November 26, 2026

မျှော်လင့်ခြင်းနှင့်ပြည့်​သော မနက်ဖြန်

မနက်ဖြန်ဆိုပြီး အားတင်းကာ​လျှောက်လှမ်းကြတဲ့သူ​တွေရှိသလို မနက်ဖြန်ဆိုတာကို ​ကြောက်လန့်​နေကြသူ​တွေလည်းရှိသည်။ မနက်ဖြန်ကို စိတ်ပျက်​နေသူ​တွေ၊ မနက်ဖြန်ကို ထိတ်လန့်​ကာ ​သွေးပျက်နေကြသူ​တွေရှိကြသလို မနက်ဖြန်ကို ​မျှော်လင့်ရင်း ​ရှေ့ကိုဆက်​နေကြသူ​တွေလည်းရှိကြသည်။ 
နက်ဖြန်​နေ့သည် သင့်အတွက် ဘယ်လို​နေ့များပါလိမ့်။ အချို့လူ​တွေအတွက် မနက်ဖြန်ဆိုသည်မှာ ကမ္ဘာပျက်မတတ်ဖြစ်​ကောင်းဖြစ်မည်။ မနက်ဖြန်သည် ငရဲအလား​ စိုးထိတ်​နေမိကြသူ​တွေလည်းရှိမည်။ မိမိတို့၏ ပိုင်ဆိုင်မှု​တွေ၊ အားကိုးအားထားရာ စည်းစိမ်၊ အာဏာ၊ လူ၊ အစရှိသဖြင့် မနက်ဖြန်မှာ အရာရာဆုံးရှုံးရမည်ကို ​ကြောက်လန့်​နေကြသူများလည်းရှိမည်။ အချို့လူ​တွေအတွက် မနက်ဖြန်ဆိုသည် ​မျှော်လင့်ခြင်းအပြည့်ရှိ​သော ​နေ့ရက်ဖြစ်မည်။ 


အချို့ကလည်း မိမိတွင်ရှိသည့် အားကိုးရာတစ်ခုခုကိုသာ အမှီပြု၍ ဝါကြွားတတ်ကြသည်။ မနက်ဖြန်ကို ထိုအမှီပြုရာနှင့် ရင်ဆိုင်ချင်ကြသည်။ မိမိ၏ စီးပွား​ရေး၊ မိမိ၏ ပညာအရည်အချင်း၊ မိမိ၏ အာဏာ၊ မိမိ၏ လုပ်ပိုင်ခွင့်၊ မိမိ၏ ပိုင်ဆိုင်မှုများစွာကိုသာ အမှီပြု၍ ထိုမနက်ဖြန်​နေ့ကို ဝါကြွားချင်တတ်ကြသည်မှာ လူ့သဘာဝပင်ဖြစ်သည်။ သို့​သော်လည်း ထိုသူတို့၏ မသိခြင်းသည် မနက်ဖြန်​နေ့၌ ဆုံးရှုံးမလား ဘာဖြစ်မည်ဆိုတာကို​တော့ လုံးဝမသိကြပါ။ မနက်ဖြန်ကို မိမိတို့ပိုင်သကဲ့သို့ ဝါကြွား​နေခြင်းသည်ပင်လျှင် ပညာမဲ့ရာ​ရောက်​ပေသည်မဟုတ်ပါလား။ 


သုတ္တံကျမ်း ၂၇:၁
နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တစ်ရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။ 


ထိုမနက်ဖြန်ကို ကျွန်ုပ်တို့သည် ဘယ်အရာကိုအားကိုး၍ ဆက်​လျှောက်​နေကြသည်မှာ အ​ရေးကြီးလှသည်။ မနက်ဖြန်​ပေါင်းများစွာမှာ ပြဿနာ​ပေါင်းများစွာလည်း ရှိချင်ရှိ​နေနိုင်မည်၊ အခက်အခဲ​ပေါင်းများစွာ၊ အဆင်မ​ပြေမှု​ပေါင်းများစွာ၊ ကျဆုံးမှု​ပေါင်းများစွာလည်း ရှိ​နေ​ပေဦးမည်။ ထိုမျှမက ​ကြောက်ရွံ့ထိတ်လန့်စရာ​တွေ၊ စိုးရိမ်စရာ​တွေ၊ စိတ်နှလုံးမချမ်း​မြေ့စရာ​တွေလည်းရှိနိုင်မှာဖြစ်ပါသည်။ ထို့​ကြောင့် ထိုမနက်ဖြန်ကို ရင်ဆိုင်​ကျော်လွှားရန် ခွန်အားသစ်များစွာလိုအပ်သည်။ 


"ထာဝရဘုရားကို ​မျှော်လင့်​သောသူတို့မည်သည်ကား အားပြည့်ကြလိမ့်မည်" ဟုဆိုသကဲ့သို့ ကျွန်ုပ်တို့၏ မနက်ဖြန်ကို ထာဝရဘုရားကို​မျှော်လင့်ရင်း ​ရှေ့ဆက်ကြရ​အောင်လား ... အချို့အတွက်​တော့ သူတို့အားကိုးရာ မကယ်နိုင်​သော မနက်ဖြန်သည် ဆုံးရှုံးရာ​နေ့၊ ငရဲအလား၊ အချို့အတွက်​တော့ သူတို့အားထားရာ မကယ်တင်နိုင်​သော မနက်ဖြန်သည် ​ကြောက်စရာ၊ ထိတ်လန့်စရာ၊ စိတ်ပျက်စရာ၊ အချို့အတွက်​တော့ သူတို့ ဝါကြွားရာ မကယ်တင်နိုင်​သော မနက်ဖြန်သည် ငို​​ကြွေးစရာ၊ ပျက်ဆီးရာ၊ ပျက်သုဥ်းရာ​နေ့ဖြစ်နိုင်​သော်လည်း ကျွန်ုပ်တို့အတွက်​တော့ ​မျှော်လင့်ခြင်းနှင့်ပြည့်​သော မနက်ဖြန်ဖြစ်ပါသည်ဟု အနည်းငယ်တိုက်တွန်းခွန်အား​ပေးရင်း ​မနက်ဖြန်​နေ့ကို ဘုရားသခင်နှင့်အတူ ​ရှေ့ဆက်ကြရ​အောင်လားမိတ်​ဆွေ။ 


ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 


#Titus_KyawNyi 


Photo Crd: Internet

Previous Next