ဂတိထားတော်မူသောသူ

ဂတိထားတော်မူသောသူသည် ဒီဂတိအတိုင်းတတ်နိုင်တယ်ဆိုတာကို အာဗြဟံသိတယ်။ သူ၏အသက်ကြီးနေခြင်း၊ စာရာ၏ဝမ်းသည်လည်း မစွမ်းနိုင်သည်ကို သိသော်လည်း ထိုအရာတွေထက် ဂတိထားတော်မူသော ဘုရား၏ ဂတိတော်ကိုသာစွဲလန်းတယ်။
ဂတိတော်နှင့်ဆိုင်သော သားကိုလည်း ထိုစာရာ၏ ဝမ်းမှ ဆင်းသက်ခွင့်ဖြစ်ပေသည်။ သွေးသားရင်းဖြစ်သော သား၊ ဂတိတော်နှင့်ဆိုင်တဲ့ ချစ်လှစွာသော သား မဟုတ်ပါလား။
ရောမဩဝါဒစာ ၄:၂၁
ဂတိထားတော်မူသောသူသည် ဂတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏။
ကျွန်တော်တို့သည် အာဗြဟံ၏ ယုံကြည်ခြင်းကိုလည်း ဆင်ခြင်အတုယူသင့်ပေသည်။ မိမိတို့သည် အာဗြဟံကြုံတွေ့ရသော အခြေအနေကဲ့သို့လည်း ဖြစ်နေနိုင်သည်။ ခက်ခဲမှုကို မကျော်နိုင်တော့ဘူး၊ အသက်ကြီးနေပါပြီ၊ အဆင်မပြေနိုင်တော့ဘူး၊ စသဖြင့်တွေကြားထဲမှ စိတ်ပျက်အားလျှော့သွားတတ်ကြပေမယ့် ဂတိတော်၏ အရှင်ကို သတိရပါ။
ငါသည်သင့်ကို မစွန့်ဆိုသော ဘုရားသခင်၏ ဂတိတော်သည် သင်နှင့်ကျွန်ုပ်အပေါ်မှာ တည်တံ့လျှက်ရှိပါသည်။ မိတ်ဆွေရင်ဆိုင်နေရသော အရာများကို ရင်ဆိုင်ကျော်လွှားနိုင်မည့် ခွန်အားရရှိနိုင်မည် ဖြစ်ရုံမက၊ သင့်ကိုအလျှင်းပစ်၍မထားဟူသော ဂတိတော်ထားတော်မူသော ထိုဘုရားသခင်သည် ဂတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းကြပါစို့ဟု အနည်းငယ် တိုက်တွန်းခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet