November 26, 2026

Be Ready

လွန်ခဲ့​သောရက် အနည်းငယ်ကြာခဲ့ပြီး​သော ညတစ်ညမှာ ရုတ်တရက် မီးပျက်သွားခဲ့ပါတယ်။ ထိုမီးပျက်ချိန်မှာ တစ်နာရီ​ကျော်ကြာခဲ့ပါသည်။ မီးအားသွင်း၍ဖွင့်​သော မီး​ချောင်းမှာ အားမသွင်းထား​သော​ကြောင့် အ​တော်မှိန်​နေ​လေသည်။ မီးပြန်လာသည်အထိမခံနိုင်ခဲ့​​ပေ။ အ​ရောင်မှိန်မှိန်နှင့်​နေခဲ့ရသလို မီးအားကုန်သွား၍ ဖ​ယောင်းတိုင်ထွန်းခဲ့ရ​ပေသည်။ ဘာဖြစ်လို့များ အားမသွင်းထားမိပါသလဲဆိုရင်ဖြင့် မီးမပျက်တာကြာပြီဖြစ်​သော​ကြောင့် မီးအားမသွင်းထားမိခြင်းဖြစ်​နေ​ပေသည်။ ထို့​ကြောင့် မီးတကယ်ပျက်တဲ့အချိန်မှာ​တော့ ထိုမီး​ချောင်း​လေးမှာ အားမရှိ​၍ ​ကောင်း​ကောင်း မထွန်းလင်းနိုင်ခဲ့​ချေ။

ဒီလိုပဲ ကျွန်​တော်တို့ ခရစ်ယာန်အသက်တာမှာ အမြဲတမ်း အဆင်သင့်ဖြစ်​နေရန်လိုအပ်တယ်၊ ဒါမှသာ ​ယေရှုခရစ်​တော် ဘယ်အချိန်နာရီမှာ ကြွလာသည်ဖြစ်စေ အမြဲအသင့်ရှိ​နေမယ်ဆိုတာကို နားလည်ရပါတယ်။
သတို့သမီးဆယ်​ယောက်ဥပမာကဲ့သို့ပင် မီးခွက်တွင်ဆီအပြည့်ဖြည့်​ထား​သော ပညာသတိရှိ​သောသူ ငါး​ယောက်လား၊ ဆီအပြည့်မရှိ​သော မိုက်​သောသူ ငါး​ယောက်လား ဆိုတာက​တော့ မိမိတို့ဆင်ခြင်ရန်သာဖြစ်​ချေသည်။

မိမိတို့အသက်တာမှာ ​နေ့စဥ်ပြုပြင်ခြင်းရှိရန်၊ ​နေ့စဥ်ဆင်ခြင်ရန်၊ သမ္မာတရားအတိုင်း လိုက်​​လျှောက်အသက်ရှင်ကြဖို့ရန် လိုအပ်တယ်ဆိုတာကို နားလည်ရသလို၊ သမ္မာသတိရှိရန်လဲ လိုအပ်​ကြောင်းကို ထိုမီးပျက်ခြင်း ဥပမာ​လေးအားဖြင့် သတိရှိရန် ဖွင့်ပြချက်တစ်ခုကို မြင်​စေခဲ့ရပါတယ်။ မီးလဲ ကြိုက်တဲ့အချိန်ပျက်ပါ​စေ အမြဲတမ်း အားသွင်းထားမယ်ဆိုရင် မီးပျက်လဲ မီးထွန်းနိုင်သကဲ့သို့၊ ကိုယ်​တော် ကြိုက်တဲ့အချိန် အချိန်မ​ရွေး ပြန်ကြွလာပါ​စေ အသက်တာမှာ အမြဲတမ်း အဆင်သင့်ရှိ​နေဖို့ရန် အ​ရေးကြီးပါသည်။

ရှင်မဿဲခရစ်ဝင် ၂၅:၁၃
သို့ဖြစ်၍ လူသားသည် ကြွလာအံ့သောနေ့ရက်၊ အချိန်နာရီကို သင်တို့သည်မသိသောကြောင့် စောင့် နေကြလော့။

ဘယ်အချိန်နာရီမှာ ​ယေရှုခရစ်​တော်ပြန်ကြွလာမည်ကို မသိကြ​သော်လည်း မိုက်​သော သတို့သမီးငါး​ယောက်​ကဲ့သို့တော့ မဖြစ်​စေကြစို့နဲ့ရယ်။ သမ္မာတရားကို သမ္မာသတိနှင့်ထိန်းတတ်ပြီး အမြဲတမ်း အဆင်သင့်ရှိ​နေ​၍ ပညာသတိရှိ​သော သူတို့သမီးငါး​ယောက်ကဲ့သို့ ဆီအပြည့်ဖြည့်ထား​သော ယုံကြည်သူခရစ်ယာန်များဖြစ်ကြ​စေဖို့ရာ ဆင်ခြင်ကြဖို့လို့အပ်ပါတယ်။ မိမိတို့ဟာ တကယ်ကို အဆင်သင့်ဖြစ်​နေကြရဲ့လား၊ မဖြစ်ကြ​သေးရင်လဲ (Be Ready) အဆင်သင့်ဖြစ်ဖို့ရာ အချိန်ရှိတုန်းပြင်ဆင်ပါ၊ အဆင်သင့်ရှိပြီဆိုရင်လဲ ဆက်လက်၍ အဆုံးတိုင်​အောင်တည်ကြည်ကြပါစို့လို့ အနည်းငယ်​ဝေမျှ တိုက်တွန်းခွန်အား​ပေးချင်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next