ဆေးစက်ကျရာအရုပ်ထင်
အသင်းတော်ဆိုသည်မှာ ယုံကြည်သူအစုအဝေးဖြစ်သည်ဟူ၍ သိကြမည်ဖြစ်သည်။ ထိုအသင်းတော်သည်လည်း ယေရှုခရစ်တော်ကို ဦးခေါင်းနေရာတွင်ထားသော အသင်းတော်ဖြစ်သည်။ ထို့အပြင် ထိုယုံကြည်သူအစုအဝေးသည် ဆုကျေးဇူးကိုယ်စီဖြင့် ဖွဲ့စည်းတည်ဆောက်ထားကြသည်ဖြစ်ပေသည်။
သာသနာပြုခြင်းသော်လည်းကောင်း၊ တည်ဆောက်ခြင်း သွန်သင်ခြင်းသော်လည်းကောင်း၊ မှားယွင်းသော သွန်သင်ခြင်းများကို ကာကွယ်ခြင်းသော်လည်းကောင်း စသဖြင့်တွေကိုလည်း အသင်းတော်မှ လုပ်ဆောင်ကြသည်။
ဧဖက်ဩဝါဒစာ ၄:၁၂
သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှါ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်း၊ အချို့ကို ပရောဖက်အရာ၌၎င်း၊ အချို့ကို သာသနာပြုအရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်ဆရာ၊ ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူ၏။
အသင်းတော်တွင် ပါဝင်ဆက်ကပ်ကြသူတိုင်းသည် မိမိတွင် ရှိသော အစွမ်းသတ္တိရှိသမျှ၊ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဆုကျေးဇူးအမျိုးမျိုးကို အသုံးပြုကာ ပါဝင်ကြပေသည်။ တီးခတ်ခြင်းအားဖြင့်သော်လည်းကောင်း၊ သီဆိုခြင်းအားဖြင့်သော်လည်းကောင်း၊ ပေးလှူခြင်းတွေ၊ ဆုတောင်းပေးခြင်းတွေ အစရှိသဖြင့် ပါဝင်ဆက်ကပ်ကြပေသည်။ အချို့မှ နောက်ကွယ်မှ တာဝန်ထမ်းဆောင်ကြသလို၊ အချို့မှာလည်း စာရင်းအင်း၊ အချို့မှာ စီမံခန့်ခွဲခြင်း၊ အချို့ကလည်း ငွေကိုင်တွယ်ပေးခြင်းအားဖြင့်သော်လည်းကောင်း ပါဝင်ကြသည်ကိုလည်း မြင်တွေ့နိုင်ပါသည်။
အသင်းတော်တွင်ရှိသော သင်းအုပ်သည်လည်း သင်းအုပ်၏တာဝန်ကို ကျေပွန်စေရသကဲ့သို့၊ သင်းထောက်၊ အသင်းလူကြီးများ၊ ဆရာသမားများ စသဖြင့်တို့သည်လည်း မိမိ၏ တာဝန်ကို ကျေပွန်စေရသည်။ ထိုသူများသည်လည်း (Commitment) ကတိသစ္စာထားကြသူများဖြစ်သည်။
ထို့ကြောင့် အသင်းတော်တည်းဟူသော သခင်ယေရှုခရစ်တော်၏ ကိုယ်ခန္ဓါဖြစ်သော ယုံကြည်သူအစုအဝေးသည် ယေရှုခရစ်တော်ကို ဦးခေါင်းနေရာ၌ထားကာ မိမိ၏ ရှိတဲ့အရပ်တွင် မိမိတို့၏ကျရာတာဝန်ကို ဆုကျေးဇူးအသီးသီးတို့ကို အကျိုးရှိစွာ အသုံးချပြီး ကတိသစ္စာထားကာ တည်ဆောက်နေကြသူများပင်ဖြစ်ပေသောကြောင့် "ဆေးစက်ကျရာ အရုပ်ထင်" ဟုတင်စားကာ ဖော်ပြလိုက်ပါတော့သည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet