သင်အပြစ်ကင်း၍စုံလင်နိုင်ပါသလား

သင်အပြစ်ကင်း၍စုံလင်နိုင်ပါသလား။
***ကယ်တင်ခြင်းရပြီးနောက်*** စုံလင်အပြစ်ကင်းပြီးဖြစ်သောကြောင့်ဝန်ချစရာမလိုအပ်ဘူးလို့ ယူဆသွန်သင်ချက်အကြောင်းဆွေးနွေးမှာဖြစ်ပါတယ်။
( ကယ်တင်ခြင်းရပြီးနောက်ကို Highlight လုပ်ပြထားပါတယ် ဒါ့ကြောင့်မို့လို့ အပြစ်ဟုဆိုရာတွင် ဂျာအေးသူ့အမေရိုက်၊မုန့်လုံးစက္ကူကပ်၍ ကယ်တင်ခြင်းမရသေးဟုဆိုကာ ကယ်တင်ခြင်းဘက်ပြန်မလှည့်စေချင်ပါ )
ဧဖက်ဩဝါဒစာ ၄:၁၃
ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့၎င်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့၎င်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ပြည့်စုံခြင်းပမာဏ အရပ်တည်းဟူသော ကြီးရင့်သော လူတို့၏ အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း။
ယုံကြည်သူတွေကိုကြီးရင့်သောသူဖြစ်စေဖို့အလိုတော်ရှိတယ်(ယုံကြည်ခြင်း၊သခင်ဘုရားကိုသိကျွမ်းခြင်း)စသဖြင့်။ခရစ်တော်၏ပြည့်စုံခြင်းလို့ဆိုပါတယ်။ ဒါ့ကြောင့် တချို့ကအလွဲယူမိကြတယ် စုံလင်သွားပြီ အပြစ်မလုပ်မိဘူး၊လုပ်မိရင်လဲ တောင်းပန်စရာမလိုဘူး၊တောင်းပန်လို့ခွင့်လွှတ်တာမဟုတ်ဘူး ခွှင့်လွှတ်ပြီးသား၊ကယ်တင်ခြင်းကတောင်းပန်လို့ရတာမဟုတ်ဘူး၊တောင်းပန်ရင်ကယ်တင်ခြင်းမရသေးဘူး စာတန်သဘောလို့ဆိုကြတယ်။
အပြစ်ကင်းစင်စုံလင်သောဘဝကိုဒီဘဝမှာရရှိသွားပြီလို့နားလည်မှုလွဲတတ်ကြတယ်၊မှားယွင်းစွာနားလည်မိသွားကြတယ်။ ခရစ်တော်၌ပြည့်စုံခြင်း၊ကြီးရင့်သောသူဖြစ်ခြင်းသည် ကျွန်တော်တို့တွေအပြစ်လုပ်မိခြင်းတွေရပ်သွားပြီ၊လုံးဝမရှိတော့ဘူးလို့ဆိုလိုခြင်းမဟုတ်ပါ။
နှုတ်ကပါတ်တော်တစ်ချက်မှာတော့ဒီလိုပြောပါတယ်။
ကောင်းကင်နိုင်ငံတော်ကိုမရောက်မခြင်း ဘယ်သူမှမစုံလင်မပြည့်စုံပါ။အပြစ်မကင်းပါ။ (ရောမ ၇:၁၄-၂၄)
ကျွန်တော်တို့အသွေးအသားရှိနေသ၍၊ဒီလောကမှာအသက်ရှင်နေသ၍၊ကောင်းကင်မရောက်မခြင်း၊ဝိညာဏကိုယ်ခန္ဓါမပြောင်းသွားမခြင်း အပြစ်ရဲ့သွေးဆောင်ခြင်းဆိုတာရှိနေတုန်းပါ၊ရှိနေမှာပါ၊လုပ်မိတာတွေလဲရှိမှာပါ။ ကောင်းကင်နိုင်ငံမရောက်မခြင်းဘယ်သူမှ အပြစ်ကင်း၍မစုံလင်ပါ။
ကောလောသဲ ၁:၂၈ မှာ ခရစ်တော်အားဖြင့်စုံလင်ခြင်းသို့ရောက်၍ ဆိုသောအရာကိုလဲ ရှုပ်ထွေးစွာနားလည်တတ်ကြတယ်။
ကောလောသဲ ၄:၁၂ မှာ စုံလင်လျှက်ဘုရားသခင်ရဲ့အလိုတော်ကိုသိဖို့ဆုတောင်းတယ်လို့ဆိုပါတယ်။တနည်းအားဖြင့် ဝိညာဥ်ရေးရာကြီးထွားစေဖို့ပါ။ အပြစ်မရှိတော့ဘူးလို့ဆိုလိုခြင်းတော့မဟုတ်ပါ။ ဒီအသွေးအသားရှိတဲ့အသက်တာမှာတော့ အပြစ်ကင်းပြီးမစုံလင်နိုင်ပါ။
အာဒံမှဆင်းသက်သောလူသားတွေအနေနဲ့ကတော့ ဘယ်လောက်ပဲအပြစ်မလုပ်ဖို့ကြိုးစားပါစေ၊ပြုမိတာတွေရှိတတ်ပါတယ်။ပေါလုကတော့ အပြစ်ရှိသောသူတို့တွင်ငါသည်အကြီးဆုံးလို့ဆိုဖူးပါတယ်။
ယောဟန်၊ပေါလု၊ပေတရု တို့ကိုယ်တိုင်က သူတို့ဟာမစုံလင်ပါဘူးလို့ဝန်ခံကြပါတယ်။
ဒါတောင်ကျွန်တော်တို့က အပြစ်ကင်းပြီးစုံလင်နိုင်ပါသလား ဒီဇာတိကိုယ်ခန္ဓါနဲ့ ...
တကယ့်စစ်မှန်သော အပြစ်ကင်းပြီးစုံလင်ခြင်းသည် ချီဆောင်ခြင်းမခံရသေးခင်ဒီလောကမှာ မဖြစ်နိုင်ပါ။ သို့မဟုတ် ဘုန်းတော်မဝင်စားသ၍ပေါ့။
ကျွန်တော်တို့ရဲ့အကျိုးအပြစ်တွေသည်ယေရှုခရစ်တော်ရဲ့တရားပုလ္လင်ရှေ့မှာပေါ်လာမယ်လို့ဆိုထားပါတယ် ( ၂ကော ၅:၁၀)
ဒါတောင် သင်သည်မျက်စိပိတ်နားပိတ်လျှက် အပြစ်လုပ်လို့ရတယ်၊သို့မဟုတ် လုပ်မိရင်လဲ၊ဝန်ချခြင်းမလိုဟုဆိုနိုင်ပါသေးသလော ...
(၁ယော၁:၉) အရဝန်ချခြင်းသည် ကယ်တင်ခြင်းရဖို့မဟုတ်ပါ။ ဘုရားနဲ့ မိဿဟာရမပျက်စေဖို့၊ ဘုရားသားဖြစ်သောကြောင့်၊ Relationship ကြောင့် ဖြစ်သည်။ပြုခဲ့ပေးသောဘုရား၏မေတ္တာတရား၊ကျေးဇူးတရားနားလည်သောကြောင့်ဖြစ်သည်။ (အသွေးတော်ကိုဆော်ကားခြင်းမဟုတ်ပေ)
ကျွန်တော်တို့ကိုကောင်းကင်နိုင်ငံတော်ကိုရောက်မှသာ
ခရစ်တော်နှင့်အတူ အပြစ်နှင့်ထာဝရကင်းစင်၍စုံလင်ခြင်းသို့ရောက်ကာ ထာဝရအသက်နဲ့ရှင်မှာဖြစ်တယ်ဆိုတာကို နားလည်ဖို့ရာ မြင်တတ်သောမျက်စိ၊ကြားတတ်သောနား၊နားလည်နိုင်သောနှလုံးသားဖြစ်စေဖို့ရာဘုရားသခင်ကောင်းကြီးပေးပါစေ။
နှုတ်ကပါတ်တော်သည်ဘယ်သောအခါမှအချည်းနှီးမဖြစ်စေဘူးဟုဆိုသည်အတိုင်း ဤစာကိုဖတ်သောသူသည် နားလည်နိုင်ပါစေ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။