January 15, 2025

သင်​ ​ယေရှုနဲ့​​တွေ့ခဲ့ပြီးပြီလား

တွေ့ဆုံခြင်းများစွာသည် လူတစ်ဦး၏ ဘဝအတွက် အ​ရေးပါလှသည်။ ငယ်စဥ်က​လေးဘဝကတည်းမှ မိဘများ၏ သွန်သင်ခြင်းသည် အ​ပေါင်းအသင်းကြည့်​ပေါင်းရန်၊ လူ​ပေါင်းမမှား​စေရန်၊ ​ရှောင်သင့်သူ ​ရှောင်ရန်၊ ​တွေ့သင့်သူသာ​တွေ့ရန် သင်ကြားတတ်ကြ​ပေသည်။ 

အချို့မှာလည်း မိတ်​ဆွေ အ​ပေါင်းအသင်းများအ​ပေါ် မူတည်၍ ဘဝတွင် ​ကောင်းစားသွားတတ်ကြသည်။ အချို့မှာလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်ကာ လမ်းလွဲသွားကြသည်။ စီးပွား​ရေး​လောကတွင်​တော့ ပါတနာ​ကောင်း​တွေ့၍ သာ၍ စီးပွားဖြစ်ကြသည်၊ ရှယ်ယာတက်သွားသည် ​အောင်မြင်သည်။ အချို့ကျပြန်​တော့ ကျရှုံးကြရပြန်​လေသည်။ 

အချို့မှာ​တော့ မိမိအား တက်လမ်းဖြစ်​စေမည့် သူများကိုသာ ​တွေ့ဆုံ​ပေါင်းသင်းတတ်ကြသည်။ ထိုသို့ ​တွေ့ဆုံ​ပေါင်းသင်းခြင်းများသည် လူတစ်ဦး၏ အသက်တာအတွက် အင်မတန်အ​ရေးကြီး​သော အခန်းကဏ္ဍအဖြစ် မှတ်ယူတတ်ကြသည် မဟုတ်ပါလား။ 

သမ္မာကျမ်းစာတွင်ကြည့်လျှင် ​တွေ့ဆုံခြင်း​ပေါင်းများစွာ ရှိသည်။ ထိုအထဲတွင် အကျိုးနည်းလျှက်ရှိနေကြသူများကို ​ဆင်ခြင်ကြည့်မယ်ဆိုရင်ဖြင့် ... 

၁) လက်​ခြေ​သေသူ
၂) နူနာစွဲသူ
၃) မျက်စိကန်းသူ
၄) ​သေ​သောသူ
၅) နတ်ဆိုးစွဲသူ
၆) ဆာ​လောင်သူ
၇) မင်္ဂလာ​ဆောင်တွင် အရှက်ကွဲ​တော့မည့်သူ
စသဖြင့် များစွာရှိကြသည်။ 

ထိုသူအသီးသီးတို့သည် အကျိုးနည်းလျှက် ရှိ​နေကြ​သော်လည်း သခင်​ယေရှုခရစ်​တော်နှင့် ​တွေ့ဆုံပြီးသည့်​နောက်တွင် ခြားနား​သော အသက်တာကို ရရှိခဲ့ကြသည်။ နူနာစွဲသူ သန့်ရှင်းခြင်းကိုရသည်၊ မျက်စိကန်းသူ အလင်းကိုမြင်​တွေ့ရသည်၊ ​သေ​သောသူ ရှင်ပြန်ရသည်၊ နတ်ဆိုးစွဲသူ လွတ်​မြောက်ခြင်းရသည်၊ ဆာ​လောင်သူ ဝစွာစားရသည်၊ မင်္ဂလာ​ဆောင်တွင် အရှက်ကွဲ​တော့မည့်သူသည်လည်း ချီးကျူးခြင်းကို ခံစားရသည် မဟုတ်ပါလား။ 

ထို့အပြင် အခွန်ခံဖြစ်သူ ဇက္ကဲ၏ အသက်တာကိုကြည့်မည်ဆိုလျှင်လည်း ထိုသူ၏ အသက်တာ​ပြောင်းလဲခြင်းသည် သခင်​ယေရှု၏ တိုက်တွန်းခြင်း​ကြောင့်​လော။ 

"​ဟေ့​ကောင် ဇက္ကဲ၊ မင်း အိမ်မှာ ငါတည်းမယ် ဒါ​ပေမယ့် ငါ​ပြောတာ​တော့ မင်းလုပ်ကိုလုပ်ကွာ၊ ဆင်းရဲသားကိုလည်း ​ပေးရမယ်ကွ" 

မင်း သူများဟာ​တွေကို ယူထားမိတာ​ရှိရင် နှစ်ဆ သုံးဆ ငါးဆ ပြန်​ပေးရမည်ဟုလည်း မတိုက်တွန်းခဲ့​ချေ။ သူကိုယ်တိုင် ​ယေရှုတည်းမည်ဆိုသည်ကို ကြားသည်နှင့် ဝမ်း​မြောက်စွာ ကြိုဆိုလက်ခံတယ်ဆိုတာ ​တွေ့ရပါတယ်။ ထို့ပြင် သူကိုယ်တိုင် ​နဂို ဇက္ကဲထက် နယူးဗားရှင်း (New Version) ဇက္ကဲ ဖြစ်ခဲ့သည်မဟုတ်ပါလား။ တနည်းဆိုရလျှင် အသက်တာ​ပြောင်းလဲသွားသည်ဟုပင် ဆိုရ​ပေ​တော့မည်။ 

ရှင်လုကာခရစ်ဝင် ၁၉:၈
ဇက္ခဲသည်လည်း ရပ်နေ၍၊ သခင်၊ အကျွန်ုပ်၏ ဥစ္စာတဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစုံတယောက်သောသူ၏ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင်၊ လေးဆပြန်၍ပေးပါ၏ဟု သခင်ဘုရားကို လျှောက်ဆို၏။ 

ဒါ့​ကြောင့် ​ယေရှုနှင့် ​တွေ့ခဲ့ပြီး​သော လူတိုင်း လူတိုင်းသည် အကျိုးနည်းလျှက်ရှိ​သောသူများ၊ အပြစ်များ​သောသူများ၊ မသန့်ရှင်း​သောသူများ၊ အခွန်ခံ၊ ပြည့်တန်ဆာ၊ ငရဲလားမည်သူများ ဖြစ်ကြလင့်ကစား လွတ်​မြောက်ခြင်းကို ခံစားရကြသလို ထိုသူတို့၏ အသက်တာသည် တကယ်​ကိုပြောင်းလဲသွားသည်ကို မြင်​တွေ့ရသည်။ ဇက္ကဲကဲ့သို့ ကျွန်ုပ်တို့၏ အသက်တာထဲတွင် ​​ယေရှုခရစ်​တော်ကို ဝမ်း​မြောက်စွာ ကြိုဆိုလက်ခံပါရဲ့လား။ မိတ်​​​ဆွေ ကျွန်ုပ်တို့၏ အသက်တာ​ပြောင်းလဲပါပြီလားဆိုတာက​တော့ ... မိမိကိုယ်တိုင် ပြန်​မေးရမည့်​မေးခွန်းသည် 

"ငါ ​ယေရှုနဲ့ ​တွေ့ခဲ့ပြီးပြီလား" 
ဟုပင်ဖြစ်​ပေ​တော့သည်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next