ယုံကြည်သူနှင့်အလုပ်

ကျွန်တော်တို့ယုံကြည်သူတွေဟာလည်း အလုပ်ကိုယ်စီရှိကြပါတယ်။ (ကျောင်းသားလဲကျောင်းသားအလျှောက်၊အလုပ်သမား၊ပိုင်ရှင်၊CEO လဲသူ့အလျှောက်) မိမိတို့ရဲ့သက်ဆိုင်ရာနယ်ပယ်အသီးသီးမှအလုပ်တွေကိုလုပ်ကြတဲ့အခါမှာ လူပေါင်းစုံ၊အခက်အခဲပေါင်းစုံလဲကြုံတွေ့ရတတ်ပါတယ်။
ဘယ်လိုကျော်ဖြတ်သလဲ၊ဘယ်လိုရင်ဆိုင်ဖြေရှင်းသလဲ၊အလုပ်ကိုဘယ်လိုလုပ်သလဲဆိုတာတွေကတော့ ယုံကြည်သူကိုကွဲပြားခြားနားသွားစေတဲ့ အချက်တွေထဲကတစ်ခုအပါအဝင်ပဲဖြစ်တယ်ဆိုတာ ငြင်းဆန်လို့မရပါဘူး။မိမိရဲ့အသက်တာအားဖြင့်လည်း တပါးသူတွေယေရှုခရစ်တော်ကိုမြင်တွေ့ဖို့ဖြစ်တယ်ဆိုတာကိုနားလည်ဖို့ဖြစ်ပါတယ်။
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၆:၁၄
သင်တို့သည် ခပ်သိမ်းသော အမှုတို့ကို ချစ်ခြင်း မေတ္တာစိတ်နှင့် ဆောင်ရွက်ကြလော့။
အခက်အခဲအတားအဆီးဟာ ကျွန်တော်တို့ယုံကြည်သူတွေကို Next Level ရောက်စေတဲ့ စာမေးပွဲတစ်ခုလို့ဆိုရရင်လဲမမှားပါဘူး။ ယုံကြည်သူဟာဘယ်အရာကိုလုပ်နေပါစေ မလုပ်ချင်လုပ်ချင်နဲ့ ဆောင့်ဆောင့်ဆောင့်ဆောင့် နဲ့ လုပ်ပေးတာမျိုးမဟုတ်ပဲ ၁ကော ၁၆:၁၄ မှာသတိပေးထားသလို ချစ်ခြင်းမေတ္တာနဲ့သာလုပ်ပေးတာဖြစ်ပါတယ်။ မိမိကိုယ်ကိုနှိမ့်ချလျှက်နေတတ်သလို၊မာနထောင်လွှားခြင်း၊ဂုဏ်ပြိုင်တာတွေ အစရှိသဖြင့်မရှိပဲ၊ဘယ်လိုအခက်အခဲတွေကြုံနေရပါစေ
အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းရင်းနဲ့ ရင်ဆိုင်တတ်ကြတယ်ဆိုရင်လဲမမှားပါဘူး။ ဒါကြောင့်လဲ
လောကသားတွေနဲ့ မတူခြားနားနေခြင်းတစ်ခုပဲမဟုတ်ပါလား။
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၀:၃၁
သင်တို့သည်စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။
ဘယ်အရာမဆိုဘုရားဘုန်းကိုထောက်ပြီးအသက်ရှင်လုပ်ကိုင်ကြလို့၊ ( သမ္မာတရားနဲ့မညီရင်မလုပ်လို့၊အထက်လူကြီးသောက်လဲလိုက်မသောက်လို့ အစရှိသဖြင့်)သူတပါးအမြင်မှာ တခါတလေတစ်မျိုးမြင်ကောင်းမြင်နိုင်ပေမယ့်၊ အချိန်တစ်ခုရောက်လာတဲ့အခါမှာတော့ ယုံကြည်သူရဲ့စကား၊အပြောအဆို၊လုပ်ရပ်တွေဟာ မတူခြားနားတယ်ဆိုတာကိုသိလာပြီး ဘုရားကိုမြင်တတ်လာပါလိမ့်မယ်။
ဒါကမိမိရဲ့အသက်တာအားဖြင့် လူတွေဘုရားကိုမြင်ဖို့ဖြစ်သလို၊ယုံကြည်သူရဲ့အပြောအဆို အပြုအမူတိုငိးဟာ သူတပါးထိမိ၍လဲစရာမဖြစ်စေပဲ တည်ဆောက်စရာသာဖြစ်စေဖို့ဆိုတာနားလည်ဖို့ဖြစ်ပါတယ်။ ဒါ့ကြောင့်အမြဲသမ္မာသတိနဲ့ဆင်ခြင်ရမှာဖြစ်တယ်။ အမြဲတမ်း ဘုရားကိုနံပါတ်တစ်ထားဖို့ရာလဲ မမေ့ကြစို့နဲ့ရယ်။
ယုံကြည်သူဟာ ယစ်ပရောဟိတ်ဖြစ်တယ်။မိမိရဲ့သက်ဆိုင်ရာလုပ်ငန်းခွင်၊စာသင်ခန်းအစရှိတဲ့နေရာတွေကို ဧဝံဂေလိပြောဖို့ဆိုတာ ဆရာသမားတွေမလုပ်နိုင်ဘူး၊တချို့နေရာတွေဆိုရင် အပြင်လူမဝင်ရတာတွေလဲရှိတယ် ဒါ့ကြောင့်မို့လို့ ဆရာသမားတွေသွားလို့မဖြစ်နိုင်တာတွေလဲရှိပါတယ်။ ကိုယ်ကကျောင်းသားဆိုရင် ယစ်ပရောဟိတ်ကြီးကျောင်းသွားနေတာ၊အလုပ်သမားဆိုရင် ယစ်ပရောဟိတ်ကြီးလုပ်ငန်းခွင်ဝင်နေတာဖြစ်တယ်။ မိမိရဲ့သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ ခွဲခန့်မှတ်သားခြင်းခံထားရတာဖြစ်ပါတယ်။ အခွင့်အရေးပေးတဲ့အခါ ယေရှုခရစ်တော်ရဲ့ကောင်းမြတ်ခြင်းတွေ၊ဧဝံဂေလိသတင်းစကားကိုဝေငှသက်သေခံရမှာဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုသော် ကျွန်တော်တို့ယုံကြည်သူတွေဟာအလုပ်လုပ်တယ်၊ကျောင်းတက်တယ်အစရှိသဖြင့် လုပ်ဆောင်နေကြတာတွေဟာ ငွေကြေး၊ပညာ၊စည်းစိမ်ချမ်းသာ၊ဂုဏ်အသရေတွေဆိုတာထက် ဘုရားဘုန်းတော်ထင်ရှားဖို့နဲ့ဧဝံဂေလိသတင်းစကားပါးဖို့ရာတစ်ထောင့်တစ်နေရာမှလုပ်ဆောင်နေခြင်းဖြစ်တယ်ဆိုတာကိုခွန်အားပေးတိုက်တွန်းလိုက်ပါတော့တယ်။
အယောက်စီတိုင်းနားလည်နိုင်ဖို့ရာ ဘုရားရှင်ကောင်းကြီးပေးပါစေ။
အတတ်နိုင်ဆုံးအကျဥ်းချုံး၍ဖော်ပြခြင်းဖြစ်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။