Covid-19 With Mental Health

ဒီရောဂါဟာစိတ်ပိုင်းဆိုင်ရာကိုလဲအထိနာစေတယ်ဆိုတာကိုတွေ့ရပါတယ်။ ကျွန်တော်လေ့လာမိသလောက်ကတော့ လူတွေကသီးသန့်နေရတဲ့အခါ၊အပြင်မထွက်ရတဲ့အခါ၊သတင်းဆိုးတွေပဲမြင်ရကြားရတွေ့ရတဲ့အခါ၊ရောဂါကိုယ့်ဆီကူးစက်ခံရတဲ့အခါစသဖြင့် ကြောက်ရွံ့မှုတွေ၊စိုးရိမ်ပူပန်မှုတွေမြင့်တက်လာရင်း လူတွေရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါထိခိုက်လာတာကိုတွေ့ရပါတယ်။
WHO ကလဲဒီအရာကိုသေသေချာချာသိထားသောကြောင့် လူတွေရဲ့စိတ်ပိုင်ဆိုင်ရာဘယ်လောက်ထိကိုထိခိုက်စေသလဲဆိုတာကို Quarantine လုပ်နေချိန်မှာတောင် လူရဲ့ပုံမှုန်လှုပ်ရှားမှုတွေ၊အထီးကျန်မှုအဆင့်တွေ၊စိတ်ဓါတ်ကျ၊အရက်သောက်၊မူးယစ်ဆေးသုံး၊မိမိကိုယ်ကိုထိခိုက်စေမှူ၊မိမိကိုယ်ကိုအဆုံးစီရင်မှုအစရှိသဖြင့်တောင်ရှိနိုင်တယ် မြင့်တက်လာနိုင်ခြေရှိတယ်လို့ခန့်မှန်းကြတယ်ဆိုတာကိုတွေ့ရပါတယ်။
BBC ကနေလဲ ( How To Protect Your Mental Health )ခေါင်းစဥ်နဲ့စိတ်ပိုင်းဆိုင်ရာအတွက်နည်းအချို့ဖော်ပြထားပါသေးတယ်။ စိုးရိမ်ကြောင့်ကြမှုတွေကို "APPLE" ဆိုသောနည်းကလေးနဲ့ဖြေလျော့ဖို့အကြံပြုထားပါတယ်။ Acknowledge, Pause, Pull back, Let go, Explore စသည်ဖြင့်ဖြစ်ပါတယ်။
(A) စိတ်ထဲရောက်လာသောမသေချာတဲ့အရာတွေကို လက်ခံလိုက်ပါအသိအမှတ်ပြုလိုက်ပါ။ သတင်းဆိုးတွေကိုပြောချင်တာဖြစ်မယ်ထင်ပါတယ်။
(P) ပုံမှန်အတိုင်းမတုန့်ပြန်ပဲ ခဏနားပြီးအသက်ကိုပြင်းပြင်းရှူလိုက်ပါ။
(P) ဒီအရာကစိုးရိမ်စရာသာဖြစ်တယ်အကူအညီမဖြစ်စေဘူးအရေးမကြီးဘူးစသဖြင့်မိမိကိုယ်ကိုယ်သတိပေး။ကိုယ့်စိတ်ခံစားချက်အတွေးသာဖြစ်တယ်။ကိုယ်တွေးသလိုထင်သလိုအကုန်မယုံနဲ့။အတွေးသက်သက်ပဲဘာမှအမှန်တရားမဟုတ်ဘူး။
(L)အဲ့အတွေးတွေခံစားချက်တွေဖယ်ရှားပြီးအဲ့အတွက်တုန့်ပြန်ဖို့မလိုသလို ခံစားချက်တွေသည်ပူပေါင်းလို၊တိမ်တွေလိုမျောလွင့်သွားတယ်လို့မှတ်ပါ။
(E)လက်ရှိအချိန်ကိုစူးစမ်းပါအခုကအကောင်းဆုံးပဲ ကိုင်လို့ရ၊ထိလို့ရ၊မြင်လို့ရတာတွေနဲ့လုပ်ရမယ့်အရာကိုအာရုံစိုက်ပါ။
စသဖြင့် နဲနဲစီအဆင်ပြေအောင်ကျွန်တော်ရေးပေးတာဖြစ်ပါတယ်။ မစုံလင်သေးပါ။သတင်းစုံကတော့ အောက်ဆုံးမှာ Link ချပေးထားပါတယ်။ ဖတ်ကြည့်ကြပါ။
မြန်မာနိုငိငံမှာလဲ Q ဝင်ရမှာကြောက်ကြပါတယ်။ဘာလို့လဲဆိုရင်လူတွေသူတို့အပေါ်ကြည့်တဲ့မျက်လုံးကိုကြောက်ကြပါတယ်။တရားခံလို၊ဂြိုလ်သားလိုအကြည့်တွေနဲ့ပေါ့။ဒီအရာကတော့ဆင်ခြင်ကြဖို့လိုပါတယ်၊သူတို့တွေလဲဖြစ်ချင်လို့ဖြစ်တာမဟုတ်ပါ။တချို့ကလဲရောဂါရသူတွေကိုအပြစ်တင်ကြနဲ့ပေါ့ ကိုယ်ဆိုရင်ရောကြိုက်ပါ့မလားတွေးကြည့်ဖို့လိုပါတယ်။ ဒါတောင်လူနာ၁၀၀ကျော်လေးပဲရှိပါသေးတယ်။ အကယ်၍သာများလာရင်လူတွေရဲ့စိတ်သဘောအပေါ်လဲများစွာသက်ရောက်လာမယ်။
WHO ပြောသလိုပဲ ကြာလာတဲ့အခါမြန်မာနိုင်ငံမှာလဲ Mental ပိုင်းပြဿနာတွေရှိလာနိုင်ပါတယ်။ အနည်းနဲ့အများအခုချိန်မှာလဲရှိနေမယ်လို့ယူဆရပါတယ်။
ကျွန်တော်အနည်းငယ်အားပေးချင်ပါတယ် ဝေသနာခံစားနေရသူတွေ၊Qနေရသူတွေ၊Lockdown ရင်းအထီးကျန်၊စိတ်ညစ်၊ပူပန်နေရသူတွေ သို့မဟုတ်လဲမြည်းစမ်းချင်သူတွေကိုယေရှုခရစ်တော်ရဲ့စကားလေးတစ်ခွန်းပြောပြရင်းအားပေးချင်ပါတယ်။
ရှင်မဿဲခရစ်ဝင် ၁၁:၂၈
ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။
သင့်ထမ်းရွက်ရသောဝန်ထုတ်၊စိုးရိမ်ခြင်းတွေ၊ပူပန်ခြင်းတွေ၊အဆင်မပြေခြင်းတွေ၊တမလွန်အရေးစိတ်အေးရလေအောင်ယေရှုခရစ်တော်ထံအပ်နှံလိုက်ပါ။ မြည်းစမ်းကြည့်ပါ သင်၏အသက်တာအတွက်ငြိမ်ဝပ်ခြင်းချမ်းသာဟာယခုဘဝနောင်ဘဝတည်သောကယ်တင်ခြင်းပဲဖြစ်ပါတယ်။ ခလေးတွေထမင်းကျွေးရင်မြည်းစမ်းသလို၊ဈေးဝယ်ရင်အမြည်းပေးသလိုစသဖြင့်မြည်းစမ်းခြင်းသည်ကိုယ့်အတွက်အရှုံးမရှိပါ။
မြည်းစမ်းကြည့်ပါချစ်မိတ်ဆွေ ...
မိတ်ဆွေအကယ်၍သာ ယေရှုခရစ်တော်ကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ် ခေါ်ဖိတ်လက်ခံချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ကယ်တင်ရာနေ့ရက်သည်ယနေ့ပင်ဖြစ်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
(WHO NEWS)
http://www.euro.who.int/…/corona…/mental-health-and-covid-19
(BBC NEWS)
https://www.google.com/…/www.bbc.c…/news/amp/health-51873799