December 25, 2024

ကျွန်ုပ်အဖို့​လောက်​ပေ၏

ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၁၂:၉
ငါ့ကျေးဇူးသည် သင့်အဘို့လောက်ပေ၏။ 

ရှင်​ပေါလုသည် သူ၏ကိုယ်၌ရှိ​သော ဆူးကို မခံစားနိုင်​သော​ကြောင့် ဆု​တောင်းခဲ့ဖူးသည်။ ထိုဆင်းရဲဒုက္ခကို ကင်းလွတ်​စေရန် သုံးကြိမ်တိုင်တိုင် ဆု​တောင်းခဲ့ပါသည်။ အသနားခံ​တောင်း​လျှောက်ခဲ့သည်ဟုလည်းဆိုကြပါစို့။ ထိုဆူးသည် ​ခေါင်းကိုက်​ဝေသနာဟုလည်းဆိုကြသကဲ့သို့ သခင်​ယေရှုနှင့်​တွေ့ခဲ့စဥ်က အလင်းတန်း​ကြောင့် မျက်စိထိထား​သော ဒဏ်ဟုလည်း ဆိုကြသည်။ အချို့ကလည်း သာသနာခရီးသွားစဥ် ငှက်ဖျားပိုး​ကြောင့်ဖြစ်သည်ဟုလည်း ယူဆကြ​ပေသည်။ 

မည်သို့ပင်ဖြစ်​စေပါမူ ထိုဆူးသည် ရှင်​ပေါလုအတွက်​တော့ အမြဲတမ်းနာကျင်​ခံစားနေ​ရသော ဆူးတစ်ခုဖြစ်​ချေသည်မဟုတ်ပါလား။ ထိုဆူး​ကြောင့် လုပ်​ဆောင်နိုင်ရမည့်အရာများကိုလည်း အပြည့်အဝ မလုပ်နိုင်ခြင်းလည်းဖြစ်နိုင်​ပေမည်။ ရှင်​ပေါလု ဧဝံ​ဂေလိတရားများ​ဟောခဲ့သည်၊ တည်​ဆောက်​ပေးခဲ့သည်၊ ဆု​တောင်း​ပေးခဲ့သည်၊ သာသနာပြုခဲ့သည်၊ ရှင်​ပေါလု ဆုံးမခြင်းတရား​များဟောခဲ့သည်၊ ရှင်​ပေါလု သာသနာအတွက် ခရီးများစွာလည်းထွက်ခဲ့ပါ​သော်လည်း ထိုဆူး၏ ထိုးနှက်ခြင်းသည် တခါတရံအင်မတန် နာကျင်​စွာခံစားနေ​ရပေဦးလိမ့်မည်။ ထို့​ကြောင့်လည်း သုံးကြိမ်​မြောက်​အောင်ပင် ဆု​တောင်းအသနားခံခဲ့သည်ဟု​တွေ့ရသည်မဟုတ်ပါလား။ 

သို့​သော်လည်း သူပြန်ကြားရ​သော အ​ဖြေသည် "ငါ့​ကျေးဇူးသည် သင့်အဖို့​လောက်​ပေ၏" ဟုသာဖြစ်သည်။ ရှင်​ပေါလု၏ ဆူး​သည် ​ပျောက်ကင်းခွင့်မရခဲ့ပါ။ ရှင်​ပေါလု မည်သို့ခံစားခဲ့ရမည်နည်း ... ရှင်​ပေါလု မည်မျှနာကျင်ခဲ့ရမည်နည်း ... ရှင်​ပေါလုကျခဲ့​သော မျက်ရည် မည်မျှရှိ​ပေလိမ့်မည်နည်း ဟုသာ ဆင်ခြင်ကြည့်လျှင် ကျွန်ုပ်တို့လည်း ထပ်တူထပ်မျှ ခံစားနားလည်နိုင်​ပေလိမ့်မည်မဟုတ်ပါလား။ 

ရှင်​ပေါလု၏ ဆူးသည် ​ပျောက်ကင်းခွင့်မရခဲ့ပါ သို့​သော် သူ၏ ထိုဆူးအားဖြင့် ခံစား​နေရ​သော ခံစားချက်တို့သည်လည်း ​သခင်ယေရှုခရစ်​တော်၏ ခံစားခဲ့ရ​သော ဆင်းရဲဒုက္ခများကို သတိရ​စေ​ကောင်း ရ​စေ​ပေဦးလိမ့်မည်။ ထိုဆူးသည် မ​ပျောက်ကင်းခဲ့​သော်လည်း ရှင်​ပေါလုနားလည်ခဲ့ရသည်မှာ သူ့အ​ပေါ်၌ ​ကျေးဇူး​​တော်သည် လုံ​လောက်လျှက်ရှိ​နေသည်။ ထိုဆူးအားဖြင့်လည်း ထိုသခင်၏မေတ္တာ​တော်နှင့် မကွာ​စေနိုင်သကဲ့သို့ အခြားအခြား​သော မည်သည့်အရာများ​ကြောင့်မဆိုပင် သူနှင့် ထိုသခင့်​မေတ္တာ​တော်သည် မကွာ​စေနိုင်​ကြောင်းကို သူသည် ထိုလုံ​လောက်လျှက်ရှိ​သော ​ကျေးဇူး​​တော်အားဖြင့် စိတ်ချခွင့်ရခဲ့ရသည်ဟု ကျွန်ုပ်ခံစားမိပါသည်။ တနည်းအားဖြင့်ဆိုရလျှင် နာကျင်​နေ​သော်လည်း ​ကျေးဇူး​​တော်သည် လုံ​လောက်လျှက်ရှိသည်၊ ငို​ကြွေး​နေရ​သော်လည်း ထို​ကျေးဇူး​​တော်သည် လုံ​လောက်သည်၊ ဆူးများနှိပ်စက်ကြ​သော်လည်း ထိုသခင်၏ ​ကျေးဇူး​တော်သည် သူ့အ​ပေါ်၌ လုံ​လောက်လျှက်ရှိ​နေသည်ဟုပင်ဆိုရ​ပေဦးအံ့။ 

ရှင်​ပေါလုသေသည်အထိ ထိုဆူးသည် မ​ပျောက်ပါ၊ ​ထိုဆူး၏ နှိပ်စက်ခြင်းကိုလည်း သေသည်အထိ နာကျင်စွာခံစားခဲ့ရသည်။ ထိုအ​ကြောင်းအရာသည် သင်နှင့်ကျွန်ုပ်အတွက် ဝမ်းနည်းစရာ၊ စိတ်ပျက်အားငယ်စရာ၊ မ​ပျောက်ကင်း​သောစိတ်ဒဏ်ရာများ၊ ငို​ကြွေးစရာများအဖြစ် မမြင်​စေပဲ "​ငါ့​ကျေးဇူးသည် သင့်အဖို့​လောက်​ပေ၏" ဆိုသည်ကို မြင်​စေပါအဖ ... အာမင်။ 

အချုပ်အားဖြင့်ဆိုရလျှင် ​လောကကြီးထဲတွင် ​နေထိုင်ကြ​သော ကျွန်​တော်တို့အ​ယောက်စီတိုင်းတွင် ဆူး​လေးတစ်ခုစီ ရှိနိုင်​ပေသည်။ ထိုဆူးသည်လည်း တစ်ဦးနှင့်တစ်ဦးမတူနိုင်ကြပါ။ တချို့ကလည်း ကျန်းမာ​ရေးဆူး၊ တချို့ကျပြန်​တော့ စိတ်ဒဏ်ရာဆူး၊ တချို့ကျ​တော့လည်း ငို​ကြွေးခြင်းဆူး၊ အတိတ်ရဲ့ဆူး၊ လူမှု​ရေးဆူး၊ အိမ်​ထောင်​ရေးဆူး၊ နိုင်ငံ​ရေးဆူး၊ အချစ်​ရေးဆူး၊ ပညာ​ရေးဆူး၊ ခွင့်မလွှတ်နိုင်ခြင်းဆူး၊ နာကျည်းခြင်းဆူး စသဖြင့် အမျိုးမျိုး​ အမျိုးမျိုးသော ဆူးများရှိကြ​ပေလိမ့်မည်မဟုတ်ပါလား။ 

ကျွန်​တော်တို့ အ​ယောက်ချင်းစီတိုင်းသည် ဆုလည်း​​တောင်းကြ​ပါသည်၊ မ​ရေမတွက်နိုင်​အောင်ပင်​ ​တောင်း​ကောင်း​လည်း တောင်းကြ​ပေလိမ့်မည်။ သို့​သော်လည်း ထိုဆူးများသည် မ​ပြေ၊ သာ၍ရစ်ပတ်လျှက် နာကျင်​စွာဖြင့် ငို​ကြွေး​နေရသည့်အချိန်များစွာ ရှိတတ်ကြပါသည်။ ထိုဆူးကိုခံစားရသည့်အချိန်တိုင်းတွင်လည်း "ငါ့​ကျေးဇူးသည် သင့်အဖို့​လောက်​ပေ၏" ဟုဆင်ခြင်လျှက် သခင်​ယေရှုခံစားခဲ့ရ​သော ဆင်းရဲဒုက္ခများကိုလည်း သတိရ​စေပါ။ မိမိတို့ အ​ယောက်စီတိုင်း နာကျင်စွာ ငို​ကြွေးခံစားလျှက်ရှိကြ​သော ထိုဆူးများအားဖြင့်လည်း သခင်​ယေရှုခရစ်​​တော်၏ ​မေတ္တာ​တော်နှင့် မကွာ​စေနိုင်​ကြောင်းကို ထပ်​လောင်းဝန်ခံကာ "​ကျေးဇူး​တော်သည် ကျွန်ုပ်တို့အဖို့ ​လောက်​ပေ၏" ဟုဆင်ခြင်ရင်း ... သက်သာခြင်းကို​ပေးပါအဖဘုရားသခင်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next