November 26, 2026

ဘုရားသခင်ကိုပြစ်မှာ​စေမိမှာ​ကြောက်သ​လော

ကား​မောင်းသွားရင်းနဲ့တံတား​ပေါ်ကအဆင်း ​ရှေ့တစ်​နေရာအ​ရောက်မှာ လမ်းကျဥ်းသွား​သော​ကြောင့် ကားလမ်းအတွက် နှစ်လမ်းရှိ​ပေမယ့် တံတားဆင်းဆင်းခြင်းကို လမ်းယူမရ​ပေ။ ထို့​ကြောင့်​ရှေ့ကား​နောက်တွင် ​မှေးရပ်၍ ​ဖြေး​ဖြေးကပ်လိုက်ပါတယ်၊ မျက်နှာချင်းဆိုင်လမ်းတွင် ကားရှင်း​သော်လဲ တံတားဆင်းဆင်းခြင်းဖြစ်​​စေ၊ တံတား​ပေါ်တွင်ဖြစ်​စေ​ကျော်မတတ်ရ​ဆို​​သော လမ်းစည်းကမ်းရှိသည်။ ထို့အပြင်ထိုလမ်းက မျဥ်းပတ်ဖြစ်​သော​ကြောင့် ပို၍လမ်းကို ခွခွင့်မရှိ။ ကျွန်​တော့်ကားကို ဟွန်းတီး၍ ​ကျော်​တက်​စေချင်​သော်လည်း ကျွန်ုပ်တုပ်တုပ်မျှမလှုပ်​ပေ အဘယ့်​ကြောင့်ဆို​သော် လမ်းစည်းကမ်းကိုသိ၍ပင်ဖြစ်သည်။ သိရုံသိလို့မရ လိုက်​နာရ​သေး၏၊ သိတယ် သို့​သော် လမ်းရှင်းလို့လုပ်တာဆိုတာမျိုးလဲ မဖြစ်ရ​ပေ။

ဒါဟာလမ်းစည်းကမ်းပဲရှိပါ​သေးသည်။ မိမိရဲ့စိတ်နှလုံးထဲတွင် ဘာထည့်ထားတာလဲဆိုတာသည် သိပ်ကိုအ​ရေးပါလှသည်။ တခြားကား​မောင်းတဲ့သူ​တွေလို လစ်ရင်လုပ်လို့ရတယ်၊ လူတချို့က ရဲမရှိရင်ခိုးလို့ရတယ်၊ ဥပ​ဒေမရှိရင် လူသတ်လို့ရတယ် ဆိုတာမျိုးဖြစ်​နေပါသလား။ မိမိရဲ့ ဒုစရိုက်ပြုခြင်း မပြုခြင်းသည် ထိုကဲ့သို့အ​ခြေအ​နေ​ပေါ် မူတည်​နေတာလား၊ ထိုကဲ့သို့ သွန်သင်ထားခြင်းကိုခံ​နေရတာလား ဆိုတာကိုဆင်ခြင်ကြည့်ပါ။ မိမိက လူတစ်​ယောက်ကိုကြည့်မရလို့ မကြိုက်လို့ သတ်ချင်တယ်ဆိုကြပါစို့။ သို့​သော် ဘာလို့မသတ်လဲဆိုရင် မိမိရဲ့ မိဘ၊ ညီကို​မောင်နှမ၊ သူငယ်ချင်း​တွေကို ချစ်လို့၊ ဥပ​ဒေကရှိ​နေလို့၊ တရားစီရင်လို့ ​ထောင်ကျရင် ထိုချစ်ရသူ​တွေနဲ့ ခွဲခွာရမည်စိုး၍​လား ဆိုတာဟာ သင်ကိုယ်တိုင် ဆင်ခြင်ရမည်။
ဥပ​ဒေလိုက်နာရမည်၊ ထိုသူ​တွေကိုလဲ ချစ်ရမည် မှန်ပါသည် သို့​သော် ထိုအရာ​တွေ​ကြောင့် ဘုရားသခင်ကို ပြစ်မှားမှာစိုးလို့ မဟုတ်တာသည် လွဲမှား​နေသည်။
​ယောသပ်က​တော့ သခင်ရဲ့မယားကို ဥပ​ဒေ​ကြောက်လို့၊ လူ​တွေကိုချစ်လို့ဆိုပြီး အပြစ်မပြုတာမဟုတ်​ဘဲ ငါဘယ်လိုများ ဘုရားသခင်ကို ပြစ်မှားနိုင်မှာလဲလို့သာဆိုတာကို​တွေ့ရပါတယ်။ သင့်ကိုနားလည်နိုင်ဖို့ရာ ဘုရားရှင်​ကောင်းကြီး​ပေးပါ​စေ။

ကမ္ဘာဦးကျမ်း ၃၉:၉
ဤအိမ်တွင်လည်း ကျွန်တော်ထက်သာ၍ ကြီးသောသူမရှိပါ။ ကိုယ်မယားဖြစ်သော သခင်မမှတစ်ပါး အဘယ်အရာကိုမျှ ကျွန်တော်အားမမြစ်တားပါ။ သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင်၏မယားကိုငြင်း၍ ပြန်ဆို၏။

ဆာလံဆရာက​တော့ ကိုယ်​တော်ကို မပြစ်မှားဘဲ ​နေမည်အ​ကြောင်း ဗျာဒိတ်​တော်ကို နှလုံးထဲမှာ သိုထားတယ်လို့ဆိုပါတယ်။ ကျွန်ုပ်တို့သည် ဘယ်အမှုကိုပြုပြုဘုရားသခင်မသိတဲ့အရာ မရှိပါ။ တစ်ခုခုလုပ်မယ် ဒါဘုရားသခင်ကြိုက်သလား မကြိုက်သလား၊ ဘုရားဘုန်းထင်ရှားမလား၊ ဘုရားသခင်နှစ်သက်​သောအမှုလား၊ ဘုရားသခင်ကို ပြစ်မှား​စေမယ့်အရာလားဆိုတာ​တွေကိုသာ အဓိကထားရမည်ဖြစ်သည်။ အကယ်၍သာ ဘုရားသခင်ကိုပြစ်မှားရခြင်းထက် သင့်ရဲ့ အပြစ်ပြုခြင်းသည် ဥပ​ဒေတို့ အခြား​သောအရာ​တွေကို​ကြောက်လို့ဆိုတာသည် လွဲမှား​နေ​သော ကိုးကွယ်ခြင်းနှင့် သွန်သင်ခြင်း​တွေဖြစ်​နေပါ​သော​ကြောင့် ကိုယ်​တော်ကို မပြစ်မှားဘဲ ​နေမည်အ​ကြောင်း ဗျာဒိတ်​တော်ကို သင့်နှလုံးသားထဲမှာ သိုထားဖို့ရန်လိုပါတယ်လို့ အနည်းငယ်​ဝေမျှတိုက်တွန်းချင်ပါတယ်။

ဆာလံကျမ်း ၁၁၉:၁၁
ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Previous Next