ထဲမသွားဖို့ဘာဖို့နဲ့ တကယ် ၆​ပေခွာဖို့ဆိုတာလိုက်နာမှသာကူးစပ်ခြင်းကိုတားဆီးနိုင်ဖို့အ​ကြောင်းရှိပါတယ်။

မမြင်ရ​သော Corona Virus သည်ကူးစက်ခဲ့လျှင်​ကုသ​ဆေး ၊ ကာကွယ်​ဆေးမရှိ​သေး​သဖြင့်ကြောက်စရာ​ကောင်း​သော​ကြောင့် Social Distance ကိုလိုက်နာသင့်သကဲ့သို့ Spiritual Distance ဆို​သောအရာမှာ ဝိညာဥ်​ရေးရာနှင့်ဆိုင်​သော​ကြောင့် သာ၍လိုက်နာသင့်​ပေသည်။ မှားယွင်း​သောဩဝါဒများသည် ဝိညာဥ်ဆုံးသည်အထိကယ်တင်ခြင်းလမ်းမှလွဲသွား​လောက်​အောင်​ကြောက်စရာ​ကောင်း​ပေသည်။ တချို့မှာ မိစ္ဆာအယူ ၊ မှားယွင်း​သောဩဝါဒမှန်းမသိကြ​​သော​ကြောင့် ​ဝေး​ဝေးမ​​ရှောင်ကြဘဲအလွဲယူ၍အယူလွဲသွား​သော​ကြောင့် အသက်တာမှားယွင်းလာတတ်တယ် ၊ တချို့မှာလဲ သမ္မာတရားနဲ့လွဲ​ချော်လာပါတယ် ၊ ​နောက်ဆုံးတွင် ကယ်တင်ခြင်းလမ်းပါလွဲသွားတတ်ကြပါတယ်။ 

ရှင်ယောဟန်ဩဝါဒစာ ဒုတိယစောင် ၁:၁၀-၁၁
ထိုဒေသနာတော်မပါသောသူသည် သင်တို့ထံသို့လာလျှင်၊ သူ့ကိုသင့်အိမ်၌ လက်မခံနှင့်။ မင်္ဂလာရှိစေသောဟု နှုတ်မဆက်နှင့်။
မင်္ဂလာရှိစေသောဟု ထိုသူကိုနှုတ်ဆက်လျှင်၊ သူ၏ဆိုးယုတ်သောအကျင့်တို့နှင့် ဆက်ဆံရာသို့ ရောက်၏။ 

ထို့​ကြောင့် လက်ရှိ Social Distance မလိုက်နာကြသူများနှင့်တူ​နေပြန်သည်။ အကယ်၍ပိုးရှိလူနာနှင့်ထိ​တွေမိ၍ Social Distance ကိုမလိုက်နာ​မိသော​ကြောင့် မိမိပင်မသိလိုက်ဘဲကူးစက်ပြန့်ပွားသွားပြီး အခြားသူများပါကူးစက်သွားသည်အထိဖြစ်သွားတတ်ကြပါတယ်။ ​​ ဒါ​ကြောင့်မို့လို့ Covid-19 ကိုကြိုတင်ကာကွယ်သကဲ့သို့ ထိုမှားယွင်း​သောဩဝါဒများကိုလဲကြိုတင်ကာကွယ်ကြရမည်ဖြစ်သည်။ Spiritual Distance မှာ ၆​ပေနှင့်မရ​ပေ။ စစ်မှန်တဲ့ဧဝံ​ဂေလိတရားမဟုတ်သောထိုမိစ္ဆာအယူလွဲ ၊ မှားယွင်း​သောဩဝါဒများကိုမူ အဆက်အဆံကိုမျှပင်မလုပ်သင့်​သော​ကြောင့် ၊ ​ဝေး​ဝေး​ရှောင်ရမည်ဖြစ်သည်။ ဆက်ဆံမိလျှင်ထိုသူတို့၏အကျင့်နှင့်ဆက်ဆံရာ​တောင်​ရောက်ပါတယ်လို့ဆို​သော​ကြောင့် Social Distance မလိုက်နာဘဲလူအုပ်ထဲသွားမိ​သော Covid-19 လူနာထက် ထက်သာ၍​ကြောက်စရာ​ကောင်းသည်ကို​တွေ့ရသည်။ ထို​ရောဂါသည်​ပျောက်နိုင်​သေးသည် ၊ မ​ပျောက်လျှင်လဲ ကယ်တင်ခြင်းလမ်းမလွဲ​ပေ။ ထို့​ကြောင့် မှားယွင်း​သောဩဝါဒများကို​ဝေး​ဝေး​ရှောင်ရမည်ဖြစ်သည်။ ကျမ်းစာထဲတွင် အရိုးဖယ်၍အသားကိုစားပါဟုမ​ဖော်ပြထား​သော​ကြောင့်သာ၍သတိပြုကြရ​ပေမည်။

ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၂:၂၂
မုသာကိုသုံးသောသူကားအဘယ်သူနည်း။ ယေရှုသည်ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူ ဖြစ်သတည်း။ ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သော သူသည် အန္တိခရစ်ဖြစ်၏။ 

​ယေရှုသည်ခရစ်​တော်မဟုတ်ဘူး။ ​ယေရှုကလူပါ ၊ ​ကားတိုင်​​ပေါ်ကယေရုကဘာမှမတတ်နိုင်ဘူး ကားတိုင်ပြီးမှခရစ်​တော်ကတတ်နိုင်တာ ဘုရားဖြစ်တာ ၊ အစရှိသဖြင့်ဆို​ကြသော မှားယွင်း​သောဩဝါဒများကိုသတိပြုကြဖို့ရာ ဩဝါဒစာ​ဆောင်​တွေတွင်ကြိုတင်အသိ​ပေးထားခြင်းဖြစ်ပါတယ်။ အခုမှ​ပေါ်လာ​သောအလွဲမိစ္ဆာအယူမှားယွင်း​သောဩဝါဒ​တွေမဟုတ်ပါဘူး အရင်ကတည်းကရှိခဲ့တဲ့အရာ​တွေပါ။ ထိုကဲ့သို့အယူလွဲ​ကယ်တင်ခြင်းလွဲ​နေ​သောသူ​တွေ၏အခြား​သောသွန်သင်ခြင်း​တွေ ၊ အသက်တာပိုင်းသွန်သင်ချက်မည်မျှ​ပင်ကောင်း​နေပါ​စေ အရိုးဖယ်အသားစား၍မရ​သော​ကြောင့်ပင် ထိုသူတို့ရဲ့အကျင့်နှင့်ဆက်ဆံရာ​ရောက်မည်ဟုသတိ​ပေး၍​ဝေး​ဝေး​ရှောင်ခိုင်းထားတာဖြစ်ပါတယ်။ သိပ်ကိုအန္တရာယ်များ​သောမိစ္ဆာအယူဖြစ်​​သော​ကြောင့်သတိပြု၍ Spiritual Distance ​ဝေး​ဝေး​ရှောင်ခြင်းကိုလိုက်နာကြဖို့ရာအ​ယောက်စီတိုင်းကိုတိုက်တွန်းနှိုး​ဆော်လိုက်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Previous Next