December 23, 2024

နာကျင်မှုများအား ရင်ဆိုင်ရခြင်း - အပိုင်း ၁

 

ဒဏ်ရာ၊ နာကျင်ခြင်း ... လို့ဆိုလိုက်တိုင်းတွင် အပေါ်ယံရှပ်ဒဏ်ရာလား အတွင်းပိုင်းထိနက်သော ဒဏ်ရာများလားဟု ဒဏ်ရာ၏ အတိမ်အနက်ကိုလည်း တွေးမိတတ်ကြမည်။ သို့သော် ရင်ဘတ်ထဲမှ ဒဏ်ရာကိုတော့ ရင်ဘတ်ကြီးနှင့်သာ မြင်အောင်ကြည့်မှ ရမည်ထင်ပါသည်။

လူတိုင်းလူတိုင်းတွင် ရင်ဘတ်ထဲမှဒဏ်ရာသည် အနည်းဆုံး တစ်ခုလောက်တော့ရှိတတ်ကြသည်။ မိမိကိုယ်တိုင် သိရှိ လက်ခံထားသော ဒဏ်ရာ၊ မိမိကိုယ်တိုင်ပင် မသိသော (Unconsciously) ဒဏ်ရာ သို့မဟုတ် မိမိကိုယ်တိုင် ဖုံးဖိထားသော ဒဏ်ရာဖြစ်စေ ရှိတတ်ကြပြန်သည်။ မည်သည့်ဒဏ်ရာပင်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် ရရှိခဲ့သော နာကျင်ခြင်းဒဏ်ရာများဖြစ်သည့်နည်းတူ အတိတ်ဇာတ်ကြောင်း၊ ဇာတ်လမ်း၊ ရာဇဝင်များကိုယ်စီကိုယ်စီလည်း ရှိကြစမြဲပင် ...

ထိုဒဏ်ရာကိုယ်စီ၏ အဖြစ်သနှစ်များအား ရင်ဘတ်ကြီးနှင့် ထူးဖော်ကြည့်ရင်း ထပ်တူ ခံစားကာ ပုံဖော်အဖြေရှာကြည့်ရမည်ဆိုလျှင်ဖြင့် ...

ဟန္နဆိုသည့် အမျိုးသမီးသည် စိတ်ပိုင်းဆိုင်ရာ အမြဲနာကျင်နေခဲ့ရသူဖြစ်သည်။ ကလေးမမွေးနိုင်သည့် အခြေအနေအပေါ်၌ (Verbal Abuse) နှုတ်ဖြင့်စော်ကားခံရခြင်းများကြောင့် (Depression) စိတ်စိတ်ကျဆင်းလာခြင်းဖြစ်ကာ မစားနိုင် မသောက်နိုင် (Eating Disorder)၊ မအိပ်နိုင် (Isonmia) ဖြစ်ကောင်းဖြစ်မည်။ ထို့ပြင် မပျော်နိုင် မရယ်နိုင် မပြုံးနိုင်ဖြစ်ကာ စိတ်ညှိုးငယ်ခြင်းပင် ဖြစ်ကာ စိတ်ရောလူပါ နွမ်းလျှလာရခြင်းကို တွေ့ရသည်။ သူမ၏ ဒဏ်ရာသည် မည်မျှနက်မည်နည်း ...

တိတ်ဆိတ်သယောင်နှင့် ကြောက်စရာ မြင်းခွာသံများ၏ အကြား၌ ကိုယ့်အစာကိုပင် ပုန်းလျှိုးကွယ်ဝှက်ကာ စပါးနယ်နေသူ ဂိဒေါင်သည် (Fear) ကြောက်ရွံ့ခြင်း၊ (insecure) မလုံခြုံခြင်း (စိတ်ပိုင်း၊ ရုပ်ပိုင်း)၊ (Worry) စိုးရွံ့ထိန့်လန့်ခြင်း၊ (Anxiety) ပူပင်သောကရောက်ခြင်း၊ (Depression) စိတ်ဓါတ်ကျနေခြင်းများကို ခံစားနေရသူဖြစ်သည်။ (Ongoing War) စစ်မက်ဖြစ်ပွားနေဆဲအခြေအနေ သို့တည်းမဟုတ် (Acts of Violence) စစ်ပွဲအတွင်း အကြမ်းဖက်သည့် ဖြစ်ရပ်များကြောင့် ဂိဒေါင်၏ စိတ်ဒဏ်ရာသည် မည်မျှကြာရှည်ခဲ့မည်နည်း ...

------- ဆက်ရန် -------

#Titus_KyawNyi

Photo Crd: Internet 

Previous Next