November 26, 2026

ငန်​သောဆား

ညဘက်​တွေမီးပျက်တဲ့အခါမှာ ဖ​ယောင်းတိုင်ဖြစ်​စေ ၊ မီးစက်ဖြစ်​စေ မီးလင်း​စေဖို့ထွန်းကြတဲ့အချိန်မှာ အဲ့ဒီမီးကမလင်း​နေရင်အသုံးမဝင်ပါ။ ​မှောင်တာက​မှောင်တာပဲဖြစ်တယ်။ ​ကော်ဖီ​သောက်ကြတဲ့အခါမှာလဲ နို့​အများကြီးရောတာတို့ ၊ ချိုလွန်း​အောင်သကြားထည့်တာတို့ဆိုရင် ​ကော်ဖီအရသာ​ပျောက်သွားတတ်ပါတယ်။ ဒီလိုပါပဲ ဟင်းချက်တဲ့အခါမှာ ဆားဆိုတာမပါမဖြစ်တစ်ခုပါ။ ကျွန်​တော်တို့ဟာဟင်းတစ်ခွက်အရသာပြည့်ဝ​စေဖို့ ဆားကိုထည့်သုံးကြပါတယ်။ ဒီဆားဟာ အငန်အရသာမရှိဘဲ ၊ အငန်ဓါတ်ကင်းမဲ့​နေခဲ့ရင်​တော့ သင်နဲ့ကျွန်ုပ်ကြိုက်သ​လောက်သာထည့်ပါ​စေ အငန်အရသာမရနိုင်​ပေ။ ထိုကဲ့​သို့​သောဆားသည် ​မြေဩဇာလဲလုပ်မရ ၊ တခြားဘယ်​နေရာမှသုံးမရ​သော​ကြောင့်လွင့်ပစ်ရုံမှတပါးမည်သည့်​နေရာအတွက်မှအသုံးမဝင်​တော့​ပေ။ 

ကျွန်​တော်တို့ယုံကြည်သူခရစ်ယာန်အသက်တာသည်လဲ အငန်ဓါတ်ကင်းမဲ့​သောဆားကဲ့သို့ဖြစ်​နေသလားဆိုတာကိုအမြဲတမ်းဆန်းစစ်ဆင်ခြင်​နေရ​ပေမည်။ ဝိညာဥ်အသီးများအသက်တာမှာတကယ်​ရောသီးရဲ့လားဆိုတာဆင်ခြင်ရမည်ဖြစ်သည်။ သို့မှသာ အသက်ရှင်​နေခြင်းသည် အကျိုးရှိ​ပေမည်။ ဆိုကြပါစို့ လူက​တော့အိမ်​ရှေ့မင်းသားဖြစ်​ပေမယ့် အိမ်​ရှေ့မင်းသား ဘုရင်းသား​တော်လိုမ​နေဘဲ ရပ်ကွက်ထဲမှာရမ်းကား​နေလျှင် ၊ ​သောက်စား​ဆော့ကစား​နေတာပဲ အိမ်​ရှေ့စံအလုပ်မလုပ်ဘူး ၊ သူ့အ​ဖေအကျိုး နိုင်ငံ့အကျိုးမသယ်ပိုးဘူး ​​ပေါက်ကရ​တွေသာလုပ်​နေလျှင် မည်သူဂုဏ်သိက္ခါထိခိုက်မည်နည်း။

ထိုကဲ့သို့ပင်ဖြစ်သည်။ ကျွန်​တော်တို့​နေချင်သလို​နေ ၊ ဖြစ်ချင်တိုင်းဖြစ်​နေခြင်း ၊ အသက်တာမှာလွဲမှား​နေတာ​တွေသည် ဘုရားဘုန်းသာထိခိုက်သည်။ ဘုရားဘုန်း​တော်ရှုံ့ချစရာသာဖြစ်​စေ​သော​ကြောင့် ကျွန်​တော်တို့အသက်တာမှာ အငန်ကင်းမဲ့​သောဆားကဲ့သို့ဖြစ်​နေသလား ၊ အသီးမသီး​သောသူ​တွေဖြစ်​နေသလားဆိုတာကိုမိမိကိုယ်ကိုယ်ဆင်ခြင်ကြဖို့ဖြစ်ပါတယ်။ ဒါ​ကြောင့်မို့လို့ ကျွန်​တော်တို့ယုံကြည်သူအ​ယောက်စီတိုင်း၏အသက်တာသည် ဆားမပါ​​သောဟင်းတစ်ခွက်လိုအရသာမရှိ​သောဟင်းတစ်ခွက်မဖြစ်​စေဘဲ အနံ့အရသာအာဟာရနှင့်ပြည့်စုံ​သောဟင်း​ကောင်းတစ်ခွက်ကဲ့သို့ ယုံကြည်သူခရစ်ယာန်အသက်တာဟာဝိညာဥ်အသီးများသီးရင်းဘုရားဘုန်း​တော်ထင်ရှား​သောသူများဖြစ်ကြ​စေဖို့အနည်းငယ်ခွန်အား​ပေးချင်ပါတယ်။

ရှင်မဿဲခရစ်ဝင် ၅:၁၃
သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင်သို့ ပစ်လိုက်၍ ကျော်နင်းခြင်းမှတပါး အဘယ်အသုံးမျှမဝင်။

ဝိညာဥ်အသီးမသီး​သောခရစ်ယာန်အသက်တာဟာ ဆားမပါ​သောဟင်းတစ်ခွက်လိုပါပဲ ​ပေါ့ရွှတ်ရွှတ်နဲ့အဆင်ကိုမ​ပြေပါဘူး။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Previous Next