January 23, 2025

ဘဝသစ်အတွက် ထမ်းဘိုးလဲလှယ်ခြင်း

နာကျဥ်ရခြင်းသည် လူတစ်​ယောက်၏ စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်သည်။ တနည်းအားဖြင့်​ပြောရရင်​တော့ လက်ရှိမှာကြုံ​တွေ့​နေရ​သော အဆင်မ​ပြေခြင်း၊ စိတ်ပျက်အားငယ်ခြင်း၊ စိတ်ဓါတ်ကျဝမ်းနည်းခြင်း၊ ​ခြေကုန်လက်ပန်းကျခြင်း၊ ငို​ကြွေးမြည်တမ်းရခြင်း၊ စသဖြင့်​တွေသည် အတိုင်းအတာ တစ်ခုအ​ရောက်မှာ​တော့ စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်နာကျဥ်လာ​စေပါတယ်။ 

ဒီလိုလူတစ်​ယောက်ဟာ အားလုံးကို တ​ဖြေး​ဖြေးနဲ့စိတ်ပျက်လာမယ်၊ အားငယ်လာရင်းနဲ့ စိတ်ဓါတ်ကျလာမယ်။ ဒီလိုနဲ့ ​နောက်ဆုံးမှာ အသက်မရှင်ချင်​တော့​လောက်​အောင်ကို စိတ်ပျက်လာကာ ​​လောကကို စွန့်ခွာသွားချင်လာပါလိမ့်မယ်။ ဒီပြဿနာရဲ့ အရင်းအမြစ်ကို ပြန်ရှာ​ဖွေတဲ့အခါမှာ​တော့ အဆင်မ​ပြေခြင်း၊ မတရားသဖြင့်ခံရခြင်း၊ ငြင်းပယ်ခံရခြင်း၊ သစ္စာ​ဖောက်ခံရခြင်း စသဖြင့်​တွေ​ကြောင့်လို့ အ​ခြေခံအားဖြင့် နားလည်နိုင်ပါတယ်။ 

ဟုတ်ပါတယ် ဒီလို ခံစားရတဲ့ ခံစားချက်​တွေတိုင်းသည် အင်မတန်နာကျဥ်ရပါတယ်။ သို့​သော် ဒဏ်ရာဗလပွနဲ့ဆိုတိုင်း ​မျှော်လင့်ချက်မရှိတာ​တော့ မဟုတ်ပါ။ မိတ်​ဆွေ ကြုံ​တွေ့ခံစား​နေရတဲ့ ရုပ်ပိုင်းဆိုင်ရာနာကျဥ်ရခြင်း​တွေ၊ စိတ်ပိုင်းဆိုင်ရာ ခါးသီးမှု​တွေ စသဖြင့်​တွေကို ​ယေရှုခရစ်​တော်သည်လည်း ထပ်တူခံစားခဲ့ရပါတယ်။ မတရားသဖြင့်ခံရခြင်း၊ အပြစ်မရှိသည်ကို အပြစ်ရှိသည်ဟုရိုးစွတ်ခြင်း၊ အရှက်ခွဲခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ ​လှောင်​ပြောင်ခံရခြင်း၊ ငြင်းပယ်ခံရခြင်း၊ သစ္စာ​ဖောက်ခံရခြင်း၊ စသဖြင့် ခံစားခဲ့ရဖူးသည်။ ဒါ့​ကြောင့် မိတ်​ဆွေခံစားရသည်ကို ​ယေရှုခရစ်​တော်သည် ထပ်တူနားလည်ပါသည်။ 

ရှင်မဿဲခရစ်ဝင် ၁၁:၂၉-၃၀
  ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ် သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။
အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏ဟု မိန့်တော်မူ၏။ 

​ရှေးဦးစွာ မိတ်​ဆွေ နာကျဥ်ခံစား​နေရ​တဲ့ ​လေး​သော ဝန်ကို ​ချနိုင်ဖို့ရာ ​ယေရှုခရစ်​တော်ထံ အရင်ဦးစွာ တိုးဝင်ပါ။ ငါ့ထံသို့လာကြ ငါသည်ချမ်းသာ​ပေးမည်ဟု ဆိုသည့်အတိုင်း မိတ်​ဆွေအတွက် ငြိမ်ဝပ်ခြင်းချမ်းသာကို ရ​အောင်ယူပါ။ သင့်ရဲ့ ဝန်​တွေကို မနိုင်ဝန်ထမ်း​နေမည့်အစား သခင်တင်​သော ထမ်းဘိုးကိုတင်ပါ၊ ထိုထမ်းဘိုးသည် ထမ်းလွယ်တယ် သခင်တင်တဲ့ဝန်သည် ​ပေါ့တယ်ဟုဆိုသည့်အတိုင်း သင်မနိုင်​သောဝန်ကို သင့်ထံ သခင် မတင်ပါ။ 

သခင်​ပေး​သော ဝန်ကိုသာ ထမ်း၍ ဘဝသစ်ကို ထမ်းဘိုးအသစ်နှင့် ဝမ်း​မြောက်စွာ ​လျှောက်လှမ်းနိုင်ဖို့ သခင်အလိုရှိတယ်။ သင်နာကျဥ်ခံစားခဲ့ရသမျှကို သခင်သည် နားလည်တယ်၊ သိမှတ်တယ် ဒါ့​ကြောင့် သင့်ကိုအလျှင်း ပစ်၍မထားဘူးလို့လဲ ကတိ​တော်ရှိတယ်။ သင်​ရော ထိုသခင်ထံ တိုးဝင်ဖို့ အဆင်သင့်ဖြစ်ပြီလား၊ ထိုကတိ​တော်ကို လက်ခံဖို့ ပြင်ဆင်ပြီးပြီလား။ မိတ်​ဆွေ အဆင်သင့်ဖြစ်ပြီဆိုရင်​တော့ သခင်ပြင်ဆင်တဲ့ ဘဝသစ်ကို ထမ်းဘိုးအသစ်နဲ့ လဲလှယ်လိုက်ပါ​တော့လားဟု အနည်းငယ် ခွန်အား​ပေးတိုက်တွန်းချင်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next