November 26, 2026

လူငယ်နှင့်သမ္မာတရား

 

အခု​ခေတ်အချိန်ဟာ (Information Overloaded) လို့​ပြောလို့ရတဲ့ သတင်းအချက်အလက်​တွေသိပ်​ပေါများတဲ့အချိန်ဖြစ်တယ်။ ဖုန်းတစ်လုံးရှိရုံနဲ့တင် ကိစ္စ​တော်​​တော်များများလုပ်လို့ရ​နေပြီဖြစ်တယ်။ Internet ကိုဘာ​တွေအသုံးပြု​နေကြတာလဲအစရှိသဖြင့်​ပေါ့။
လူငယ်​တွေအ​နေနဲ့လမ်းမှား​ရောက်​စေဖို့ရာလဲလွယ်ကူစွာဖြစ်နိုင်တယ်လို့ယူဆလို့ရတဲ့အ​​ခြေအ​နေလဲဖြစ်တယ်။
Social ​အရ​သောက်စားခြင်းတွေလဲအရမ်း​ခေတ်စားလာတာကို​တွေ့ရသလို၊အလုပ်သ​ဘောအရ၊မိတ်ဖြစ်​ဆွေဖြစ်ဆိုတဲ့အရာမျိုး​တွေလဲ​တွေ့ရတတ်တယ်။ ဒါမှမလုပ်ရင်မှား​နေသလို၊လူရာမဝင်သလို၊အဆင့်မမှီသလိုလို ထင်ကြတဲ့​ခေတ်ပါ။ တနည်းအားဖြင့် အမှားကိုအမှန်ထင်လာကြပြီဖြစ်တယ်။ ဒါ​ကြောင့်မို့လို့ ယုံကြည်သူမိဘ၊ဆရာသမား၊ညီအကို​မောင်နှမများဟာ လူငယ်များအတွက် သမ္မာတရားနဲ့အညီပိုင်းခြားနားလည်တတ်​စေဖို့သွန်​သင်​ပေးဖို့လိုအပ်တယ်ဆိုတာကိုနားလည်လာမိတယ်။ 

 

သုတ္တံကျမ်း ၂၂:၆
သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်။

 

ကျွန်​တော်တို့လူငယ်​တွေကပိုင်းခြားနားလည်တတ်ဖို့ရာ သခင်ဘုရားကိုသိကျွမ်းခြင်းပညာလိုအပ်တယ်။​ဒါမှသာ ​လောကမှာအသက်ရှင်တဲ့အခါ သမ္မာတရားလမ်းအတိုင်းသွားတတ်မှာဖြစ်တယ်။ ဒါ့​ကြောင့် နှုတ်ကပါတ်​တော်သမ္မာတရားနဲ့အညီဆုံးမ​ပေးဖို့ရာအ​ရေးကြီးတယ်ဆိုတာကိုနားလည်ရပါတယ်။ ငယ်ရွယ်စဥ်အခါမှစ၍ သမ္မာတရားအတိုင်းသွန်သင်လမ်းပြ​ပေးဖို့ရာလိုတယ်။ သမ္မာတရားနဲ့အညီသွန်သင်​သော Sunday School များပို့​ပေးဖို့ရာလိုအပ်တယ်။

 

မိမိရဲ့သားသမီးကိုချစ်​​တော့အလိုလိုက်ကြပါတယ်။သို့​သော် သမ္မာတရားလမ်းအတိုင်းသွား​တတ်​စေဖို့ရာ လိုအပ်လျှင်​တော့ ကြိမ်လုံးသုံးသင့်ရင်သုံးရ​မှာဖြစ်တယ်။
အသက်ကြီးမှဆုံးမဖို့ဆိုတာ အချိန်လွန်သွားပြီဖြစ်တယ်။
အသက် ၄၀​လောက်မှ လမ်းမှားမ​ရောက်​စေဖို့ဆုံးမတာထက် ငယ်​သောအရွယ်မှစပြီးဆုံးမခြင်းဟာ မတူခြားနားပါတယ်။

 

ငယ်​သောအရွယ်မှစ၍သွန်သင်ထား​သော​ကြောင့် အသက်တာမှာဘုရားနဲ့သွားလာတတ်သွားပြီဖြစ်​တယ်။ဒါ့​ကြောင့်မို့လို့ လုပ်ရမလား၊မလုပ်ရမလား၊​ပြောရမလား၊မ​ပြောရမလား၊ရှိရမဲ့​နေရာ၊မရှိရမဲ့​နေရာ ကိုပိုင်းခြားနားလည်တတ်သလို၊ကိုယ်​ကြားရတဲ့စကား(သွန်သင်ချက်)တို့သည် နှုတ်ကပါတ်​တော်သမ္မာတရားနဲ့ညီမညီ၊မှားယွင်း​သောဩဝါဒ​တွေလားဆိုတာကို ပိုင်းခြားနားလည်တတ်ပါမယ်။ ​အိမ်​ထောင်​ရေး၊လူမှု​ရေး၊စီးပွား​ရေး အစရှိသဖြင့် သမ္မာတရားနဲ့ချိန်ထိုးပြီး ဆုံးဖြတ်တတ်လာမှာဖြစ်ပြီး​တော့ 
လောကကြီးမှာ ဘုရားဘုန်းထင်ရှားစွာအသက်ရှင်​သော ယုံကြည်သူလူငယ်​တွေဖြစ်လာမှာဖြစ်တယ်ဆိုတာ​သေချာ​ပါတယ်။

 

ဒါ့​ကြောင့် လူငယ်နှင့်သမ္မာတရားဟာ အလွန်အ​ရေးကြီး​သော အခန်းကဏ္ဍ အဖြစ်ခံစားမိပါ​တော့တယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next