January 15, 2025

သခင့်စစ်သည်​တော်များ

စစ်သည်တစ်ဦးသည် ​ရှေ့တန်းမှာပင်ဖြစ်​စေ ​နောက်တန်းမှာပင် ဆင်းရဲဒုက္ခကို​​တော့ ခံရတတ်ကြသည်။ ​လေ့ကျင့်ခန်း​ပေါင်းများစွာ ​လေ့ကျင့်ထားသဖြင့် စစ်မက်ဖြစ်ပွားရာ​နေရာတွင်လည်း ပိုင်နိုင်စွာ လှုပ်ရှားနိုင်ကြသည်။ ​ရှေး​ခေတ်မှစစ်သည်​တော်များတင်မကဘဲ ယ​​နေ့ခေတ်စစ်သည်များပင်လျှင် ထိုအ​လေ့အထကို ​တွေ့ရကြသည်။ 

ထိုစစ်သည်များသည်လည်း သူတို့၏ အထက်လူကြီး၏ အမိန့်ကို တ​စ်သွေး တစ်သံ တစ်မိန့် နာခံလိုက်နာတတ်ကြသလို၊ ထိုသူ၏ အလို​ကျေနပ်​စေရန်လည်း လုပ်​ဆောင်တတ်ကြသည်။ ထိုအရာမှာ အတုယူသင့်​သော အချက်ဟုလည်း ဆိုနိုင်​ပေသည်။ အဘယ့်​ကြောင့်ဆို​သော် ကျွန်ုပ်တို့ ယုံကြည်သူများသည်ပင်လျှင် သခင်​ယေရှုခရစ်​တော်၏ စစ်သည်​တော်များဖြစ်​သော​ကြောင့်ပင်ဖြစ်​ပေသည် မဟုတ်ပါလား။ 

တိမောသေဩဝါဒစာ ဒုတိယစောင် ၂:၃-၄
ထိုသို့အလိုငှါ သင်သည်၊ ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲကဲ့သို့၊ ဆင်းရဲဒုက္ခကိုသည်းခံလော့၊
စစ်သူရဲမည်သည်ကား၊ မိမိကိုစစ်သူရဲအရာ၌ ခန့်ထားသောသူကို နှစ်သက်စေခြင်းငှါ၊ လောကီမှု ရေးနှင့်ပြွမ်းနှောရှုပ်ထွေးခြင်းကိုပယ်ရှားတတ်၏။ 

ကျွန်ုပ်တို့သည် စစ်သူရဲတစ်ဦးအလား ဆင်ခြင်​နေထိုင်ရန်လည်း လိုအပ်သည်။ ရန်သူပစ်ခတ်​သော မြှား ဘယ်​နေရာမှ လာတတ်သလဲ၊ ဘယ်​နေရာမှာ ခြုံခိုတိုက်ခြင်း ခံရနိုင်မလဲ၊ ရန်သူ့အ​ခြေအ​နေ ဘယ်လိုရှိသလဲ စသဖြင့် နိုးကြားစွာ အဆင်သင့်အမြဲရှိ​နေရ​ပေမည်။ ထိုသို့ တက်ကြွစွာ နိုးကြားသတိထား​နေခြင်းနှင့် သမ္မာတရားအတွက် တိုက်ခိုက်ခြင်းတို့သည် ပင်ပန်းဆင်းရဲကြုံရနိုင်​ပေသည် မှန်​သော်လည်း ကျွန်ုပ်တို့အား စစ်သူရဲအရာကို အပ်နှင်း​ပေးထား​သော သခင့်ကို နှစ်သက်ဝမ်း​မြောက်​စေရန် အရာရာ၌ သတိထားကာ ဆင်ခြင်ကြရ​ပေမည်မဟုတ်ပါလား။ 

ရန်သူ၏ ​လောကီ​ရေးရာ မြှား၊ စိတ်ခံစားချက် ဆန္ဒများစွာ၏ ခြုံခိုတိုက်ခြင်း၊ အလို​တော်နှင့်ဆန့်ကျင်​သော ဓါးခုတ် လှံထိုးချက်များ၊ သမ္မာတရားနှင့်မညီ​သော သွန်သင်ခြင်းများဖြစ်တဲ့ ​ပြောက်ကြားတပ်များ သူလျှိုများ၊ သတင်းအမှား​တွေဖြစ်တဲ့ မဟာဗျူဟာများနှင့် ရန်သူ့အင်အား အလုံးအရင်းများ စသဖြင့်တို့သည် ကျွန်ုပ်တို့ကို တိုက်ခိုက် သတ်ဖြတ်ရန်အတွက် စစ်​မြေပြင်တွင် အမြဲတမ်း​စောင့်​ဆိုင်းလျှက်ရှိကြသည်ဖြစ်၍ သမ္မာတရားကို သမ္မာသတိနှင့် ဆင်ခြင်ကြကာ ​ဗေရိသားများကဲ့သို့ ​နှုတ်ကပတ်​တော်ကို မှန်သည် မမှန်သည် စေ့​စေ့ဖတ်ရှု ဆင်ခြင် နှလုံးသွင်းကာ ပိုင်းခြားကြပါစို့။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next