November 26, 2026

သင့်​အော်ဟစ်ခြင်း၌သခင်​ယေရှုရပ်​တော်မူခြင်း

ကျွ​န်တော်တို့ လူတိုင်း လူတိုင်းမှာ ရင်ဆိုင်ကြုံ​တွေ့ရတဲ့ အခက်အခဲ အတားအဆီး၊ လူမှု​ရေး၊ စီးပွား​ရေ၊ အိမ်​ထောင်​ရေး၊ ကျန်းမာ​ရေး၊ ပညာ​ရေး၊ စသဖြင့် တစ်ခုမဟုတ် တစ်ခု​တော့ ရှိတတ်သည်။ ဒီအရာ​တွေကို အရှုံး​ပေးပြီး​ ​နေထိုင်သွားတတ်ကြသူ​တွေရှိသလို၊ ဘဝကိုစွန့်ပြီး ​သေခြင်းကို​ ရွေးချယ်သွားကြသူ​တွေလဲ ဒုနဲ့​ဒေးရှိပါတယ်။ တချို့က​တော့ စိတ်ကျ​ဝေဒနာကို ခံစားရပြီး နာကျဥ်​နေကြရပါတယ်။

ဘာဖြစ်လို့များ ဒီလို​တွေဖြစ်ကြသလဲ ဆိုတဲ့ ဇစ်မြစ်ကိုလိုက်ကြည့်တဲ့အခါမှာ​တော့ အဓိကပြဿနာက အဆင်မ​ပြေလို့ဆိုတာကို နားလည်ရတယ်။ လူရဲ့သ​ဘောက အဆင်​ပြေ​နေရင် ဘာမှမဖြစ်ဘူး၊ အဆင်မ​ပြေတဲ့အခါမှာ တစ်ခုမဟုတ်တစ်ခု ​တွေးပူလာတတ်သလို လုံးဝအဆင်မ​ပြေနိုင်​တော့ဘူးဆိုရင် တစ်ခုမဟုတ်တစ်ခုလုပ်မိတတ်လာတယ်။ ဒီလိုက​နေ ​မျှော်လင့်ခြင်း မရှိ​တော့တဲ့အခါမှာ ​​လောကကြီးက​နေ ထွက်ခွာအရှုံး​ပေးလိုက်မိ​တော့တယ်ဆိုတာကို နားလည်ရပါတယ်။

​ဒီအတွက် ကျွန်​​တော်က မိတ်​​ဆွေတို့ကို မျှော်လင့်ရာ သခင်နဲ့ မိတ်ဆက်​ပေးချင်ပါတယ်။ ဒါက​တော့ သခင်​ယေရှုခရစ်​တော်ဘဲဖြစ်ပါတယ်။ မိတ်​ဆွေရဲ့ ​မျှော်လင့်စရာမရှိ​တော့ဘူးလို့ ထင်​နေရတဲ့ ခက်ခဲခြင်း၊ ငို​ကြွေးရခြင်း၊ နာကျဥ်ခြင်း၊ လူမှု​ရေး၊ စီးပွား​ရေး၊ ကျန်းမာ​ရေး၊ အိမ်​ထောင်​ရေး စသဖြင့်ကို ​မျှော့်လင့်ရာဖြစ်​စေ​သော ​မျှော်လင့်ခြင်း​တွေအပြင် မိတ်​ဆွေရဲ့ တမလွန်အ​ရေးကိုပါ ​မျှော်လင့်စရာဖြစ်​စေ​သော တမလွန်အတွက် တိကျတဲ့အ​ဖြေကို ​အာမခံ​ပေး​သော သခင်ဖြစ်ပါတယ်။

ဗာတိမဲဟု​ခေါ်​သော မျက်စိမမြင်​​သော သူ​တောင်းစားတစ်​ယောက်က ​လမ်း​ပေါ်မှာ တောင်းစား​နေ​ပေမယ့် ​ယေရှုခရစ်​တော်လာတယ်ဆိုတာကို ကြားသိရတဲ့အခါမှာ သူက ကယ်မသနားဖို့ရာ​အော်ဟစ်တယ်၊ သူ​တောင်းဆိုတာ ကယ်မသနားဖို့ဖြစ်တယ် ​သူ​တောင်းစား​ပေမယ့် ရွှေ​ငွေ မ​တောင်းဘူး၊ ညစာ မနက်စာ တစ်လစာ​တွေမ​တောင်းဘူး၊ သူ့ကိုကယ်နိုင်တယ်ဆိုတာကိုသူသိတယ်။ ​ယေရှုခရစ်​​တော်ရဲ့ သတင်းကို သူကြိုကြားထားတာဖြစ်နိုင်တယ်၊ ကြားထားလို့ သူ့ကိုကယ်တင်နိုင်တယ်ဆိုတာကို သူသိ​နေတာဖြစ်တယ်။ သူဘယ်လို​အော်ပါ​စေ လူ​တွေက တိတ်တိတ်​နေဖို့ပဲ​ပြောတယ်၊ သို့​သော် သူဟာသာ၍ဟစ်​အော်တယ်ဆိုတာကို​တွေ့ရတယ်။ သူ့ရဲ့ဟစ်​အော်ခြင်း​ကြောင့် ​ယေရှု​တောင်ရပ်သွားတယ်၊ ကယ်မသနားတယ် မျက်စိမြင်သွားရတယ်ဆိုတာကို ​တွေ့ရပါတယ်။

ရှင်မာကုခရစ်ဝင် ၁၀:၄၉
ယေရှုသည် ရပ်တော်မူလျက်၊ ထိုသူကိုခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ သူတပါးတို့သည် လူကန်းကိုခေါ်၍ မစိုးရိမ်နှင့်၊ ထလော့။ သင့်ကို ခေါ်တော်မူသည်ဟုဆိုကြ၏။

ဒီလိုဘဲ ကျွန်​​တော်တို့ရဲ့ အဆင်မ​ပြေခြင်း​တွေကို ထိုသခင်ကိုကယ်မသနားပါလို့ ​အော်ဟစ်တဲ့အခါမှာ ​ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်စွာ​နေဖို့​ပြော​ကောင်း ​ပြောနိုင်ပါတယ်။ နင့်အဆင့်နဲ့ တန်လို့လား၊ ဖြစ်မှာ​ပေါ့ အသုံးမှမကျတာ၊ ကျပြန်ပြီလား၊ ကုန်ပြီဆိုလဲ ​သေလိုက်တာ​အေးပါတယ် စသဖြင့် အမျ်ုးမျိုး​သော တိတ်ဆိတ်စွာ​နေဖို့ဟန့်တား​သော သူ​တွေကို ကြုံရ​သော်လည်း ဗာတိမဲကဲ့သို့ ထိုသူ​တွေ၊ ထိုစကားသံ​တွေကို ဂရုစိုက်မ​နေဘဲ သာ၍ဟစ်​အော်တတ်​သောသူ​တွေဖြစ်ပါ​စေ။ သာ၍ ကိုးစားပြီး၊ သာ၍ သစ္စာရှိစွာ ကိုးကွယ်တတ်​သောသူ​​တွေဖြစ်​စေဖို့ သတိပြုပါ။ ​ယေရှုခရစ်​တော်သည် ထိုသို့​သောသူကို ​ကျော်မသွားဘဲ ရပ်​​တော်မူတယ် ဆိုတာကိုသင်မြင်​တွေ့ရမယ်လို့ အား​ပေးချင်ပါတယ်။

ထိုသို့​သော အရာ​တွေ အတွက်သာမကဘဲ ​နောင် တမလွန်အ​ရေးကိုလဲ အာမခံ​ပေး​​တဲ့ သခင်ဖြစ်​သော​ကြောင့် မိတ်​ဆွေ၏ ​သေခြင်းတရားအတွက် ​တိကျ​သောအ​ဖြေကို ​ပေးစွမ်း၍ အာမခံ​ပေး​သောသူသည်လဲ ထိုသခင်​ယေရှုခရစ်​တော်ပင်ဖြစ်သည်။ ဒါ့​ကြောင့် ကယ်မသနား​သော ​ကျေးဇူး​တော်သည် ယခုဘဝ​နောင်ဘဝအတွက်ရှတယ်ဆိုတာကို မြည်းစမ်းချင်တယ်ဆိုရင် သင်​ခေါ်ကြည့်ပါ ​အော်ဟစ်ကြည့်ပါ။ သင့်အတွက် ကယ်တင်ခြင်းသည် ယ​နေ့ပင်ဖြစ်သည်။ ​

***ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next