January 14, 2025

ကြယ်ငါးများ၏ ဒိုင်ယာရီ

ည​နေခင်း ​မှောင်ရီဝိုးတဝါး ညီအစ်ကို မသိတသိအချိန်တစ်ခု​မှာပေါ့။ ဆရာ​ဖေမြင့် (နှလုံးသားအဟာရ) စာအုပ်တစ်အုပ်မှ ဖတ်ဖူး​သော ကြယ်ငါးပုံပြင်​လေးကို သတိရမိသဖြင့် ကျွန်ုပ်စဥ်းစား​နေမိခဲ့သည်။ မှတ်မိသ​လောက်ပြန်​ပြောပြရရင်ဖြင့် ... (ပုံပြင်အတိုင်း မဟုတ်ဘဲ အနည်းငယ်လွဲ​ကောင်းလွဲ​နေနိုင်ပါတယ်) 

"လူတစ်​ယောက်သည် ပင်လယ်ကမ်းစပ်​ သဲသောင်ပြင်တ​နေရာတွင် ကြယ်ငါးများနှင့် အလုပ်ရှုပ်​နေ​လေသည်။ သူဘယ်လိုများ အလုပ်ရှုပ်​နေသလဲ ဆိုရင်​တော့ ... ​သောင်ပြင်ကမ်းစပ်သို့ ရေလှိုင်းနှင့် အတူ​မျောပါလာ​သော ကြယ်ငါးများ​ကို ပြန်လည်​ကောက်ယူကာ ​ရေထဲသို့ ပြန်လည်လွှတ်​ပေး​နေခဲ့ခြင်းဖြစ်သည်။" 

ထိုသို့လုပ်​နေသည်ကို ​ဘေးမှလူတစ်ဦးမြင်၍ ​ယခုကဲ့သို့ဆို​လေသည်။ "သဲ​သောင်ပြင်​ပေါ်မှာ ကြယ်ငါး​တွေအများကြီးတင်​နေတယ်။ ကိုယ့်လူဘယ်​လောက်များများ ကယ်နိုင်မှာမို့လဲ၊ လှိုင်းတစ်ချက်ပုပ်လိုက်တိုင်းမှာလည်း ကြယ်ငါး​​ပေါင်းများစွာ ပါလာ​နေဦးမှာဘဲ။ ဒီ​တော့ ဘယ်​လောက်များများ ကယ်တင်နိုင်မှာလဲ ဘာ့​ကြောင့်များ ဒီ​လောက်ထိ ပင်ပန်းခံပြီးလုပ်​နေသလဲ။" 

ဒီ​မေးခွန်းကို ဘယ်လိုပြန်​​ဖြေသလဲဆိုရင်ဖြင့် ... "ကမ်းစပ်မှာ ကြယ်ငါး​တွေအများကြီးတင်​နေကြတာမှန်ပါတယ်၊ ​နောက်ထပ် လှိုင်းတစ်ချက်ပုပ်လိုင်တိုင်းမှာလည်း ကြယ်ငါး​တွေပါလာဦးမှာလည်း ဟုတ်ပါတယ်။ ဒါ​ပေမယ့် ကျွန်​တော့်ရှေ့မှာ ​ရှိ​နေပြီး ကမ်းစပ်မှာ​သောင်တင်​နေတဲ့ ကြယ်ငါး​တွေက​တော့ အသက်ရှင်သွားတယ်​လေ။ ဆက်ပြီး​တော့လည်း လက်လှမ်းမှီသ​လောက်​တော့ ကယ်တင်သွားရမှာ​ပေါ့" လို့ပြန်ဆို​လေရဲ့။ 

တိတုဩဝါဒစာ ၂:၁
သင်မူကား၊ စင်ကြယ်သောဩဝါဒနှင့် ထိုက်တန်သမျှတို့ကို ဟောပြောလော့။ 

ဟုတ်ပါတယ် ပြန်လည်ဆင်ခြင်ကြည့်တဲ့အခါမှာ ​လောကကြီးထဲမှာ မှားယွင်း​သောဩဝါဒ​တွေ၊ ပုဂ္ဂိုလ်စွဲနဲ့ အသက်ရှင်သူ​တွေ၊ ဂိုဏ်းကနစွဲ​​တွေ၊ အစရှိသဖြင့်က​တော့ ရှိ​နေမှာပါ။ လှိုင်းခပ်လိုက်တိုင်း ကပ်စပ်​ကို ​သောင်တင်ပြီးရောက်လာတဲ့ကြယ်ငါးအုပ်စု​တွေလို ရှိ​နေကြဦးမှာပါ။ ဒါ​ပေမယ့် လက်လှမ်းမှီသ​လောက်​တော့ ပြန်လည်မျှ​ဝေ​ပေးတဲ့အခါမှာ ပင်လယ်ထဲကို ​ရောက်သွားတဲ့ ကြယ်ငါး​လေး​တွေလို သမ္မာတရားကိုသိ၍ လွှတ်ခြင်းအခွင့်ကိုရပြီး ​အသက်ရှင်နိုင်မယ့် ခရစ်ယာန်များဖြစ်လာ​စေမယ်မဟုတ်ပါလား။ 

ယေဇကျေလအနာဂတ္တိကျမ်း ၃၃:၄
တစုံတယောက်သောသူသည် တံပိုးမှုတ်သံကို ကြားလျက်နှင့် အမှုမထား၊ ထားဘေးရောက်၍ သူ၏ အသက်ဆုံးလျှင်၊ ထိုသူသည် ကိုယ်အသက်ဆုံးသော အပြစ်ကို ကိုယ်တိုင်ခံရမည်။ 

​မှားယွင်းသောဩဝါဒ​တွေကို ​ထောက်ပြခြင်း၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းကနစွဲ​တွေကို ​ထောက်ပြ​ပေးခြင်း​တွေသည် လူကြိုက်နည်း၍ လူမုန်းများသည် မှန်​သော်လည်း လူ၏ မျက်နှာထက် သခင်ဘုရားကိုသာကြည့်ကာ သမ္မာတရားနှင့် အညီ​ထောက်ပြ​ပေးခြင်းသည် လိုအပ်တယ်ဆိုတာကိုလည်း နားလည်ဖို့ရာရှိပါတယ်။ ဒါ့​ကြောင့် တိတုမှာ​တော့ "စင်ကြယ်​သောဩဝါဒ" ကို ​ဟော​ပြော​စေရန်​သေ​သေချာချာသတိ​ပေးထားသည်မဟုတ်ပါလား။ 

ထို့​ကြောင့် တံပိုးမှုတ်ခြင်းဟူ​သော မှားယွင်း​သောဩဝါဒများ၊ လွဲမှား​သောသွန်သင်ခြင်းများ၊ ပုဂ္ဂိုလ်စွဲများ စသဖြင့် သတိ​ပေး​နေကြပါ​သော်လည်း သတိမထားမိ၍ ဆုံးရှုံးခြင်းသို့ မ​ရောက်​စေချင်​သော​ကြောင့် ​တွေ့သမျှ မြင်သမျှ ကမ်းစပ်မှ ကြယ်ငါးများကို ပင်လယ်ထဲသို့ ကယ်လွှတ်သကဲ့သို့ ​ထောက်ပြသွန်သင်လျှက်ရှိ​သော ဆရာသမားများကို နားလည်​​​ပေးစေချင်ပါသည်။ ကျွန်ုပ်တို့သည် သမ္မာတရားကိုသိ၍ လွှတ်ခြင်းအခွင့်ရှိကြ​စေဖို့ရန်လိုအပ်သလို၊ ပင်လယ်ထဲမှ ​နောက်တစ်ကြိမ်လှိုင်းပုပ်တိုင်းမှာ ကမ်းစပ်တွင် ပြန်လည်သောင်တင်ခြင်း မရှိ​စေဖို့ကိုလည်း သမ္မာတရားကို သမ္မာသတိနှင့် ထိန်းကြဖို့ရာ အနည်းငယ် တိုက်တွန်းနှိုး​ဆော်လိုက်ချင်ပါ​တော့သည်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next