January 14, 2025

ခံစားချက်​တွေထက်

(ကမ္ဘာဦးကျမ်း အခန်းကြီး ၂၂)ကို​ ရောက်လာတဲ့အခါမှာ ထာဝရဘုရားက အာဗြဟံကို စုံစမ်းခြင်းတစ်ခုကိုပြုတယ်။ ချစ်လှစွာ​သောသားလည်းဖြစ်၊ တစ်ဦးတည်း​သော သားလည်းဖြစ်တဲ့ ဣဇာက်ကို ပူ​ဇော်ဖို့​ပြောတာကို ​တွေ့ရသည်။ အာဗြဟံကလည်း မဆိုင်းမတွ မနက်​စော​စောထပြီး ထိုအမိန့်​တော်ကို နာခံတယ်ဆိုတာကို ထင်ရှားစွာ​တွေ့ပါတယ်။ သူ့ရဲ့ချစ်လှစွာ​သောသားကို ပူ​ဇော်ဖို့၊ တစ်ဦးတည်း​သောသားကို မီးရှို့ရာယဇ်အဖြစ် ပူ​ဇော်ရန်အတွက် နံနက်​စော​စောထပြီး မြည်းကိုပြင်တယ်၊ ထင်း​တွေကိုလည်း ခွဲပြီး စနစ်တကျပြုပြီးတာနဲ့ ထာဝရဘုရားချိန်းချက်တဲ့​နေရာကိုသွားတယ်ဆိုတာကို​တွေ့ရပါတယ်။ 

အာဗြဟံ၏ မဆိုင်းမတွပြင်ဆင်ခြင်း၊ ငြင်းဆန်ခြင်းမရှိတဲ့နာခံခြင်း၊ မိမိ၏ခံစားချက်​တွေ ဆန္ဒ​တွေကို ဆန်တက်ကာ အံတုလွန်ဆန်ခြင်းတို့သည် ယ​နေ့ယုံကြည်သူဟု​ခေါ်ဆို​သော ခရစ်ယာန်များ၏ အတုယူစရာတစ်ခုလည်းဖြစ်​ချေသည်။ လူမျိုးကြီးဖြစ်​စေမည်ဟူ​သော ဘုရားစကားကို နင်း၍ သားဖြစ်သူအား ပူ​ဇော်ခိုင်းခြင်းကို ငြင်းဆန်ခြင်းမပြုခဲ့သည်မှာ အာဗြဟံ၏ ဘုရားစကားကို ​မေ့​နေခြင်း​တော့ ဖြစ်မည်မထင်ပါ။ ထို့အတူ သူ၏သားကို ပူ​ဇော်ခြင်းသည် ရင်နာစရာ၊ နာကျင်ရမည့် ငို​ကြွေးစရာဖြစ်သလို၊ အသက်ကြီးမှရ​သောသားလည်းဖြစ်၍ အင်မတန်ချစ်​သော်လည်း အမိန့်​တော်ကိုနာခံတယ်၊ အလို​တော်ကိုဝန်ခံတယ်၊ စကား​​တော်ကို လိုက်နာတယ်၊ ကိုယ်​တော်မြတ်၏ ဆန္ဒ​တော်သည်သာ ပထမအရာဖြစ်ပါတယ်ဟု မ​ပြောရုံတမယ်သာဖြစ်​နေ​ပေသည်။ 

ကမ္ဘာဦးကျမ်း ၂၂:၂
သင်သည် အလွန်ချစ်သောတစ်ယောက်တည်းသော သားဣဇာက်ကိုယူ၍ မောရိပြည်သို့သွားလော့။ ငါပြလတံ့သောတောင်ပေါ်မှာ သူ့ကိုမီးရှို့ရာယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။ 

ခံစားချက်​တွေထက်၊ ဆန္ဒများစွာထက်ဆို​သော သီချင်းကို နှုတ်မှရွတ်ဆိုရုံမဟုတ်ဘဲ အသက်တာမှာနာခံခြင်းနှင့် အသက်ရှင်ရန်သာအ​ရေးကြီးသည်ကို ဆင်ခြင်မိရင်း ... အာဗြဟံက​တော့ သားဖြစ်သူကိုပူ​ဇော်ပါဟုဆိုရာတွင် တုန့်ဆိုင်းခြင်းမရှိဘဲ နာခံခြင်းနှင့်လိုက်​လျှောက်ခဲ့​လေသည်။ 

"ကျွန်ုပ်တို့က​ရော မိမိ၏ဆန္ဒ​တွေ၊ ခံစားချက်​တွေကို ဖယ်ရှားကာ အလို​တော်ကိုဝန်ခံခြင်းတည်းဟူ​သော ပူ​ဇော်ခြင်းမျိုးကို​ ပြုနိုင်ပါ၏​လော" ... 

အာဗြဟံ၏ ထိုနာခံခြင်းကို မမြင်ဘဲ အာဗြဟံ၏​ကောင်းကြီးမင်္ဂလာ၊ သူ့အမျိုးအနွယ် စသဖြင့် ​ကောင်းကြီးကိုသာမြင်​နေတတ်ကြသည်။ ယ​နေ့ကျွန်ုပ်တို့ယုံကြည်သူများသည် အာဗြဟံ၏နာခံခြင်းကိုလည်း အတုယူသင့်သည်မဟုတ်ပါလား။ 

အာဗြဟံသည် မိမိ၏ခံစားချက်၊ စိတ်ဆန္ဒများကို ဆန့်ကျင်ဘက်ပြုရခြင်းသည် အင်မတန် ခက်ခဲပါသည်၊ အလွန်နာကျင်ရပါမည် မှန်​သော်လည်း ထာဝရဘုရားသခင်၏ မီးရှို့ရာယဇ်ကို ပူ​ဇော်ပါဟူ​သော အမိန့်တော်ကို နာခံခဲ့သည်။ ချစ်​သောသားနှင့် အချိန်မည်မျှပင် အတူရှိခဲ့ပါ​စေ၊ အတူ​ဆော့ကစားခြင်းသည် ​ဝမ်းသာ​ပျော်ရွှင်ရ​သော်လည်း ဆန့်ကျင်ဘက်ပင်ဖြစ်ပါ​စေ၊ သားငယ်အားဆုံးရှုံးရခြင်းသည် ငို​ကြွေးရ​ပါ​စေ နာကျဥ်ပါ​စေဦး​တော့ သူသည် နာခံခြင်းသာပြုမည်ဟု ဆုံးဖြတ်ခြင်းသည်လည်း ခက်ခဲမှာဖြစ်​ပေမယ့် လုံးဝလိုက်နာခဲ့သည်မဟုတ်ပါလား။ 

ကျွန်ုပ်တို့ယုံကြည်သူများက​တော့ မိမိတို့၏ ဆန္ဒ၊ စိတ်ခံစားချက်များသာ အ​ရေးကြီးသလား၊ ဘုရားသခင်၏ အလို​​တော်ကသာ အ​ရေးကြီးသလား ယ​နေ့မှာ ဆင်ခြင်ဖို့လိုလာပါတယ်။ နိုင်ငံ​ရေး၊ လူမှု​ရေး၊ စီးပွားရေး၊ အချစ်​ရေး၊ အိမ်​ထောင်​ရေး၊ ပညာ​ရေး၊ ဘာ​ရေး ညာ​ရေး​တွေမှာပင်ဖြစ်ပါ​စေ မိမိ၏ စိတ်ခံစားချက်၊ ဆန္ဒများစွာထက် ကိုယ်​တော်ရှင်၏ အလို​တော်ကိုသာ ဝန်ခံနိုင်​သောသူဖြစ်​စေဖို့ရာ ဘုရားရှင်​ကောင်းကြီးရှိပါ​စေ။ ထိုသို့ဝန်ခံခြင်း၊ နာခံခြင်းသည် မိမိတို့၏ စိတ်ဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်​နေ၍ လက်တ​လော နာကျဥ်ရမည်၊ ငို​ကြွေးရမည်၊ စိတ်ညစ်ရမည် စသဖြင့် ရှိ​ကောင်းရှိနိုင်မည်ဖြစ်​သော်လည်း အာဗြဟံ၏ နာခံခြင်းကို သတိရပါ ... နားလည်နိုင်ဖို့ရာ ဘုရားရှင်​ကောင်းကြီးရှိပါ​စေ။ 

အာဗြဟံသည် ထာဝရဘုရားအား ပထမ​ပြောထားတဲ့ အရာ​တွေနဲ့ ပြန်လည် ခွန်းတုန့်မပြန်ခဲ့ပါဘူး၊ ကျွန်ုပ်တို့က​ရော ကျွန်ုပ်တို့ စိတ်ဆန္ဒအလိုမပြည့်စုံရတိုင်း ခွန်းတုန့်ပြန်ကာ ဘုရားသခင်ကို အိုး​မြေ​နေရာထားပြီး အိုးထိန်းလုပ်ကာ ဘုရားရှင်ကိုအမိန့်​ပေး​စေခိုင်း​နေမိပါသလား။ ယ​နေ့မှာ​တော့ နိုင်ငံ​ရေးဖြစ်​စေ၊ လူမှု​ရေးဖြစ်​စေ၊ စီးပွား​ရေးဖြစ်​စေ ဘုရားသခင်၏ နာမ​​တော်ကို အလွဲသုံးစားလုပ်ခြင်းမျိုးများစွာ မြင်​တွေ့ရတတ်​ပေသည်။ အကယ်၍သာ ထိုသို့ဖြစ်​နေမိလျှင်​တော့ ပြန်လည်​နောင်တရ​ဖို့ရာ ဘုရားရှင်တို့ထိ စကား​ပြောပါ​စေ။ 

အာဗြဟံသည် မိမိ၏ ခံစားချက်​တွေ၊ ဆန္ဒများစွာ​တွေထက် ထာဝရဘုရား၏ အမိန့်​တော်ကိုသာ နာခံတယ်။ ကျွန်ုပ်တို့ယုံကြည်သူ ခရစ်ယာန်များသည်လည်း မိမိတို့၏ ဆန္ဒများစွာထက်၊ ခံစားချက်​တွေထက် ကိုယ်​တော်ရှင်၏ အလို​တော်ကိုသာ ဝန်ခံခြင်း၊ နာခံခြင်းနှင့်သာ လိုက်​လျှောက်အသက်ရှင်ကာ ဘုရားသခင်၏ဘုန်း​တော်ကို ထင်ရှား​စေ​သောသူများဖြစ်​စေကြဖို့ရာ အနည်းငယ်တိုက်တွန်း ခွန်အား​ပေးချင်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next