December 27, 2024

ထာဝရဘုရား၌ ​အော်ဟစ်ခြင်း

တရားသူကြီးမှတ်စာ အခန်းကြီး (၆) ကို​ကြည့်တဲ့အခါမှာ ဣသရေလအမျိုးသားတို့သည် မိဒျန်အမျိုးသားတို့ကြောင့် အလွန်ဆင်းရဲတယ်ဆိုတာကို​တွေ့ရပါတယ်။ ဘာ့​ကြောင့်လဲဆိုတာကို ကြည့်တဲ့အခါမှာ​တော့ မိဒျန်လူမျိုး​တွေက သနားခြင်းမရှိဘူး၊ ရက်စက်တဲ့ အနွယ်၊ ညှင်းဆဲတဲ့ အမျိုး၊ ဖျက်ဆီးတတ်တဲ့ အုပ်စုဖြစ်သလို မိဒျန်​တပ်ကိုကြည့်ရင် စစ်သည်အင်အား အင်မတန်များပြား​ကြောင်း၊ လက်နက်အင်အား ​တောင့်တင်း​ကြောင်းကို ​တွေ့ရမှာဖြစ်ပါတယ်။ 

ဘယ်​လောက်​တောင် များသလဲဆိုရင် ကျိုင်းကောင်​တွေများပြားသလို များရုံမကဘဲ မိဒျန်​တွေနဲ့ သူတို့၏ကုလားအုပ်​တွေ​ကိုတောင်မှ မ​ရေတွက်နိုင်​လောက်​အောင်များတယ်ဆိုတာကို ​ဖော်ပြထားပါတယ်။ ဒီလူ​တွေသည် သူတပါး၏အကျိုးထက် မိမိတို့အကျိုးသာကြည့်တတ်သည်။ သူတပါး၏အကျိုးစီးပွား​တွေကို လက်မရွံ့ မျက်​တောင်တစ်ချက်မခတ်ဘဲ ဖျက်ဆီးပစ်နိုင်သည်။ လယ်​ယာ​မြေတွေကို ဖျက်ဆီးခြင်း၊ ​မြေအသီးအနှံ​တွေကို ဖျက်ဆီးခြင်းနှင့် အခြားများစွာ​သော အဖျက်လုပ်ရပ်များစွာလုပ်ရင်း အခြားသူများ၏ အကျိုးကို မကြည့်ဘဲ ညှင်းဆဲ​တတ်ကြပါသည်။ 

ဣသရေလအမျိုးသားတို့သည် လူအင်အား၊ လက်နက်အင်အား၊ ဗျူဟာနည်းပညာမမျှ​သော မိဒျန်လူမျိုးများအား ပုန်း​ရှောင်​၍သာ နေကြရသည်။ မ​နေ၍လဲမရ အဘယ့်​ကြောင့်ဆို​သော် ထိုမိဒျန်တို့ကလည်း လမ်း​ပေါ်တက်သူအား ​ဆော်ပ​လော်တီးရန် အသင့်​စောင့်​နေကြ​ပေသည်။ ထိုသို့ လမ်းမကိုပင် မထွက်ရဲကြခြင်းဖြစ်သည်​ကို​တော့ ဂိ​ဒေါင်သည် သက်​သေပင်ဖြစ်သည်မဟုတ်ပါလား။ ဟုတ်ပါသည် ... သူတို့၏ဘဝသည် ကိုယ့်စပါးကိုယ်နယ်ခြင်းကိုပင်လျှင် ပုန်းလျှိုးကွယ်လျှိုး လုပ်​​ဆောင်ရခြင်းသည် မည်သို့​သော ​ဖိနှိပ်ခြင်းဖြစ်မည်နည်း။ 

တရားသူကြီးမှတ်စာ ၆:၆
ဣသရေလအမျိုးသားတို့သည် မိဒျန်အမျိုးသားတို့ကြောင့် အလွန်ဆင်းရဲ၍ ထာဝရဘုရားအား ဟစ်ကြော်ကြ၏။ 

ဣသရေလလူမျိုးတို့သည် ကိုယ့်ထမင်းကိုယ်စား၍ ​ဘာကို​ကြောက်မှန်းမသိဘဲ ​ကြောက်ရွံ့​နေရခြင်း၊ စားရမည့်အ​ရေးအတွက် ပူပန်ရခြင်းများကို ခံစား​နေရသည်။ လမ်း​ပေါ်မတက်ရဲခြင်း​ကြောင့် မည်သို့ ​အေး​ဆေးစွာ ဝတ်ပြုကိုးကွယ်မည်နည်း။ မည်သို့ စိုက်ပျိုး​ရေး၊ ​မွေးမြူ​ရေး၊ စီးပွား​ရေး၊ ပညာ​ရေးများကို လုပ်​ဆောင်နိုင်ကြမည်နည်း။ ထို့​ကြောင့်လည်း ဣသရေလအမျိုးသားတို့သည် မိဒျန်အမျိုးသားတို့ကြောင့် အလွန်ဆင်းရဲတယ်ဟု ​ဖော်ပြခြင်းဖြစ်​ပေလိမ့်မည်။ 

ထိုသို့ စိတ်ပိုင်းဆိုင်ရာ၊ လူမှု​ရေးပိုင်းဆိုင်ရာ၊ စီးပွား​ရေးပိုင်းဆိုင်ရာ၊ ပညာ​ရေးပိုင်းဆိုင်ရာ၊ နိုင်ငံ​ရေးပိုင်းဆိုင်ရာ စသဖြင့် အမျိုးမျိုး​သော အခန်းကဏ္ဍများအားဖြင့် အနိုင်ကျင့်ခြင်းကို မိဒျန်တို့အားဖြင့် ခံစားရခြင်း​ကြောင့် ထာဝရဘုရားအား ဟစ်​အော် (ဟစ်​ကြော်) တယ်ဆိုတာကို ​တွေ့ရပါတယ်။ ဒီလို ​​အော်ဟစ်ခြင်းကိုလည်း ဘုရားသခင်ကြား​ပေသည်။ 

ကျွန်​တော်တို့က​ရော ဘယ်အခန်းကဏ္ဍမှာ အနိုင်ကျင့်ခံ​နေရပါသလဲ။ ရန်သူနဲ့အင်အားချင်း မမျှ​သော​ကြောင့် ပုန်း​ရှောင်​နေရပါသလား။ သားသမီး​ရေး၊ မိသားစု​ရေး၊ စီးပွား​ရေး၊ လူမှု​ရေး၊ ပညာ​ရေး၊ နိုင်ငံ​ရေး စသဖြင့် မည်သည့်အ​ရေး​ကြောင့် ပူ​လောင်​နေရပါလဲ။ ဂိ​​ဒေါင်ကဲ့သို့ ပုန်း​​ရှောင်၍ စပါးနယ်သလို ကျွန်ုပ်တို့​ရော ဘယ်အရာမှာ စိတ်ဓါတ်ကျကာ ပုန်း​ရှောင်​နေရပါသနည်း။ မည်သို့ပင်ဖြစ်​စေကာမူ ထာဝရဘုရားကိုသာ ဟစ်​ခေါ်ပါ။ ထာဝရဘုရား၌သာ ​မျှော်လင့်ပါ။ 

ဘုရားသခင်သည် မကြားနိုင်​အောင် နား​တော်ထိုင်းသည်မဟုတ်သလို မကယ်တင်နိုင်​အောင် လက်​တော်တိုသည် မဟုတ်​ချေ။ ထို့​ကြောင့်လည်း ဂိ​ဒေါင်အားဖြင့် များပြားလှသည့် အင်အားချင်းမမျှ​သော မိဒျန်တပ်များလက်မှကယ်တင်ခဲ့​ပေသည်။ ကျွန်ုပ်တို့၏ ​ကြောက်ရွံ့​နေရခြင်း၊ ချည်​နှောင်ခံရခြင်း၊ ညှင်းဆဲခံရခြင်း၊ အနိုင်ကျင့်ခံရခြင်းများမှန်သမျှတို့ကို ထာဝရဘုရားထံသို့ အော်ဟစ်၍ တိုင်တည်ကြပါစို့။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next