January 15, 2025

နှုတ်ဆက်၍ ကြိုဆိုခြင်း

ဒီ​နေ့သည် ၂၀၂၀ ရဲ့ ​နောက်ဆုံး​သော​ လဖြစ်သလို ​နောက်ဆုံး​​သော နေ့ရက်လည်း ဖြစ်ပါတယ်။ သင်လက်ခံသည်ဖြစ်​စေ လက်မခံသည်ဖြစ်​စေ ထို​နေ့ရက်သည် ​နောက်ဆုံး​သော​​နေ့ရက်ဖြစ်လို နှုတ်ဆက်ခဲ့ရမယ့်​နေ့ရက်ဖြစ်တယ်။ ၂၀၂၀ ကို သင်ဘယ်လိုပုံစံမျိုးနဲ့ထားခဲ့ချင်သလဲဆိုတာက​တော့ သင့်ရဲ့ ​ရွေးချယ်မှု​ပေါ်မူတည်မှာဖြစ်တယ်။ 

အရင်နှစ်​တွေမှာ​တော့ "Count Down" ​တွေ "Party" ​တွေ "EDM" ပွဲ​​တွေစသဖြင့် အမျိုးမျိုးရှိကြတယ်။ ဒီနှစ်မှာ​တော့ အ​ကြောင်းကြောင်း​ကြောင့်မရှိခဲ့သလို၊ အခြား​သော အစုအ​ဝေး​လုပ်ခြင်း​တွေ မရှိကြ​တော့ဘူးဖြစ်တယ်။ အချို့ကလည်း အိမ်မှာ​နေရင်းနဲ့ နှစ်သစ်ကိုကြိုမယ်၊ TV ကလာတဲ့ ပွဲ​​တွေကို တိုက်ရိုက်ကြည့်ပြီးဖြတ်သန်းကြမယ့်သူ​​တွေရှိသလို၊ အချို့ကလည်း ဘီယာ​လေးနဲ့​စောင့်ကြိုမယ်၊ အချို့ကျပြန်​တော့ အပြင်းစား​လေး​​တွေနဲ့၊ စသဖြင့် အမျိုးမျိုး​သော ပုံစံ​တွေနဲ့ နှစ်သစ်ကို​စောင့်ဆိုင်းကြမယ့်​နေ့ရက်ဖြစ်တယ်ဆိုရင်လည်း မမှားပါဘူး။ 

နှစ်​ဟောင်းကို နှုတ်ဆက်ရင်း နှစ်သစ်ကိုကြိုဆိုခြင်းလို့ဆိုရ​လောက်​အောင် ပထမဆုံးစာမျက်နှာနဲ့ ​နောက်ဆုံးစာမျက်နှာ ချစ်ကြည်​ရေးပွဲ​ပေါ့။ မိတ်​ဆွေက​ရော ဘယ်လို နှုတ်ဆက်ပြီး ဘယ်လိုကြိုချင်ပါသလဲ။ 

ခရစ်ယာန်များသည်ပင်လျှင် ​သမ္မာသတိမေ့​လျော့ကြကာ ​သောက်စား​ပျော်ပါးခြင်းနှင့် နှစ်​ဟောင်းကိုနှုတ်ဆက်တတ်ကြပြီး မူးယစ်ခြင်းနှင့်သာ နှစ်သစ်ကို ကြိုဆိုမိတတ်ကြ​ပေသည်။ ထိုအရာသည် အလင်းဟုဆို​သော ဆားဟုတင်စားအပ်​သော ယုံကြည်သူများ၏ လုပ်ရပ်​လော။ 

ထိုသို့မဟုတ်​ပေ။ ယုံကြည်သူများသည် ​ကျေးဇူး​တော်များကိုသာ ပြန်လည်​ရေတွက်ရင်း ချီးမွမ်းခြင်းနှင့်သာ ထိုနှစ်​ဟောင်းကို နှုတ်ဆက်သင့်​ပေသည် မဟုတ်​ပေဘူးလား။ ​နောက်လာမည့်နှစ်သစ်အားလည်း ​ကျေးဇူးချီးမွမ်းခြင်းယဇ်နှင့်တကွ မိမိတို့၏ အသက်တာကို တင်လှူပူ​ဇော်ကာ နှစ်သစ်ကိုကြိုဆိုကြရ​ပေမည်မဟုတ်ပါလား။ 

ဆာလံကျမ်း ၁၀၈:၃
အို ထာဝရဘုရား၊ ပရိတ်သတ်အလယ်၌ ကိုယ်တော်ကို ချီးမွမ်းပါမည်။ လူမျိုးတို့တွင် ကိုယ်တော်အား ထောမနာသီချင်း ဆိုပါမည်။ 

ဒါ့​ကြောင့် ​ကျေးဇူးချီးမွမ်းခြင်းယဇ်ကို ပူ​ဇော်​သောသူက ငါ့ရဲ့ဘုန်းကိုထင်ရှား​စေတယ်လို့ဆိုသကဲ့သို့ ​ခံစားခဲ့ကြရတဲ့ ကျေးဇူး​​တော်များကို ပြန်လည်​ရေတွက်ရင်း နှစ်​ဟောင်းကို နှုတ်ဆက်ကာ နှစ်သစ်အားကြိုဆိုကြပါစို့လား ချစ်​သော ညီကို​မောင်နှမတို့။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next