November 26, 2026

သူများနဲ့မတူရင်လည်း​နေပါ​လေ့​စေ

ကျွန်​တော်တို့ခရစ်ယာန်​တွေက သူများ​ယောင်ရင်လိုက်​ယောင်ချင်တယ်၊ သူများလုပ်ရင် လိုက်လုပ်ချင်တယ်၊ သူများဟိုဟာဆို ကိုယ်လဲဟိုဟာ၊ ဒီဟာဆိုလဲ ဒီဟာဖြစ်ကြပြန်တယ်။ ဘုရားသခင်ခန့်ထား​သော ရှ​မွေလ၏အုပ်ချုပ်ခြင်းကို ဣသရေလလူမျိုး​တွေဟာ ငြင်းဆန်ပြီး တပါးအမျိုးသားများကဲ့သို့ ဘုရင်လိုချင်ပါတယ်လို့​တောင်းဆိုခြင်းကို​တွေ့ရပါတယ်။ ဒါဟာ ​ရှ​မွေလကိုသာပယ်ခြင်းမဟုတ်ဘူး ထာဝရဘုရားကိုပါပယ်တာဖြစ်တယ်လို့ နားလည်ရပါတယ်။

ဓမ္မရာဇဝင် ပဋ္ဌမစောင် ၈:၇
ထာဝရဘုရားကလည်း၊ သင့်အား လူများတို့ ပြောဆိုသမျှသော စကားကို နားထောင်လော့။ သူတို့သည် သင့်ကိုသာမပယ်၊ ငါသည် သူတို့ကို မအုပ်စိုးစေခြင်းငှာ ငါ့ကိုလည်းပယ်ကြပြီ။

ရှ​မွေလသည် သူတို့အား ဘုရင်၏အုပ်စိုးခံရခြင်း၏အကျိုးဆက်ကိုရှင်းပြ​သော်လည်း သူတို့သည်လက်မခံကြ။ သူများနည်းတူဖြစ်ရဖို့သာ ​တောင်းဆို​နေကြခြင်း၊ တူရင်ပြီး​ရော ဘာ​တွေဖြစ်ဖြစ်ဖြစ်ပါ​လေ့​စေဆို​သောအရာကိုမြင်ရသည်။ ဒါ့​ကြောင့်လဲ ​နောက်ဆက်တွဲ ခံစားရ​သော အကျိုးဆက်ကို သူတို့​တွေခံစားရခြင်းဖြစ်သည်။

ဓမ္မရာဇဝင် ပဋ္ဌမစောင် ၈:၂၀
အကျွန်ုပ်တို့သည် တစ်ပါးအမျိုးသား အပေါင်းတို့နှင့် တူမည်အကြောင်း အကျွန်ုပ်တို့ကို အုပ်စိုးသော ရှင်ဘုရင်ရှိရမည်။ အကျွန်ုပ်တို့ရှေ့မှာ ထွက်ကြွ၍ စစ်တိုက်ရမည်ဟု ရှမွေလ၏ စကားကို နားမထောင်ဘဲ ဆိုကြ၏။

ဒီလိုပါပဲ လက်ရှိကျွန်​တော်တို့ ယုံကြည်သူခရစ်ယာန်တွေကလည်း သူများနည်းတူလိုက်လုပ်ချင်​နေသလား၊ သူများ​ယောင်လို့လိုက်​ယောင်၊ သူများသွားတဲ့​နေရာလိုက်သွား၊ သူများ​မှားယွင်းမှုပြုလိုက်ပြု၊ သူများမတရား​သောစီးပွားရှာ လိုက်ရှာ၊ သူများ​သောက်စား လိုက်​​သောက်စား၊ သူများ မတရား​သော​မေထုန်ဝင် ကိုယ်လိုက်ဝင် အစရှိသဖြင့် ​ခေတ်မှီတိုးတက်​သော ဆိုရှယ်ဆန်​သော အရာများကို သူများလုပ်တိုင်း လိုက်လုပ်မိ​နေပါပြီလား။

တချိုကျပြန်​တော့လည်း ​​​ဗေဒင်မေးခြင်းကိုသူတပါး​မေးတာ​တွေ့လို့ လိုက်​မေးချင်ပြန်၊ သူတပါး အ​ရောအ​နှောကိုးကွယ်ရင် လိုက်အ​ရောအ​နှောလုပ်ပြန်၊ သူတပါး​လောင်းကစားနဲ့​အောင်မြင်ရင် ကိုယ်လဲလုပ်ချင်၊ ဘုရားမကြိုက်​ပေမယ့် ငါကြိုက်တယ်လို့ ဆိုချင်​သောသူများကလည်းရှိ​နေ​သေးသည်။ သင်နှင့်ကျွန်ုပ်သည် ထိုအထဲတွင်မပါဝင်​သော သူ​တွေဖြစ်​စေဖို့ရာ သမ္မာတရားကို သမ္မာသတိနှင့်ထိန်းကြရ​အောင် ဆင်ခြင်ဖို့ဖြစ်ပါတယ်။ ဒါ့​ကြောင့် ကျွန်​တော်တို့ ယုံကြည်သူခရစ်ယာန်​တွေဟာ သူတပါးနဲ့ မတူရင်လည်း​နေပါ​စေ ဘုရားသခင်ကို ပြစ်မှား​စေခြင်းမဖြစ်​စေဖို့နှင့် သမ္မာတရားကိုပိုင်းခြားနာလည်ကာ သမ္မာသတိရှိစွာဖြင့် အလို​တော်အတိုင်းသာ ဆင်ခြင်အသက်ရှင်​သောသူ​တွေဖြစ်​စေဖို့ရာ အနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next