November 26, 2026

​ဆွေး​နွေးတိုင်ပင်ခြင်းအမှု

ဆွေး​နွေးတိုင်ပင်ခြင်းမည်သည် လူ့အသိုင်းအဝိုင်းတစ်ခုလုံးအတွက်လိုအပ်​သော အချက်တစ်ခုဖြစ်သည်။ လုပ်ငန်းခွင်မှာဖြစ်​စေ၊ လူမှု​ရေးရာအ​ခြေအ​နေဖြစ်​စေ၊ တိုင်ပင်အကြံပြု​သော လူတစ်ဦးဦး၊ ရာထူးတစ်ခုခုထားရှိတတ်ကြစမြဲပင်ဖြစ်သည်။ နိုင်ငံတိုင်း နိုင်ငံတိုင်းတွင်ကြည့်မည်ဆိုလျှင်လည်း တိုင်ပင်ခံဆိုသည့် ရာထူးတစ်​နေရာသည် အ​ရေးကြီး​သော​နေရာပင်ဖြစ်​နေသည်။ တိုင်ပင်ခြင်းအားဖြင့်လည်း အကြံထ​မြောက်နိုင်သည် မဟုတ်ပါ​လော။

ဝိညာဥ်​ရေးရာပိုင်းတွင်လည်း ထိုနည်းတူ ​ဆွေး​နွေး​ဖော်၊ တိုင်ပင်​ဖော်၊ ဝိညာဥ်​ရေးရာကို တည်​ဆောက်​ပေး​သော မိတ်​ဆွေ အ​ပေါင်းအသင်းများလိုအပ်​ပေသည်။ မိမိ၏ ဝိညာဥ်​ရေးရာမှာ တခါတရံ အလွဲအမှား​လေး​တွေဖြစ်​နေမလား၊ အယူအဆ​ ဝေဝါး​နေမိတာ​လေး​တွေ၊ နားမလည်တာ​လေး​တွေ ရှိ​နေတဲ့အခါမှာ ထိုသို့​သော မိတ်​ဆွေနှင့် ​ဆွေး​နွေးတိုင်ပင်တဲ့အခါမှာ အ​ထောက်အကူပြု​ပေသည်။ ထို့​ကြောင့် အနည်းဆုံး​တော့ ​ဆွေး​နွေးတိုင်ပင်​ဖော်ဖြစ်​သော ဝိညာဥ်​ရေးရာ မိတ်​ဆွေတစ်ဦး​တော့ရှိသင့်​ပေသည်။

ကျွ​န်​တော်တို့​တွေသည် သူတပါးအား​မေးရန် တွန့်ဆုတ်​နေကြသည်မှာ ရှက်တတ်သော​ကြောင့်​​လော၊ ​အောက်ကျမည်စိုး၍​လော မသိပါ။ ငါ့မှာလဲ ဝိညာဥ်​တော်ရှိတယ်ဆို​သော မာန​​ကြောင့်များလားလို့ ဆင်ခြင်မိပါတယ်။ ထိုဖွင့်ပြခြင်းက အလွဲဖြစ်​နေလျှင်​တော့ ​ကြောက်စရာသိပ်​ကောင်းလှ​ပေသည်။ ဒါ့​ကြောင့် ဆရာသမား၊ မိတ်​ဆွေ၊ စသဖြင့်ကို ​မေးရန်၊ ​ဆွေး​နွေးရန်မှာ လွန်စွာအ​ရေးကြီးပါတယ်။ ​လောက​ရေးရာမဟုတ်​သော​ကြောင့် သာ၍ သတိထားသင့်သည်ကို မ​​မေ့ပါနှင့်။

သက်သာလောနိတ်ဩဝါဒစာ ပဋ္ဌမစောင် ၅:၁၁
ထိုကြောင့်၊ သင်တို့သည်ယခုပင်ပြုသည်နည်းတူ၊ အချင်းချင်း တိုက်တွန်း၍ တယောက်ကိုတယောက် တည်ဆောက်ကြလော့။

အချုပ်အားဖြင့်ဆို​သော် ဝိညာဥ်​ရေးရာမာန၊ ရှက်​ကြောက်ခြင်း၊ တွန့်ဆုတ်ခြင်းများကိုဖယ်ရှား၍ စစ်မှန်​သော ​ဆွေး​နွေးတိုင်ပင်ခြင်းကို ဝိညာဥ်​ရေးရာ မိတ်​ဆွေများနှင့် မိဿဟာရဖွဲ့ခြင်းအားဖြင့် သမ္မာတရားကို ဝယ်​လော့ဆိုသည်အတိုင်း အဖိုးအခ​ပေးကာ ​ဆွေး​နွေးတိုင်ပင်အတည်ပြုတတ်​သောသူများ ဖြစ်ကြပါ​စေလို့ အနည်းငယ် ​ဝေမျှတိုက်တွန်းလိုပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next