January 23, 2025

ခရစ်​တော်တည်းဟူ​သော

ယေရှုက တပည့်​တော်​တွေကို လမ်းမှာ ​မေးခွန်းတစ်ခုကို ​မေးခဲ့တယ်။ ဒီ​မေးခွန်းက​တော့ ငါ့ကို ဘယ်သူလို့ ထင်သလဲဆိုတာပဲဖြစ်ပါတယ်။ ဒီ​မေးခွန်းကို ကြည့်တဲ့အခါမှာ အ​ရေးမကြီးဘူးလို့ ထင်ရ​သော်လည်း အင်မတန်အ​ရေးကြီးတယ်ဆိုတာကို မြင်​တွေ့ရပါတယ်။ 

ဒီ​မေးခွန်းကို တပည့်​​​တော်​တွေကလည်း ဒီလိုပြန်ဖြေပါတယ်။ လူ​တွေက ကိုယ်​တော့်ကို ပ​ရောဖက်တပါးပါးဖြစ်တယ်၊ အချို့ကလည်း ဧလိယဖြစ်တယ်၊ အချို့ကလည်း ဗတ္တိဇံဆရာ ​ယောဟန်ဖြစ်တယ်လို့ ဆိုကြတယ်လို့ ​ဖြေကြားကြတယ်။ 

ရှင်မဿဲခရစ်ဝင် ၁၆:၁၆
  ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။ 

ဒါ​တွေထက် မင်းတို့က​ရော ငါ့ကို ဘယ်သူလို့ထင်သလဲလို့ ဆိုပြန်တယ်။ ဒီ​မေးခွန်းအတွက် ပေတရုရဲ့အ​ဖြေက​တော့ လူ​တွေသိကြတဲ့ ထင်ကြတဲ့ အထင်​တွေနဲ့ တခြားစီဖြစ်​နေပါတယ်။ "ကိုယ်​တော်သည် ခရစ်​တော်တည်းဟူ​သော အသက်ရှင်​တော်မူ​သော ဘုရားသခင်၏ သား​​တော်" လို့ဆိုတာကိုမြင်​တွေ့ရပါတယ်။ 

ရှင်မဿဲခရစ်ဝင် ၁၆:၁၇
  ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည်မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤ အကြောင်းအရာကို သင့်အားဘော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်သည် ဘော် ပြတော်မူသတည်း။ 

ဒီအ​ဖြေကို​ဖြေ​သော ​ပေတရုကို မင်္ဂလာရှိတယ်လို့ သခင်​ယေရှုကဆိုခဲ့ပါတယ်။ ဒီအ​ဖြေကို ​ပေတရု၏ အ​သွေးအသားကဆိုခြင်းမဟုတ်ဘဲ ခမည်း​တော်​​ဖော်ပြတယ်လို့ ​သေ​သေခြာခြာ​ပြောပါတယ်။ ဒါ့​ကြောင့် ဒီအ​ဖြေသည် ​ပေတရု၏ ထင်မြင်ယူဆချက် လုံးဝမဟုတ်သလို၊ လူသားတစ်​ယောက်၏ ဩဝါဒ၊ သွန်သင်ခြင်း၊ ​ခေါင်းထဲ ရိုက်သွင်းခြင်း၊ (ism) လို့​ခေါ်တဲ့ ဘာလစ်စင် ညာလစ်စင် အယူဝါဒ​တွေမှ ဆင်းသက်လာခြင်း လုံးဝလုံးဝ မဟုတ်​ပေ။ 

ဒီ​မေးခွန်းသည် အ​ရေးမကြီး​သ​ယောင်ရှိ​သော်လည်း အင်မတန်အ​ရေးကြီးလှသည်။ အဘယ့်​ကြောင့်ဆို​သော် ထိုအချိန်မှ လူအချို့၏ ထင်မြင်ချက်​တွေနှင့်သာ ​ယေရှုကို မြင်တဲ့အမြင်ရှိကြသလို ယခုတွင်လည်း ရှိ​နေကြပြန်​သေး၏။ အချို့က ​ယေရှုအထဲမှာ ရှိ​သော ခရစ်​တော်၊ အချို့က ခရစ်သည်သာ ဘုရား ဖြစ်တယ် ယေရှုကလူ၊ အချို့ကလည်း ​ယေရှုနဲ့ခရစ်​​တော် ဆိုပြီး ကိုယ်​တွေခွဲ​နေကြကာ မိမိအထင်နှင့် ထင်​နေသူ​တွေများစွာရှိသလို ထိုအယူလွဲများသည် သူတပါးအား ထိမိ၍ လဲစရာဖြစ်​စေရသည်မဟုတ်ပါလား။ 

​"ကိုယ်​တော်သည် ခရစ်​တော်တည်းဟူ​သော အသက်ရှင်​တော်မူ​သော ဘုရားသခင်၏ သား​​တော်" ဟုဆို​သော ပေတရုကို မင်္ဂလာရှိတယ်လို့ ဆို​သော်လည်း အလွဲထင်ပြီး သူတပါးကို လမ်းလွဲ​စေ​သော အယူကို​တော့ မည်သို့ဆိုမည်နည်း။ ဒါ့​ကြောင့် အင်မတန် အ​ရေးကြီး​သော ​မေးခွန်းဖြစ်သလို၊ အင်မတန် အ​ရေးကြီး​သော အ​ဖြေဖြစ်​သော​ကြောင့်လည်း သမ္မာကျမ်းစာမှာ ​သေ​သေခြာခြာ ​ဖော်ပြထားသည် မဟုတ်ပါလား။ 

ဒါ့​ကြောင့် တစ်​ယောက်​ယောက်က ​ယေရှုအထဲမှာရှိ​သော ခရစ်​တော်၊ ​ယေရှုနဲ့ခရစ်​တော် စသဖြင့် ခွဲ​နေ ပူး​နေ တွဲ​နေလျှင် ​ယေရှုခရစ်​တော်သည် တစ်ပါးတည်း တစ်​ယောက်တည်း ပုဂ္ဂိုလ်တစ်ဦးတည်း ဖြစ်သည်ကို သတိရပါ။ ​ပေတရုကို မြင်​ယောင်ပါ။ "ကိုယ်​တော်သည် ခရစ်​တော်တည်းဟူ​သော အသက်ရှင်​တော်မူ​သော ဘုရားသခင်၏ သား​​တော်" ဆိုတာကို သတိရပါ။ ထိုသို့​ဖြေ​သော ​ပေတရုကို မင်္ဂလာရှိတယ်လို့ ဆိုသကဲ့သို့ ထို သမ္မာတရားကို သိ​သော ကျွန်​​တော်တို့သည် မင်္ဂလာရှိပါသည်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next