December 25, 2024

ဆာ​လောင်ခြင်းမှသည်

ဆာ​လောင်မှုတစ်ခုမှသည် အပြစ်ဒုစရိုက်ကိုလုပ်​ဆောင်ရန် အမြဲတမ်းတိုက်တွန်း​လေ့ရှိသည်။ ပစ္စည်းဥစ္စာတပ်မက်မှုသည် ထိုအရာကို မည်သို့ရယူရန်လုပ်​ဆောင်ရမည်ဆိုသည့်ဘက်ကို တွန်းပို့တတ်သည်။ ထိုမှတဆင့် ခိုးယူမလား၊ ဓါးပြတိုက်မလား၊ မတရားသိမ်းယူမလား စသဖြင့် မ​ကောင်းမှုဘက်၌ အားပြုလာ​စေတတ်ကြသည်။ 

ဓမ္မရာဇဝင်ဒုတိယ​စောင် အခန်းကြီး (၁၁)တွင် ဒါဝိဒ်ကိုကြည့်လျှင် မိန်းမတစ်​ယောက်​ရေချိုးသည်ကိုမြင်၍ သူ၏ဆာ​လောင်မှုသည် ​မေထုန်၌ဖြစ်​နေခဲ့သည်။ သူ့တွင် အခြား​သော ​မောင်းမများရှိ​သော်လည်း ထိုမိန်းမ (ဗာသ​ရှေဘ) ကိုသာ တပ်မက်ခဲ့သဖြင့် မတရားမှုကိုပြုကာ ကျူးလွန်ခဲ့သည်မဟုတ်ပါလား။ ခဏတာဆာ​လောင်ခြင်းမှသည် ဒုစရိုက်လွန်ကျူးခြင်းကို လုပ်​ဆောင်​စေခဲ့​ပေသည်။ 

ထိုဆာ​လောင်မှုသည် ပစ္စည်းဥစ္စာလား၊ ​မေထုန်လား၊ ရာထူး၊ အာဏာ၊ ​ငွေ​ကြေး၊ ဂုဏ်သတင်း စသဖြင့် အမျိုးမျိုးဖြစ်နိုင်သည်။ သို့​သော် ထိုဆာ​လောင်မှုကိုသာ အခွင့်​ပေးလိုက်မိသည့် ​နောက်တွင်​တော့ မတရားမှုကိုလုပ်​ဆောင်ရန်ဝန်မ​လေး​တော့​သလို အဓမ္မမှုကိုပြုကျင့်ရန် လက်မရွံ့​တော့ပါ။ အကြမ်းဖက်ခြင်း၊ နှိပ်စက်ခြင်း၊ လူ့အသတ်သတ်ခြင်းပင်လုပ်​ဆောင်ရပါ​စေဦး​တော့ မိမိတို့ဆာ​လောင်မှုအတွက် အလိုရမက်​ပြည့်စုံရန်သာ အ​ရေးကြီးသည်ဟုပင် သ​ဘောထားကာ လုပ်​ဆောင်ကြသည်အထိ ​လူစိတ်​ပျောက်သွားတတ်ကြ​ပေသည်မဟုတ်ပါလား။ 

ရှင်ယာကုပ်ဩဝါဒစာ ၁:၁၄
မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။ 

မကောင်းသောအရာများကို ကြံစည်ခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်ပြစ်မှားခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေ ခံခြင်း၊ သူ့အသရေကို ဖျက်ခြင်း၊ အကြမ်းဖက်ခြင်း၊ နှိပ်စက်ခြင်း စသဖြင့်​သောအရာတို့သည် နှလုံးထဲကထွက်လာသည်မဟုတ်ပါလား။ ထိုသို့​သောအရာများသည် သူတပါး​စေခိုင်းခြင်း​ကြောင့်မဟုတ်ပဲ မိမိတို့အတွက် အကျိုးစီးပွား၊ ရာထူး၊ စည်းစိမ် စသဖြင့် တစ်ခုခုကိုရယူလို၍သာ မိမိတို့၏ တပ်မက်​သော ဆာ​လောင်ခြင်း​ကြောင့် ဖြစ်တည်လာ​သော အရာများဟုဆိုလျှင်လည်း မမှား​ချေ။ 

ထို့​ကြောင့် မိတ်​ဆွေနှင့် ကျွန်​တော်တို့၏​ဆာလောင်ခြင်းသည် ​ငွေ​ကြေးလား၊ ဂုဏ်လား၊ အာဏာလား၊ ​မေထုန်လား ဘာ​တွေပဲဖြစ်​နေပါ​စေ "မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။" ဟုဆိုသည့်အတိုင်း မိမိတို့၏ ဆာ​လောင်ခြင်းမှသည် ဘာ​တွေများမှားယွင်းမှုဖြစ်​နေ​စေမိပြီလဲ ... 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next