January 23, 2025

နှလုံးသားထဲမှာ

ယောသပ်ကို ​​ပေါတိဖာ၏ မိန်းမသည် မာယာသုံး၍ အတူအိပ်ရန် ​ခေါ်သည်ကို သိကြမည်ဖြစ်သည်။ ​ထိုခေတ် ထိုကာလအချိန်တွင် ပညတ်​တော် မရှိ​သေး​ပေ။ သို့​သော် ​ယောသပ်၏ စိတ်နှလုံးတွင် ထိုအရာကို ဘုရားသခင်မကြိုက် မနှစ်သက်သည်ကိုသိသည်ဟု ဆိုရ​ပေမည်။ ထိုအရာကို ပြုခြင်းအားဖြင့် ဘုရားသခင်ကို ပြစ်မှားရာ​ရောက်မည်ကို သူ​ကြောက်သည်ကို အထူးသဖြင့်​တွေ့ရှိရသည်။ 

​ယောသပ်သည် ထိုအမျိုးသမီးအကြိုက်လိုက်၍ အတူအိပ်နိုင်သည်။ ထိုသို့ လုပ်ခြင်းအားဖြင့် ယောသပ် သာ၍ သက်သာစွာ အသက်ရှင်နိုင်မည်၊ သာ၍ အကွယ်အကာရမည်၊ သာ၍ မျက်နှာသာရမည် မဟုတ်ပါလား။ သူမည်သို့ပင် မချစ် မနှစ်သက်ပါ​သော်လည်း စိတ်မပါလက်မပါ ဖြစ်​စေကာမူ တခဏတာ အလိုလိုက်​ပေးခြင်းအားဖြင့် တစ်ဘဝတာ ​ကောင်းစားနိုင်သည်ဟု ဘာဖြစ်လို့များ မစဥ်းစားခဲ့ပါလိမ့်ဟုပင် စဥ်းစားစရာရှိ​နေ​ပေမည်။ 

ကမ္ဘာဦးကျမ်း ၃၉:၉
သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင်၏မယားကိုငြင်း၍ ပြန်ဆို၏။ 

မင်း မလုပ်နဲ့​နော်၊ ​ဟေ့​ကောင် အတူတူမအိပ်ပါနဲ့​၊ ​ငါ့ကို ပြစ်မှား​ရာ​ရောက်တယ်​နော်ဟု ဘုရားသခင်၏ အိပ်မက်​ပေးခြင်း၊ စကား​ပြောခြင်း၊ အလင်း​ပေး ဖွင့်ပြခြင်း တစ်ခုဆို တစ်ခုမျှပင် ​ယောသပ်မရရှိခဲ့။ သို့​သော်လည်း ​ယောသပ် သိသည်၊ အဘယ့်​ကြောင့်ဆို​​သော် သူ့ကို ဘုရားသခင်​ပေး​သော ရူပါရုံကို အဘယ်​အ​ကြောင်းအရာ​ကြောင့်မှ အပျက်ဆီးမခံနိုင်သလို၊ ထိုရူပါရုံအား ထိခိုက်​စေခြင်းသည်ပင်လျှင် ဘုရားသခင်အား ပြစ်မှားသလိုဖြစ်​စေမည်ကို စိုးရိမ်မိသည်၊ သူ့မယားကို ပြစ်မှားခြင်းသည် ပညတ်ချက်မရှိ​သေး​သော်လည်း စိတ်ပါပါ မပါပါ သူ့လုပ်ရပ်အားဖြင့် ပြစ်မှားခြင်းမဖြစ်​စေရန်သာ သူအာရုံစိုက်ခဲ့ခြင်းဖြစ်​ပေမည်။ 

ဆာလံကျမ်း ၁၁၉:၁၁
ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။ 

မိတ်​ဆွေနဲ့ကျွန်​တော်တို့​တွေ​ရော ဘယ်အရာကိုများ နှလုံးထဲမှာ သိုထားမိပါလိမ့်။ မနာလိုခြင်း၊ လိုချင်တပ်မက်ခြင်း၊ ငြူစူခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ ဝါကြွားခြင်း၊ မိမိရဲ့ ရာထူးစည်းစိမ်၊ ဂုဏ်ဓန၊ မိမိ၏ ​တော်ခြင်း တတ်ခြင်း၊ မိမိ၏ မာန၊ ​ထောင်လွှားခြင်း အစရှိသဖြင့် အဘယ်အရာ​တွေသာ သိုမှီးထားကြမိပါသလဲဆိုတာက​တော့ စဥ်းစားကာ ဆင်ခြင်ရမည်မဟုတ်ပါလား။ 

ယောသပ်သည် ပညတ်တရားမရှိခင်မှာပင် သူ့လုပ်ရပ်အားဖြင့် ဘုရားသခင်အား ပြစ်မှား​စေခြင်းဖြစ်မည်ကို သိပ်ကို စိုးရိမ်ခဲ့သလို ကျွန်ုပ်တို့သည်လည်း မိမိ၏ သွားခြင်း လာခြင်း၊ ဝင်ခြင်း ထွက်ခြင်း၊ ထိုင်ခြင်း ထခြင်း၊ စားခြင်း ​သောက်ခြင်း၊ ပြုမူ ​နေထိုင် ​ပြောဆိုခြင်း တစ်ခုစီတစ်ခုစီသာမက မိမိတို့၏ လုပ်ရပ်တစ်ခုခြင်းစီတိုင်း တစ်ခုခြင်းစီတိုင်းသည် ဘုရားသခင်ကို ပြစ်မှား​​စေခြင်း ဖြစ်​စေမည်​လော၊ သူတပါးအား ထိမိ၍ လဲစရာဖြစ်​စေမည်​လောကို ဆင်ခြင်ကာ အသက်ရှင်​နေထိုင်ကြရမည် မဟုတ်ပါလား။ ဒါ့​ကြောင့် သင်နှင့်ကျွန်ုပ်တို့ ယုံကြည်သူ ခရစ်ယာန်တိုင်းသည် သူတပါးထိမိ၍ လဲစရာမဖြစ်​စေပဲ၊ ထိမိ၍ တည်​ဆောက်စရာသာ ဖြစ်​စေဖို့ရန် ကိုယ်​တော်ကို မပြစ်မှားပဲ ​​နေနိုင်မည်အ​ကြောင်း ဗျာဒိတ်​တော်ကို နှလုံးသားထဲမှာ ​သေ​သေခြာခြာ သိုမှီးထားကြပါစို့ဟု အနည်းငယ် ​ဝေမျှခွန်အား​ပေးလိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next