ယတြာ
ရှေးခေတ်အဆက်ဆက်မှာ အစီအမံ၊ အစီအရင် စသည့်အရာများသည် ရှိခဲ့ကြသည်။ ထိုအရာများကို လက်ခံယုံကြည်၍ စွဲလန်းနေကြသူများမှာလည်း ယနေ့တိုင် ရှိနေကြသည်ကိုလည်း မြင်တွေ့ရပါသည်။ အချို့သောသူများကလည်း ထိုအရာများကို အင်မတန်အားကိုးတတ်ကြသည်။
"ယတြာကောင်းရင် မင်းလောင်းဖြစ်တယ်" ဆိုသော စကားပုံအတိုင်း ထိုယတြာ၏ အစီအမံ၊ အစီအရင်တွေကို လုပ်ကိုင်၍ တတ်စွမ်းသလောက်ကြိုးစားကြပေသည်။ တနည်းဆိုရရင်လည်း အားကိုးခြင်းဟုခေါ်ဆိုနိုင်သည်။ မိမိမတတ်နိုင်၊ မလုပ်နိုင်တော့ဘူးဟု ယူဆ၍လည်း ထိုအရာများကို အားကိုးမိခြင်းဖြစ်သည်မှာလည်း ငြင်းဆိုမရပေ။ တနည်းဆိုရသော် အဆင်ပြေနေတယ်၊ ကောင်းစားနေတယ်၊ အရာရာအိုကေမှာစိုပြေနေတယ်ဆိုရင်တော့ အားကိုးရန်မလိုဘူး မဟုတ်ပေဘူးလား။ ဒါ့ကြောင့် အများသောအားဖြင့် ဝါသနာရှင်မှအပ အချို့များတို့သည် ခက်ခဲ၍ မိမိမတတ်နိုင်သောကြောင့် အားကိုးရှာခြင်းဟု ထင်ရပါသည်။
အလုပ်အဆင်ပြေအောင် ယတြာချေ၊ ကျန်းမာရေးအတွက် ယတြာ၊ ပိုက်ဆံဝင်အောင် ယတြာ၊ အချစ်ရေးအတွက် ယတြာ၊ ယောကျာ်းစကားနားထောင်အောင် ယတြာ၊ စာမေးပွဲအတွက် ယတြာ၊ ဘာယတြာ ညာယတြာ စသဖြင့်များစွာသော ယတြာတွေကို ချေတတ်ကြသည်။ ဟုတ်မှန်သွားသော အရာများလည်းရှိသလို မှားသွားတဲ့အရာများလည်းရှိသည်၊ တနည်းဆိုသော် အဆင်မပြေသွားတဲ့ အရာများလည်းရှိသည်ဟုဆိုကြရပေဦးတော့မည်။ ယတြာကတော့ ကောင်းပါရဲ့ ကံကမလိုက်တော့လို့ဆိုတာမျိုးကိုလည်း ယုံကြည်တတ်ကြသည်မဟုတ်ပါလား။
ရောမဩဝါဒစာ ၅:၈
ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။
လူတွေက လက်ရှိတစ်ဘဝအတွက် မျိုးစုံယတြာတွေကို ချေနေကြပါသော်လည်း အဆင်ပြေသွားတာရှိသလို၊ အဆင်မပြေသွားတာတွေလည်းရှိပါတယ်။ နောက်တစ်ဘဝ တမလွန်အတွက်တော့ ထိုယတြာအသုံးမဝင်ချေ။ ဘယ်သူမှလည်း နောက်ဘဝအတွက် ယတြာဆိုတာမျိုးမလုပ်ပေးနိုင်သလို တမလွန်အတွက် အာမလည်းမခံနိုင်ပါ။ သို့သော် သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ လူသားများအတွက် လက်ဝါးကားတိုင်ပေါ်တွင် အပြစ်ကြွေးဆပ်ပေးကာ ယတြာချေပေးခဲ့သည်။ ထိုယတြာသည် လူသားအားလုံးအတွက် ဖြစ်သည်။ လူမဲ လူဖြူ၊ ဆင်းရဲသား သူဌေးသား၊ ပညာမတတ်သူရော တတ်သူရော စသဖြင့် လူကြီးလူငယ် အကုန်လုံးအတွက် အကျုံးဝင်သည်။ လူသားများကို ချစ်သောကြောင့် အပြစ်ကို ကိုယ်စားခံကာ အသွေးသွန်း အသက်တော်ကို စွန့်ကာ ကားစင်တက်ခဲ့၍ ယတြာချေပေးဆပ်ခဲ့ခြင်းမဟုတ်ပါလား။ လူကပေးချေခိုင်းသော ယတြာကို လုပ်ဆောင်၍ အဆင်မပြေခြင်းကို ကြုံတွေ့ရတတ်သော်လည်း သခင်ယေရှုလုပ်ပေးခဲ့သော ယတြာကတော့ တမလွန်အတွက် အာမခံနိုင်သည်။ ဘယ်တော့မှ မလွဲချော်သော ယတြာပင်ဖြစ်ချေသည်။
ခက်ခဲနေချိန်မှာ လူတွေက အားကိုးရှာတတ်ကြတယ်၊ ဗေဒင်တွေ ယတြာတွေ စသဖြင့် အားကိုးကြပြန်တယ်။ ဒီလိုအားကိုးတတ်ကြပါသော်လည်း ဘုရားသခင်ကို အားကိုဖို့ရန် မေ့နေတတ်ကြပြန်တယ်။ တမလွန်ဘဝအတွက်လည်း ဘယ်သူ့ကိုမှ အားကိုးလို့မရသလို၊ ဘယ်သူမှလည်း ယတြာမလုပ်ပေးနိုင်ပါ။ သို့သော်လည်း သခင်ယေရှုခရစ်တော်ကတော့ သင့်အတွက် ယခုဘဝရော နောင်ဘဝအတွက်ပါ စစ်မှန်သော အားကိုရာ စစ်မှန်သော ခိုလှူံရာဖြစ်ပါတယ်။ သင်ကိုယ်တိုင်ရော ဘယ်သူမှမသိနိုင်တဲ့ တမလွန်လမ်းအတွက် ယေရှုခရစ်တော်က ယတြာချေပေးဆပ်ခဲ့ပြီးပြီဖြစ်သောကြောင့် သင်လက်ခံလိုက်ရုံပဲဖြစ်ပါတယ်။ လူပေးသော ယတြာတွေကို လုပ်ကြသေးတာပဲမို့ ဘုရားချေပေးသော ယတြာကို သာ၍ လက်ခံသင့်တယ်မဟုတ်ပါလား။ ဒါ့ကြောင့် သင်ချေနေသော ယတြာတွေထက် သာ၍တိကျတဲ့ အကောင်းဆုံးဖြစ်ပြီး စစ်မှန်သော အာမခံပေးနိုင်တဲ့ ယတြာသည် တစ်ခုတည်းရှိတယ်ဆိုတဲ့သတင်းကောင်းလေးကို ပါးလိုက်ချင်ပါတယ်။
ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် မိတ်ဆွေက သခင်ယေရှုခရစ်တော်ကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet