November 26, 2026

အကြီးမြတ်ဆုံး​သော နာမ​တော်

တစ်ရက်တွင် ရုပ်ရှင်မှာ နတ်ဆိုးထုတ်​သော အခန်း​လေးပါလာသည်ကို မြင်လိုက်မိသည်။ ထိုအရာမှာ ထုတ်​နေ​သော ခရစ်ယာန်ဘုန်းကြီးသည် ​သေ​ကောင်​ပေါင်းလဲ ပင်ပန်းစွာ ​အော်ဟစ်​နေရခြင်းသာမက အ​တော်ကို ဒုက္ခ​ရောက်ရသည်။ ထွက်​ပြောလဲ ​ဟို​ကောင်က ​ပြောင်ပြလိုက်နှင့် သူ့ခဗျာသနားစရာပုံ​သာ ပေါက်​နေရှာ​​လေရော့သည်။ သူဘယ် နာမ​တော်ကိုသုံးတာလဲ၊ နှင်ထုတ်ဖို့အတွက် နာမည်​မေးဖို့လိုသလား၊ စာတစ်တန် ​ပေတစ်တန်နှင့် ​ရေ​လောင်းလိုက် ဖ​​ယောင်းသုတ်လိုက်​တွေလိုလို့လား၊ လက်ဝါးကပ်တိုင်ပြစရာ​တွေ၊ လက်ဝါးကပ်တိုင်ပါ​သော အစွပ်သုံး၍ လက်သီးနှင့်ထိုးဖို့​တောင်မှ လိုရဲ့လားဆိုကို မြင်​ယောင်မိ​လေ​တော့သည်။

​လောကသဘာဝ​လေးကို အနည်းငယ်ဆင်ခြင်ကြည့်ရ​ရင် လူတစ်​ယောက်၏ အမည်နာမ​​တောင် အ​တော်စွမ်းတာကို သိကြမယ်ထင်ပါတယ်။ ဘယ်သူနဲ့​တွေ့မယ် ဘယ်သူ့နာမည်​ပြောလိုက်၊ ဘယ်သူကဘာဖြစ်တယ် ဘယ်သူ့နာမည်​ပြောလိုက် စသဖြင့် ဘယ်သူဆိုတဲ့ အမည်နာမ​တွေ​တောင် အ​တော်စွမ်း​လေရဲ့။ ဘယ်သူဆို​သော သူ၏ သားသမီး၊ ​ဆွေမျိုး၊ အသိမိတ်​ဆွေ၊ လက်​အောင်ငယ်သားဆိုသည်မှာပင် စွမ်းသင့်သ​လောက် စွမ်းကြတယ်မဟုတ်ပါလား။ ဒါက ​လောကသဘာဝတစ်ခုသာရှိ​သေးသည်။ သင်ကိုးကွယ်​သော ဘုရား၏ နာမ​​တော်သာဆိုလျင် သင်စဥ်းစားကြည့်မိပါရဲ့လား။

မာကု အခန်းကြီး(၅)မှာ ညစ်ညူး​သောနတ်ဖြစ်​သော ​လေ​ဂေါင်သည် ​ယေရှုကို အ​ဝေးကမြင်တာနဲ့တင် ပျပ်ဝပ်၍ ကြီး​သောအသံနှင့် ​တောင်းပန်တာကိုမြင်ရပါတယ်။ ကျွန်​တော့်အမြင်က​တော့ ထိုနတ်ဆိုး၏ အမည်ကို ​ယေရှု​မေးလိုက်သည်ကို ကြည့်၍ နတ်ဆိုး၏နာမည်မသိလျှင် နတ်ဆိုးကိုနှင်ထုတ်မရဟု ယူဆလိုက်ကြ​လေသလားလို့ ​တွေးမိပါ​လေရဲ့။ မဿဲ အခန်းကြီး (၁၅)မှ မိန်းမတစ်​ယောက်၏ သမီး နတ်ဆိုးစွဲခြင်းကို ကြည့်လျှင်လည်း ​အပို​တွေလုပ်​နေစရာမလိုတာကို သတိထားမိပါလိမ့်မယ်။ မဿဲ (၁၇:၂၁) မှာ​တော့ စွမ်းအားကြီးတဲ့ နတ်ဆိုးမျိုးကို​တွေ့ရတယ်၊ သူက​တော့ ဆု​​တောင်းခြင်း၊ အစာ​ရှောင်ခြင်း​တွေလိုအပ်တယ်ဆိုတာကို ​သေ​သေချာချာနားလည်ရပါတယ်။

ရှင်မာကုခရစ်ဝင် ၁၆:၁၇-၁၈
ယုံကြည်သောသူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူကား၊ ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတံ့။ ထူးခြားသောဘာသာစကားမျိုးတို့ကို ပြောကြလတံ့။
မြွေတို့ကို ဘမ်းကိုင်ကြလတံ့။ သေစေတတ်သော အဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပဒ်နှင့် ကင်းလွတ်ကြလတံ့။ မကျန်းမမာသောသူတို့အပေါ်မှာ လက်ကိုတင်၍ ချမ်းသာပေးကြလတံ့ဟု မိန့်တော်မူ၏။

ငါ့နာမကို အမှီပြု၍လို့ ဆို​သော​ကြောင့် သင်သည် ထိုအတွက် ရုပ်ရှင်​တွေထဲကလို နာမည်​တွေ​မေးလိုက်၊ ​ရေ​တွေဖြန်းလိုက် စသဖြင့်ပြဿနာ​တွေ ကြုံရစရာမလိုပါဘူး၊ နာမတကာတို့ထက် အကြီးမြတ်​ဆုံး​သောနာမဖြစ်​​သော ​နာဇရက်မြို့သား သခင်ယေရှုခရစ်​တော်၏ နာမ​တော်အားဖြင့် ယုံကြည်သူတိုင်း တတ်စွမ်းနိုင်​သော အခွင့် အာဏာပင်ဖြစ်သည်။ ရာထူးအကြီး အငယ်သတ်မှတ်ထားသည် မဟုတ်​သောကြောင့် ယုံကြည်သူတိုင်း၏ လုပ်ပိုင်ခွင့် အခွင့်တန်ခိုးအာဏာပင်ဖြစ်​ပေသည်။ 

ဒါကိုသင်က ဆုသာ​တောင်းမည် သင်နှင့်မဆိုင်၊ ဆရာကြီး​တွေမှရမည်ထင်လျှင် တစ်ခုခု​တော့လွဲ​နေ​သေးသည်။ ​​ပေးထားပြီးသားဖြစ်​သော​ကြောင့် သုံးသည်မသုံးသည်က သင်နှင့်ကျွန်ုပ်၏ အ​ပေါ်သာမူတည်​နေသည်။ ဆိုကြပါစို့ ​သင့်ကို သင့်အ​မေက ငွေငါး​သောင်းမုန့်ဖိုး​ပေးလိုက်လို့ သင့်မှာရှိပါတယ်၊ ဗိုက်ကဆာ​နေတယ် ဒါ​ပေမယ့် အငတ်ခံချင်ခံပါ ရှိတဲ့​ငွေနှင့် ဝယ်စားချင်စားပါ။ ရှိပြီးသားဖြစ်တယ် ​ပေးထားပြီးသားပါ သင်ထုတ်သုံးမသုံးက​တော့ သင့်သ​ဘောပင်။

ယုံကြည်သူတိုင်း၌ရှိ​သော အခွင့်တန်ခိုးအာဏာသည် အသက်ကြီးသည်ငယ်သည်၊ ဆရာဖြစ်မှ၊ ဘာဖြစ်မှဆိုတာမျိုး​တွေ မရှိဘူးဆိုတာ နားလည်ရသလို နာမတကာတို့ထက် အကြီးမြတ်ဆုံး​သောနာမဖြစ်​သော နာဇရက်မြို့သား သခင်​ယေရှုခရစ်​​တော်၏ နာမ​တော်ပင်ဖြစ်​ပေ​တော့သည်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next