November 26, 2026

နာကျင်မှုများအား ရင်ဆိုင်ရခြင်း - အပိုင်း ၆

 

ထိုသို့သော ဒဏ်ရာအသီးသီး၊ ဆင်းရဲဒုက္ခအသီးသီး (Suffering) တို့သည် "Fallen World" ဟုဆိုရအံ့သော အာဒံ၏ အပြစ်ကြောင့် ကျဆုံးခဲ့သည့် ကမ္ဘာကြီး၌ မိမိအပြစ်ကြောင့်ဖြစ်စေ၊ တပါးသူ၏ အပြစ်ကြောင့်ဖြစ်စေ ကြုံတွေ့ခံစားရတတ်သည့် အဖြစ်ဟုဆိုရလျှင်လည်း မှားမည်မထင်ပါ။ ထိုအာဒံမှလာသောအပြစ်တို့သည်လည်း မိမိတို့အား အပြစ်ပြုစေရန်ဖြစ်စေတတ်ကာ ထိုအပြစ်တို့မှလည်း ဒဏ်ရာအသီးသီးတို့ကို ဖော်ဆောင်လေ့ရှိပြန်သေးသည်။

ထိုကာလအချိန်တိုင်းသည် (Trusting God) ဘုရားသခင်အားသာ ယုံကြည်ကိုးစားရန် လွန်ဆွဲရသောကာလတစ်ခု ... အဆုံးရောက်လုသည့် အချိန်၊ ခွန်အားမဲ့ရာကာလ၊ စိတ်ပျက် နွမ်းနယ်နေရပါသော်လည်း ဘယ်အရာနှင့်ရှေ့ဆက်မည်လဲဟူသည့် ရွေးချယ်ရသည့်အချိန်မျိုးပင် ...

"ဒုက္ခဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစုတတ်၏၊ သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို ပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည်လည်း မြော်လင့်ခြင်းကို ပြုစုတတ်၏" ဟူ၍ ကျမ်းစာလာသည်အတိုင်း ထိုဒဏ်ရာတို့သည် လက်ရှိကာလ၌ အင်မတန် နာကျင်ခံစားရသော်လည်း ထိုကာလ၏အလွန်တွင် (မိမိအတွက်သော်လည်းကောင်း သူတပါးအတွက်သော်လည်းကောင်း) ကောင်းဖို့ရာလည်း ရှိနိုင်သည်မှာ "ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်" ဟု နှုတ်ကပတ်တော်၌လာ၏။

"ယေရှုကလည်း၊ ကိုယ်အပြစ်ကြောင့်မဟုတ်။ မိဘအပြစ်ကြောင့်လည်းမဟုတ်။ ဘုရားသခင်၏အမှုတော်ကို သူ၌ ထင်ရှားစေမည်အကြောင်းတည်း။" ဟူ၍ တပည့်တော်တို့အားဆိုခြင်းသည်လည်း နာကျင်စွာခံစားနေရသော ဒဏ်ရာများသည် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားခြင်းအတွက်လည်းအပါအဝင် ...

ထိုသူတို့သည် မိမိတို့နည်းတူ ကိုယ်စီ ဒဏ်ရာများလည်း ရှိကြသကဲ့သို့ ထိုဒဏ်ရာများ၌လည်း ရာဇဝင်များ ကိုယ်စီကိုယ်စီဖြင့် ရှေ့သို့ ဆက်ခဲ့ကြသူများပင်ဖြစ်သည်။

------- ဆက်ရန် -------

#Titus_KyawNyi 

Photo Crd: Internet

Previous Next