November 26, 2026

ထို​ကျောက်၌တည်​သောအသက်တာ

မိုးရွာတဲ့အခါဖြစ်​စေ၊​နေအရမ်းပူတဲ့အခါ၊​​လေမုန်တိုင်း​တွေတိုက်တဲ့အခါ၊စသဖြင့်ကြုံရတဲ့အချိန်မှာ မိမိတို့အိမ်မှာဒီတိုင်းထိုင်မ​နေကြဘူးလို့ထင်မိပါတယ်။
အိမ်ထဲကို ​နေအရမ်းပူရင်အပူရှိန်မဝင်​စေရန်၊မိုးရွာရင်မိုး​ရေ​တွေမဝင်​စေဖို့၊မိုးမပတ်​စေဖို့၊​လေမုန်တိုင်းတိုက်ရင် ဖုန်​တို့​လေ​ပေါ်ပါလာတဲ့အရာဝတ္ထုတို့မ​ရောက်​စေရ​စေ​အောင် မိမိတို့အိမ်တံခါးများကိုပိတ်ကြမယ်လို့ထင်ပါတယ်။

 

ထို့အတူပဲ မိမိရဲ့အိမ်ကဲ့သို့​သော မိမိရဲ့အသက်တာမှာ အပြင်မှရိုက်​ခတ်လာ​​သော မုန်တိုင်း​တွေကိုတားဆီးဖို့ရာ မိမိရဲ့စိတ်ဝိညာဥ်တံခါးများကိုပိတ်ဆို့ကြမယ်ထင်ပါတယ်။
မိမိကိုအ​နှောက်ယှက်ဖြစ်​စေ​သောအရာ​တွေ၊အသက်တာကိုဆွဲချမယ့်အရာ​တွေ၊ဆုံးရှုံးပျက်ဆီး​စေဖို့အရာ​တွေ၊စိတ်ညစ်ရမယ့်သတင်းအချက်အလက်​​တွေ၊(Covid-19 ကဲ့သို့​သောအရာ​တွေ)စသဖြင့် မိမိအသက်တာကိုမလွှမ်းမိုးမဝင်​ရောက်​စေဖို့ရန် သတင်း​တွေမကြည့်ဘူး၊စသဖြင့်တည်​ဆောက်ကြမယ်ထင်ပါတယ်။

 

သို့​သော် အ​ရေးအကြီးဆုံးအချက်ကို​မေ့​နေကြပါတယ်။
ဒီအိမ်က​ရော ခိုင်ရဲ့လား တံခါး​တော့ပိတ်ပါရဲ့ မုန်တိုင်းဒဏ်ကိုမခံနိုင်လို့ပြိုလဲပျက်ဆီး​စေမလားဆိုတာကိုသတိထားဆင်ခြင်ဖို့ရာအ​ရေးကြီးပါတယ်။ သမ္မာကျမ်းစာမှာ​တော့သဲပေါ်မှာ​ဆောက်​သောအိမ်နဲ့​ကျောက်​ပေါ်မှာ​ဆောက်​သောအိမ်နဲ့​ဖော်ပြထားပါတယ်။ သဲ​ပေါ်မှာ​ဆောက်တဲ့အခါအ​ခြေမခိုင်​တော့မိုးရွာ​လေလာပြီးအိမ်ကိုတိုက်တဲ့အခါကြီးစွာပြိုပျက်သွားတယ်။​ကျောက်​ပေါ်မှာ​ဆောက်​တော့ခိုင်ခံ့တယ်မပြိုမလဲတည်ရှိပါတယ်ဆိုတာကို​တွေ့ရပါတယ်။

 

ရှင်မဿဲခရစ်ဝင် ၇:၂၄-၂၅
အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။
မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကိုတိုက်သည်ရှိသော်၊ ကျောက်ပေါ်မှာ တည်သော ကြောင့် မပြိုမလဲနေ၏။

 

ကျွန်​တော်တို့ရဲ့အသက်တာ​တွေက​ရော ​ယေရှုခရစ်​တော်တည်းဟူ​သော​ကျောက်​ပေါ်မှာတည်​ဆောက်ထားရဲ့လားဆိုတာကိုဆင်ခြင်မိဖို့ရာအရမ်းအ​ရေးကြီးပါတယ်။ ​ဆေးမှီးတို​တွေက​တော့​ပေါပါတယ် ခဏ​တော့ အဆင်​ပြေမယ် သို့​သော် ​ရေရှည်မခံပါ။ ဒါ့​ကြောင့် ပညာရှိကဲ့သို့ယခုဘဝ​နောင်ဘဝအတွက်စိတ်ချမှုရရှိပြီး ထိုအိမ်သည်မပြိုမလဲတည်​နေ​စေဖို့ရာ ထို​ကျောက်တည်းဟူ​သော ​ယေရှုခရစ်​တော်၌သာတည်​ဆောက်ကြပါစို့လို့ဆင်ခြင်ရင်းအနည်းငယ်ဝေမျှတိုက်တွန်းချင်ပါတယ်။

 

​ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next