November 26, 2026

ထိုသူတို့ရဲ့အပြစ်ကိုလွှတ်ပါ

ဒီအချိန်မှာ တိုက်ခိုက်​ဝေဖန်ဆဲဆို​နေတာ​တွေကိုကြားရမှာဖြစ်ပါတယ်။ တကယ်​တော့ စဖြစ်ကတည်းကဆဲ​နေကြတာပါ။ ပြည်​တော်ပြန်​တွေကိုစဆဲတယ်၊ချင်းက​နေ၊ဆရာ​ဒေးဗစ်၊ကိုမျိုးကြီးအလှည့်ဖြစ်လာရင်းနဲ့ ဆရာစံပီးဗီဒီယိုဘက်ပြန်လှည့်လာကြပါတယ်။ ​နောက်ဘယ်သူ့အလှည့်ဖြစ်မလဲ​တော့ကျွန်​တော်လဲမသိပါဘူး။

ခရစ်ယာန်အချို့လဲပါ​နေတာမြင်ရ​တော့ပိုပြီးစိတ်မ​ကောင်း​တော့ဖြစ်မိပါတယ်။ လူဆိုတာကလဲ ​ဝေဖန်မယ်၊ကဲ့ရဲ့အပြစ်တင်မယ်၊လူမျိုး​ရေး​တွေတိုက်ခိုက်မယ်စသဖြင့်လုပ်ကြတာကိုအား​ရနှစ်သက်ကြတယ်။အချင်းချင်းနှုတ်ဆက်ရင်​တောင် ဝလာတယ်​နော်၊မဲသွားတယ်​နော်တို့​တောင်မထိတထိ​ပြောတတ်ကြတာပဲ​လေ။

 

ရောမဩဝါဒစာ ၁၂:၂၁
အဆိုးအာဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကို နိုင်လော့။ 

 

ယုံကြည်သူ​တွေကိုအား​ပေးချင်ပါတယ်။ပြန်မတုံ့ပြန်ပါနဲ့။ နာကျင်​​နေရပေမယ့် ​ကျေးဇူး​တော်ပဲချီးမွမ်းပါ။
ထိုသို့တုံ့ပြန်ရင်ကိုယ်လဲထို့အတူဖြစ်​စေမယ်။ဒါ့​ကြောင့် အ​ကောင်းအားဖြင့်ပဲအဆိုးကိုအနိုင်ယူပါ။ရန်သူကိုပင်ချစ်ပါဆိုတာကိုမ​မေ့​စေဖို့ရာဘုရားရှင်​ကောင်းကြီး​ပေးပါ​စေ။

အာဗြဟံကို ထာဝရဘုရားကသူ့ရဲ့သားကိုစွန့်ခိုင်း​တော့သူလဲနာကျင်ရပါတယ်။​ယောသပ်ကိုဘုရင်ဖြစ်မယ်​ပြော​ပေမယ့်ဖြတ်သန်းခဲ့ရတာကနာကျင်​စေခဲ့တယ်၊ဒီအခက်အခဲ​တွေထဲက​နေသင်ယူစရာ​တွေကိုသင်ယူခဲ့ရတယ်။​ဒါဝိဒ်လဲထို့အတူပါပဲ။ယောဘဘုရားနဲ့မှန်​ပေမယ့် သူ့သူငယ်ချင်း​တွေ​ဝေဖန်တာကိုနာကျင်စွာခံစားရတယ်။ (ဥပမာ ... ကိုယ်ကမှန်​နေသားနဲ့ကိုယ့်ကိုမဟုတ်တာလို့မတရားစွတ်ဆွဲရင်ခံစားရတဲ့ခံစားချက်မျိုး)

 

​နောက်ဆုံးအချက်​လေးနဲ့​ဝေမျှခွန်အား​ပေးချင်ပါတယ်။
​ယေရှုခရစ်​တော်ကားတိုင်​ပေါ်မှာရှိ​နေစဥ်မှာ ​အောက်ကလူ​တွေကအမျိုးမျိုးကဲ့ရဲ့အပြစ်တင်ကြပါတယ်။ဘုရားသားမှန်ရင်ကိုယ့်ကိုကိုယ်ကယ်ပါ၊ဆင်းခဲ့ပါ၊စသဖြင့်​ပေါ့။သို့​သော်အ​ရေးကြီးတာကကယ်တင်ခြင်းပြီးပြည့်စုံ​စေဖို့သာအသက်ကိုစွန့်ခဲ့ပါတယ်။ ​ယေရမိ​ခေတ် ​​ယေရှုရှလင်မြို့ရိုးပြန်တည်​ဆောက်တဲ့အခါမှာ ရန်သူ​​တွေနှောက်ယှက်ပါတယ်၊အားပျက်စရာ၊စိတ်ပျက်စရာနဲ့အ​နှောက်အယှက်​တွေ​ပေးပါတယ်။သို့​သော် ထိုသူ​တွေကလုပ်ရမယ့်အ​ရေးကြီး​သောအရာကိုသာဆက်လုပ်ပါတယ်။
ကျွန်​တော်တို့ကလဲ ထိုသို့ပြန်မတုံ့ပြန်​စေမိဖို့နဲ့အ​ရေးကြီးတာကိုပဲဆက်လုပ်ဖို့သတိပြုမိ​စေဖို့အ​ရေးကြီးပါတယ်လို့​ပြောချင်ပါတယ်။ ဒါတင်မက​သေးပဲ ထိုသူတို့ရဲ့မသိပဲပြုမိ​၊​ပြောဆိုမိသောအပြစ်ကိုလွှတ်ဖို့နဲ့ကယ်တင်ခြင်းရဖို့ကိုဆု​တောင်း​ပေးကြပါစို့လို့အနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။ ကျွန်​တော်တို့ယုံကြည်သူ​တွေဟာအ​ကောင်းအားဖြင့်အဆိုးကိုအနိုင်ယူကြပါစို့လို့တိုက်တွန်းခွန်အား​ပေးချင်ပါ​တော့တယ်။

 

​ရှင်လုကာခရစ်ဝင် ၂၃:၃၄
ယေရှုကလည်း၊ အိုအဘ၊ သူတို့၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြဟု မြွက်ဆိုတော်မူ၏။ 

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next