November 26, 2026

ပြန်လည်​ရွေ့​လျော့​ဖောက်ပြန်ခြင်းမရှိ​စေဖို့

ရှင်ပေတရုဩဝါဒစာ ဒုတိယစောင် ၂:၂၀-၂၁
ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်ကိုသိကျွမ်းခြင်းအားဖြင့်၊ လောကီညစ်ညူးခြင်းနှင့် ကင်းလွတ်ပြီးမှ၊ တဖန်ကျော့မိ၍ ရှုံးလျှင်၊ နောက်ဖြစ်ဟန်သည် ရှေးဖြစ်ဟန်ထက်သာ၍ဆိုး၏။
ဖြောင့်မတ်ခြင်းတရားလမ်းကိုသိ၍၊ မိမိခံခဲ့ပြီးသော သန့်ရှင်းသော ပညတ်ကိုတဖန်စွန့်ပစ်သည်ထက်၊ ထိုလမ်းကိုမသိဘဲနေသော် သာ၍ကောင်း၏။

ဘဝမှာ အ​ရောအ​နှော​လေးလုပ်ပြီး အသက်ရှင်​နေထိုင်တဲ့ အမည်ခံ ခရစ်ယာန်ထဲမှာသင်ပါ​နေပြီလား။ ဘုရားသခင်က အရင်ကအပြစ်​တွေ​ရော၊ ​နောက်လုပ်မယ့်အပြစ်​တွေကို​ရော ခွင့်လွှတ်​ပေးပြီးသားပါ လို့ဆိုကာ ကြိုက်သလို​နေထိုင်​သော ​​ပေါက်တတ်ကရ ဩဝါဒနဲ့အသက်ရှင်​​နေသော ​ပေါက်တတ်ကရ ခရစ်ယာန်လား။ လူကို​တော့အမှားကို ​တောင်းပန်တတ်ကြတယ် ​"ဆောရီးပါအကို" လို့ဆိုတတ်ကြ​ပေမယ့် ကျမ်းစာမှာ ​နောင်တရဖို့၊ အပြစ်ဝန်ချဖို့၊ အကျင့်မပါ​သော ယုံကြည်ခြင်းသည်အ​သေလို့ အတိအကျ​ဖော်ပြထားသလို၊ ​နောင်တရ၍​ ဝန်ချတောင်းပန်ခြင်းသည် ကယ်တင်ခြင်းနဲ့မဆိုင်တာကို အတိအကျ​ပြောထားရက်နဲ့ ​ပေါက်ပန်း​လေးဆယ်ဩဝါဒ​တွေ​နောက်ကိုလိုက်ပြီး ​ပေါက်ပန်း​လေးဆယ်ခရစ်ယာန်ဖြစ်​နေပြီလား။ ယ​နေ့ထိုအထဲမှာ သင်ပါ​နေပြီဆိုလျှင် ပြင်ဆင်ပါ၊ ဆင်ခြင်ပါ၊ ​နောင်တရပါ။ ​

အ​ပေါ်ကအချက်​တွေကို ဘာဖြစ်လို့​ဖော်ပြသလဲဆိုလျှင် ထိုအရာ​တွေဟာ ခရစ်ယာန်အသက်တာအတွက် အ​နှောက်အယှက်​တွေဖြစ်​သော​ကြောင့်ပင်။ ကယ်တင်ခြင်းရပြီး​တော့မှ ခရစ်​တော်ကိုရပြီးကာမှ ​ကျေးဇူး​တော်ပါ ​ငါတို့အရင်အပြစ် အခုအပြစ် ​​နောက်အပြစ် အားလုံးပါတယ် ခွင့်လွှတ်ပြီးပြီ ကျေးဇူး​​တော်ပါဟုဆိုခြင်း​၊ ပြန်လည်​ရွေ့​လျှော့​ဖောက်ပြန်ခြင်းသည် ​​ရှေ့ဖြစ်ဟန်ထက်​နောက်ဖြစ်ဟန်ကပို​တောင်ဆိုး​သေးတယ်လို့ဆိုတယ်၊ ဥပမာ အပြစ်လုပ်လိုင်စင်ရသွားသကဲ့သို့ ကြိုက်သ​လောက်အပြစ်လုပ်၊ ဒုစရိုက်ပြု၊ လူသတ်​တောင်ရတယ်လို့ ​ကျေးဇူး​​တော်ကို တလွဲယူ၍ ​ကျေးဇူး​တော်ကိုပြစ်မှားခြင်း (Hyper Grace) ဖြစ်​ပေသည်။ ​ဖြောင့်မတ်ခြင်းတရားကိုသိပြီ ကယ်တင်ခြင်းရပြီး သခင်​ယေရှုခရစ်​​တော်ကို ယုံကြည်လက်ခံပြီးကာမှ သန့်ရှင်း​သော ပညတ်​တွေကိုစွန့်ပြီး ထိုကဲ့သို့ ​ရွေ့​လျှော့​ဖောက်ပြန်ကာ ​ကျေးဇူး​တော်ကို တလွဲလုပ်​နေခြင်း​တွေသည် (Hyper Grace) ထိုကယ်တင်ခြင်းလမ်းကို မသိတာ​တောင် ပို​ကောင်းပါ​သေးတယ်လို့ဆို​ပေသည်။

ဆာလံကျမ်း ၁၁၉:၁၀-၁၁
အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာပါ၏။ ပညတ်တော်လမ်းမှ လွဲစေတော်မမူပါနှင့်။
ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။

အချုပ်အားဖြင့်ဆို​သော် ​​ကျေးဇူး​တော်ဆိုသည်မှာ သင်ကြိုက်သ​လောက်အပြစ်လုပ်ဖို့ရာ အပြစ်လုပ်ခွင့်လိုင်စင်တစ်ခုမဟုတ်သလို၊ အရင်အပြစ် ယခုအပြစ် ​နောင်အပြစ် အားလုံးခွင့်လွှတ်တယ် ​နောင်တနဲ့ဝန်ချ​တောင်းပန်စရာမလိုဟု (Hyper Grace) အယူလွဲ​စေဖို့မဟုတ်သလို၊ ကယ်တင်ခြင်းသည် ​တောင်းပန်လို့ရ​တာ မဟုတ်​သော်လည်း ကယ်တင်ခြင်းရပြီးသား ခရစ်ယာန်အသက်တာသည် ​ပြုမိ​သောအပြစ်များကို စစ်မှန်​သော​နောင်တနှင့်ဝန်ချ​တောင်းပန်ရ​ပေမည်။ 

သင်​ရော ကျွန်​တော်​ရော ပြန်လည်​​ရွေ့​လျော့ဖောက်ပြန်ခြင်းမရှိ​စေဖို့ သမ္မာတရားကို သမ္မာသတိနဲ့ထိန်းရင်း ထို​ပေါက်တတ်ကရ ဩဝါဒ​တွေ မဝင်လာ​စေရန် ​ဗေရိမြို့သားများလို ​ကျမ်းစာကို ​နေ့ညမပျက်စေ့​စေ့ဖတ်ရှု ဆင်ခြင်နှလုံးသွင်းကြပါစို့။ စိတ်နှလုံးအကြွင့်မဲ့ ​ယေရှုခရစ်​တော်၏ အလို​တော်သို့သာလိုက်တတ်ပြီး၊ အကျင့်ပါ​သော ယုံကြည်ခြင်းသည် ​သူတပါးကို သက်​သေပြနိုင်ခြင်း၊ ပညတ်​တော်လမ်းမှ မလွဲသွား​စေခြင်းငှာ ပိုင်းခြားနားလည်တတ်ကြဖို့နှင့် ကိုယ်​တော်ကို မပြစ်မှားဘဲ ​နေနိုင်မည့်အ​ကြောင်း ဗျာဒိတ်​တော်ကို နှလုံးထဲမှာသိုထားသကဲ့သို့ ကျွန်ုပ်တို့ရဲ့ နှလုံးထဲတွင် ရှိ​နေရမည်မှာ နှုတ်ကပါတ်​​တော် ဘုရားစကားသာဖြစ်​စေကြဖို့ရာ အနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။

ဘုရားသခင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Previous Next