Count Your Blessing
ကျွန်တော်သည် ကိုယ့်ပိုက်ဆံအိတ်ထဲတွင် ဘယ်လောက်ရှိမှန်း သတိရလေ့မရှိချေ။ တခါတလေ အမေပိုက်ဆံထည့်ထားပေးရင်တောင် သတိမထားမိတတ်ပေ။ ထို့ကြောင့် တိုးလာမှန်းလဲမသိသလို တခါတလေ လျော့လို့လျော့နေမှန်းမသိတတ်။
လုပ်ငန်းများ၏ ထုံးစံတွင် နှစ်ချုပ်စာရင်းများစွာလုပ်တတ်ကြသည်။ နှစ်စဥ်အရှုံး အမြတ်စာရင်း၊ ဝင်ငွေထွက်ငွေစာရင်း၊ ဘတ်ဂျတ်စာရင်း စသဖြင့် စီစစ်လေ့ရှိသလို စာရင်းဇယားလုပ်လေ့ရှိကြပေသည်။ ထိုသို့မလုပ်လျှင် မည်မျှမြတ်မှန်းမသိသလို မည်မျှအရှုံးပေါ်မှန်းမသိကာ ဒေဝါလီခံလိုက်ရပေမည်မဟုတ်ပါလား။ ထို့ကြောင့် ယနေ့ကဲ့သို့သော နှစ်သစ်အကူးအပြောင်းတွင် အရှုံးအမြတ်၊ ဘတ်ဂျတ်၊ နှစ်သစ်ဗျူဟာ စသဖြင့် ဆွဲပြီးကြသူတွေရှိသလို ဆွဲနေကြတဲ့ကာလတစ်ခုလို့ဆိုရင်လည်း မှားမည်မထင်ချေ။
ကျွန်ုပ်တို့ခရစ်ယာန်အသက်တာတွင်လည်း လွန်လေပြီးသော ကာလများစွာမှ ကောင်းကြီးမင်္ဂလာများကို ပြန်လည်ရေတွက်တတ်ခြင်းသည်လည်း အရေးပါလှပေသည်။ ယနေ့သည် နှစ်သစ်၏ ပထမဦးဆုံးရက်ဖြစ်ပေသည်။ ၂၀၂၁ သို့ ဝင်စားခွင့်ကိုရရှိသော ကျွန်ုပ်တို့သည် ၂၀၂၀ မှကောင်းကြီးမင်္ဂလာများကိုလည်း ပြန်လည်ရေတွက်ဖို့ရန် အနည်းငယ်အားပေးချင်ပါတယ်။
လက်ထဲတွင်ရှိသော အရာကို သိမှတ်မှသာ နောက်ထပ်ဝင်ရောက်လာသောအရာများကို သတိပြုမိပေမည်၊ သို့မှသာလျှင် တိုးလို့တိုးမှန်းသိရှိမည်မဟုတ်ပါလား။ ထို့အတူပင် ကျွန်ုပ်တို့ခံစားရသော ကောင်းကြီးမင်္ဂလာများကို သိမှတ်ကာ ရေတွက်၍ ထပ်တိုးကောင်းကြီးမင်္ဂလာကို ရေတွက်နိုင်ဖို့ရာ ဘုရားရှင်ကောင်းကြီးရှိပါစေ။
ဧဖက်ဩဝါဒစာ ၅:၂၀
ခပ်သိမ်းသောအရာတို့၌ ကျေးဇူးတော်ကြီးလှပါ၏ဟု ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကို ထောက်၍၊ ခမည်းတော်ဘုရားသခင်ရှေ့၊ ကာလအစဉ်မပြတ်ဝန်ခံကြလော့။
ထို့ကြောင့် အရာရာ၌လည်း ကျေးဇူးတော်ကိုဝန်ခံချီးမွမ်းတတ်ကာ မိမိတို့ ခံစားရသော ကောင်းကြီးများကို ပြန်လည်ရေတွက်ကြရင်း ကောင်းကြီးတစ်ခုမှ နောက်တစ်ခု ထပ်ဆင့်၍ ကျေးဇူးတော် တစ်ခုမှ နောက်တစ်ခု သာ၍ ကြွယ်ဝစွာခံစားရသောသူများဖြစ်ကြပါစေဟု အနည်းငယ် ဝေမျှတိုက်တွန်း ခွန်အားပေးကာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet