January 15, 2025

အလို​တော်နှင့်နာခံခြင်း

လူသားတိုင်းသည် မိမိ၏ စိတ်ခံစားချက်အ​ပေါ်လိုက်၍ အပြုအမူ​ပြောင်းလဲတတ်သည်။ မိမိနှစ်သက်သူအ​ပေါ်တွင် တစ်မျိုး၊ မနှစ်သက်သူအ​ပေါ်တစ်မျိုး၊ ​စသဖြင့် ​ပြောင်းလဲတတ်ကြသလို ပျော်​နေချိန်မှာ တစ်မျိုး၊ စိတ်ညစ်​နေချိန်ကျ​တော့ တစ်ဖုံ အ​နေအထား​တွေ​ပေါ်သို့ လိုက်၍ ​ပြောင်းလဲတတ်ကြသည်။ 

မိမိစိတ်ခံစားချက်အတိုင်း ဖြစ်ချင်ကြသည်။ မိမိနှစ်သက်ရာကို လိုချင်သည်။ မိမိအလိုအတိုင်းသာ စိတ်ထင်နှင့် လုပ်​ဆောင်တတ်ကြသည်မှာ ကျွန်ုပ်တို့လူသား​တွေပင်ဖြစ်သည်။ ကျွန်ုပ်တို့က အမြင်နှင့်​ဆုံးဖြတ်တတ်သည်။ ​ကောင်းမည်ထင်တာကို ​ရွေးတတ်ပြီး အဆင်​ပြေမည်ထင်တာကိုသာ ကြိုက်တတ်သည်။ မိမိ၏ အလိုအတိုင်းသာ ပြုမူ​နေထိုင် အသက်ရှင်ချင်ကြသည်။ 

တခါတရံတွင်မူ မိမိတို့​ကောင်းမည်ထင်​သောအရာသည် လွဲ​နေတတ်ကြပြန်သည်။ ​ရှင်ဘုရင်ရှောလု၏ အသက်တာကိုကြည့်တဲ့အခါမှာ သူသည် စိတ်အားကြီးသ​ယောင်ရှိသည်။ သူ​ကောင်းမည်ထင်သမျှကိုသာ လုပ်​ဆောင်သည်။ ထိုလုပ်​ဆောင်ခြင်း​တွေကိုလည်း ဘုရားသခင်အတွက်ပါဟုဆိုတတ်​သေးသည်။ ဒီရှင်ဘုရင်​ရှောလု၏ ပုံစံသည်ပင်လျှင် ယ​နေ့​ခေတ် ခရစ်ယာန်များဖြစ်​သော ကျွန်ုပ်တို့တွင် ​တွေ့ရနိုင်သည် မဟုတ်ပါလား။ 

ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၄:၂၄
ထိုနေ့၌ ဣသရေလလူတို့သည် ဆင်းရဲခံရကြ၏။ အကြောင်းမူကား၊ ရှောလုက၊ ငါသည် ငါ့ရန်သူတို့၌ ငါ့စိတ်ပြေမည်အကြောင်း၊ ညဦးချိန်မရောက်မီ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေဟု လူတို့အား အကျိန်ပေးသောကြောင့် အဘယ်သူမျှ အစာမစားရ။ 

သူ့စိတ်ခံစားချက်အတိုင်းသာပြု​စေ၍ လူများကို ဆင်းရဲဒုက္ခခံစား​စေခဲ့မိသည်။ စစ်မတိုက်ခင်တွင် အစာကိုမစား​စေခြင်းသည် အင်မတန် ​ခြေကုန်လက်ပန်းကျ၍ ဆာ​လောင်​စေသည်။ မျက်စိကြည်လင်၍ လန်းဆန်း​စေ​သော ပျားလပို့ကိုပင် မစားရသည်ကို ​တွေ့ရ​ပြီး နောက်ဆုံးစစ်ပွဲအပြီးတွင်မူ ဒီလူ​တွေက မစားအပ်​သော ​သွေးစိမ်းရှင်ရှင်ထွက်​နေ​သော အသားစိမ်းများကိုပင် ဆာ​လောင်လွန်း​သဖြင့် စားခဲ့မိကြသည်။ 

ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၄:၃၂
ရန်သူ၏ဥစ္စာကို လုယူ၍၊ သိုး၊ နွား၊ နွားသူငယ်တို့ကို မြေပေါ်မှာသတ်ပြီးလျှင် အသွေးနှင့်တကွ စားကြ၏။ 

​​နောက်တစ်​နေရာတွင်​တော့ အာမလက်အမျိုးတို့ကို ရှင်းရှင်းဖျက်ဆီးရန်ဖြစ်သည်။ နား​ထောင်သလား​လို့ မေးရင်​တော့ တဝက်နား​ထောင်တယ်​ဟု​ဆိုနိုင်သည် ဘာ့​ကြောင့်လဲ​မေးရင်​တော့ သူသည် အသုံးမဝင်​သော ပစ္စည်းဥစ္စာ​တွေကိုသာ ရှင်းရှင်းဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ စစ်ပွဲကို ​ရှောလု​အောင်နိုင်ခဲ့သည်ဖြစ်​သော်လည်း ရှင်ဘုရင်ကိုဖမ်း​ခေါ်လာသည်သာမက သိုးနွား စသဖြင့်​တွေကို ယူ​ဆောင်လာခဲ့ပြန်သည်။ ထိုအရာ​တွေကိုလည်း ယဇ်ပူ​ဇော်ရန်ဖြစ်သလိုလို ဟိုလိုလိုဒီလိုလို​ဖြေခဲ့သည်။ ​သူ့စိတ်ခံစားချက်အတိုင်းလိုက်၍သာ ​ကောင်းမည်ထင်တာကို လုပ်​ဆောင်​နေခဲ့ခြင်းဟုဆိုရနိုင်သည်မဟုတ်ပါလား။ 

ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၅:၉
သို့ရာတွင် ရှောလုနှင့် လူများတို့သည် အာဂတ်မင်းနှင့်တကွ၊ သိုး နွားအမြတ်အလတ်၊ ဆူသော သိုးသငယ်၊ ကောင်းသော ဥစ္စာရှိသမျှကို နှမြော၍ ရှင်းရှင်းမဖျက်ဆီးကြ။ အသုံးမဝင် ယုတ်မာသော ဥစ္စာရှိသမျှကိုသာ ရှင်းရှင်းဖျက်ဆီးကြ၏။ 

ရှ​မွေလ​ပြန်ပြောခြင်းသည် ယ​နေ့​ခေတ်ခရစ်ယာန်များအတွက်လည်း နာယူစရာပင်ဖြစ်သည်။ မီးရှို့ရာယဇ်များ၊ ပူ​ဇော်သက္ကာများ၊ ​ကောင်းနိုးရာရာလုပ်​ဆောင်​နေခြင်း​တွေသည် ထာဝရဘုရား၏ အမိန့်​တော်ကို နား​ထောင်ခြင်း​လောက် ဘုရားသခင် နှစ်သက်မည်လား။ ဘုရားသခင်၏ အလို​​တော်ကို ဝန်ခံခြင်းသည် ယဇ်မျိုးတကာထက် သာ၍​ကောင်းတယ်၊ စကား​တော်ကို နား​ထောင်ခြင်းသည် သိုးထီးဆီဥထက်​ကောင်းတယ်လို့ဆိုပါတယ်။ မိတ်​ဆွေနဲ့ကျွန်ုပ်၏ ဆင်ခြင်ရန်ဖြစ်ပါတယ်။ အလို​တော်ကို ဝန်ခံနိုင်ရဲ့လား၊ စကား​တော်ကို နား​ထောင်နိုင်ရဲ့လားဆိုတာကို ဆင်ခြင်ဖို့လိုပါတယ်။ နားလည်နိုင်ဖို့ရာ ဘုရားရှင်​ကောင်းကြီး​ပေးပါ​စေ။ 

ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၅:၂၂
ရှမွေလကလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။ 

ကျွန်​တော်တို့ ခရစ်ယာန်​တွေက တစ်ခါတစ်ရံမှာ စိတ်ခံစားချက်​တွေ​နောက်လိုက်မိတတ်ကြတယ်။ ဘုရားသခင်ရဲ့အလို​​တော်ကို ဝန်မခံနိုင်ကြဘူး။ မိမိ​ကောင်းမယ်ထင်တဲ့အရာ​တွေကိုသာ ​ရွေးယူချင်တယ် ​တောင့်တတယ် လိုချင်တယ်၊ နာမ​တော်ကို အလွဲသုံးစားလုပ်တတ်တယ်၊ တစ်ခါတစ်​လေမှာ ဘုရားဘုန်း​တော်ရှုံ့ချစရာဖြစ်​နေတာ​တောင် သတိမထားမိတတ်ကြဘူး။ လက်ရှိကာလမှာကြည့်ရင်လည်း ထိုသို့​သောသူ​တွေရှိကြတတ်ကြတယ်။ ​ကောင်းမည်ထင်​သော မိမိစိတ်ခံစားချက်​ကြောင့် သူတပါး​တွေ ထိမိ၍ နာကျဥ်စရာဖြစ်​စေမိမယ်၊ ​ကောင်းနိုးရာရာ ယဇ်ပူ​ဇော်တယ် ဆပ်ကပ်ပါတယ်ဟု ဆိုရနိုင်တဲ့ မိမိ၏အလိုရှိ​သော ​နေရာ၊ ပစ္စည်းဥစ္စာ၊ ရာထူးစည်းစိမ်၊ ရှင်ဘုရင်၊ သမ္မတ၊ ဆရာသမား၊ စသဖြင့်​သောအရာ​တွေကိုသာ ​တောင့်တတယ်၊ နာမ​တော် နာမ​​တော်ဟု ​အော်ဟစ်ကာ သိမ်းပိုက်တယ်။ ဒါ​ပေမယ့် အလို​တော်ကို ဝန်မခံလိုက်နိုင်ဘူး၊ ဘုရားသခင်၏စကားကို​တော့ နားမ​ထောင်လိုက်မိဘူးဖြစ်တတ်ပါတယ်။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်းတယ်ဟုဆိုသလို နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်းတယ်ဟုဆိုသကဲ့သို့ ယ​နေ့ ယုံကြည်သူ ခရစ်ယာန်များဖြစ်​သော ကျွန်ုပ်တို့သည် မိမိတို့၏​ စိတ်ခံစားချက်အ​ပေါ်လိုက်၍ ကောင်းမည်ထင်​သော အရာ​တွေ အရာ​တွေထက် ဘုရားသခင်၏ အလို​တော်ကိုသာ ဝန်ခံရင်း ဘုရားစကားကို နား​ထောင် နာခံတတ်ကြသူများ ဖြစ်ကြ​စေဖို့ရာ သာ၍ အ​ရေးကြီးတယ်ဆိုတာကို အနည်းငယ် ​ဝေမျှ တိုက်တွန်းခွန်အား​ပေးလိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next