January 14, 2025

အပြင်ဘက်သို့ ထွက်ကြည့်ပါ

"သစ်ပင်​တွေကြားထဲကို ​ရောက်​နေတဲ့အချိန်မှာ သစ်​တောကို သတိမထားမိဘူး" ဆို​သော စကား​လေးကို စာအုပ်တစ်အုပ်ထဲတွင် ဖတ်ဖူးသည်။ ဟုတ်ပါသည် ကျွန်ုပ်တို့လူသားများသည် သစ်​တောထဲသို့​ရောက်​နေသည်ကိုပင် သတိမမူမိတဲ့အချိန်​ပေါင်းများစွာ ရှိ​နေတတ်ပါသည်။ မျက်လှည့်ပြလိုက်သလိုပါဘဲ တခါတရံမှာ အာရုံစိုက်မိတဲ့အရပ်မဟုတ်ဘဲ ဆန့်ကျင်ဘက်မှာသာ ပြကွက်အ​ဖြေ​ရှိတတ်သည်။ ထို့​ကြောင့် ဘယ်အမှုအရာကိုမဆို ​တောအုပ်ကို မြင်မိ​စေရန် ရှိ​နေတဲ့ အဝန်းအဝိုင်းမှ ခဏအပြင်သို့ ထွက်ကြည့်ရန်လိုအပ်​လေသည်။ ထိုနည်းသည် နိုင်ငံ​ရေး၊ စီးပွား​ရေး၊ မည်သည့်အ​ရေးမဆို အသုံးဝင်​သော နည်းလမ်းတစ်ခုလည်းဖြစ်မည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ 

လူတို့သည် မိမိ၏ ခံစားချက်အ​လျှောက် ပြောဆိုပြုမူခြင်း၊ ထင်မြင်ခြင်း၊ ခံစားချက်များသည် ​သစ်​တောကို သတိမမူမိခြင်းများရှိတတ်သည်ကိုလည်း ဆင်ခြင်မိသည်။ ကျွန်ုပ်တို့ယုံကြည်သူများသည် ရှိ​နေ​သော အဝန်းအဝိုင်းမှ ထွက်၍ မြင်တတ်​သောသူဖြစ်​စေဖို့ ဘုရားရှင်​ကောင်းကြီးရှိပါ​စေ။ 

အပြစ်ဟုဆိုသည်တွင် 
"ငါ့မှာ ၁၀ဖိုး အပြစ်ရှိတယ်"
"ငါက​တော့ ၅၀ဖိုး​​တောင်"
"ငါ့မှာ​တော့ ဘုရားသခင်က ခွင့်လွှတ်ဖို့​တောင် မထိုက်တန်ပါဘူး အပြစ်များလွန်းလို့" စသဖြင့် မြင်တတ်ကြတယ်။ 

အပြစ်နည်းခြင်းများခြင်းကို ကျွန်ုပ်တို့လူသား​တွေက မြင်တတ်တယ်၊ ကြည့်တတ်တယ်၊ နှ​​ခေါင်းရှုံ့တတ်ကြတယ်။ 

​ဆေးလိပ်​သောက်တတ်သူက အရက်​သောက်တတ်ပြီး မူးယစ်ရမ်းကားသူကို "ဟွန်း အရက်သမား အား​နေမူး​နေတာ ... ငါ့လို ​ဆေးလိပ်​သောက်ပြီး ​အေး​နေမ​နေဘူး" 

အဲဒီမူးယစ်သူကလည်း ဘိန်းစားသူကို "ဘိန်းစား၊ ​ဆေးပဲချ​နေတာ တရားဥပ​ဒေနဲ့လဲမညီဘူး ​ဘယ်​နေ့ဆွဲစိခံရမယ်မသိဘူး ... ငါ့လို​အေး​ဆေး အရက်​သောက်ရင် ဘယ်ရဲမှလာမဖမ်းဘူး" 

ဘိန်းစားကလည်း သူခိုးနဲ့ဓါးပြကို "သူခိုးဓါးမြ​တွေက သူတို့ကို ဖမ်းမိရင် လူပါသတ်ချင်သတ်တာ ... ငါတို့လို ဘိန်းစားက​​တော်​​သေးတယ်" 

သူခိုးဓါးပြကလည်း "ငါတို့က မရှိလို့ခိုးတာ တိုင်းပြည်​ကိုသစ္စာမ​ဖောက်ဘူးမို့ တော်ပါ​​သေးတယ်" 

လူလိမ်က​တော့ "ငါပဲ​ကောင်းတယ် ဒီ​ကောင်​တွေက အ​တော်ဆိုးတာပဲ အပြစ်များလိုက်တာ" စသဖြင့်​​ပြောကြမှာဖြစ်ပါတယ်။ 

လူ​တွေက​တော့ မိမိအပြစ်နဲ့သူများအပြစ်​တွေကိုသာ ကြီးတယ် ​သေးတယ် စသဖြင့် နှိုင်းယှဥ်ကြမှာဖြစ်သလို လူ့မျက်စိနဲ့ အပြစ်အကြီးအငယ် စီရင်တတ်ကြမှာပါ။ သို့​​သော် ထိုအဝန်းအဝိုင်းမှ ထွက်၍ ​တောအုပ်ကို မြင်တတ်​သောသူဖြစ်​စေဖို့ အင်မတန်အ​ရေးကြီးပါတယ်။ 

သခင်​ယေရှုရဲ့အမြင်မှာ​တော့ အပြစ်သည် အပြစ်ပါဘဲ ​သေးသည် ငယ်သည် ကြီးသည် မရှိ​ပေ။ ထို့​ကြောင့် ကျွန်ုပ်တို့သည် မိမိနှင့်သက်ဆိုင်​သော အပြစ်ကို ​နောင်တရ၍ သူတပါး၏ အပြစ်ကို နှိုင်းယှဥ်ရန်မလိုအပ်ဘူး မဟုတ်ပါလား။ 

ဗျာဒိတ်ကျမ်း ၂၂:၁၁
မတရားသောသူကသည် မတရားသဖြင့် ပြုစေဦး။ ညစ်ညူးသောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ် သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ 

​လောကတွင် အပြစ်ပြုသူများသည် ဆက်လက်ရှိ​နေဦးမည်ဖြစ်သည်။ ထိုသို့ အပြစ်ပြုသူများ၊ မတရား​သော​မေထုန်ပြုသူများ၊ အပြစ်​သေး​သေး ကြီးကြီးဖြစ်​စေ ပြုကြသူများ၊ သို့မဟုတ် ​ဖြောင့်မတ်ခြင်းနှင့် အသက်ရှင်သူများ၊ သန့်ရှင်း​​သောအသက်တာရှိသူများဖြစ်​​စေ ထိုသို့ ဆက်လက်ရှိ​နေကြပါ​စေဦး ဟု​ဖော်ပြထားတာကို​တွေ့ရ​သော​ကြောင့် ထိုသူတို့ မည်သို့ပင်ဖြစ်ပါ​စေ ဘုရားသခင်၏ အစီအစဥ်သည် မ​ပြောင်းလဲဘူးဆိုတာကို သိရပါတယ်။ ထို့​ကြောင့် လူတိုင်းသည် မိမိတို့၏ အကျိုးအပြစ်အ​လျှောက် ဆပ်ရမည်ဖြစ်​ချေသည်။ 

အချုပ်အားဖြင့်ဆိုရ​သော် မိမိသည် သန့်ရှင်းဖြောင့်မတ်သူဖြစ်လျှင် ဆက်လက် ဖြစ်​စေပါ။ မိမိသည် အပြစ်​သေး​သေးရှိလျှင် အခြားသူ၏ အပြစ်ကြီးကြီးကို မနှိုင်းယှဥ်ဘဲ နှာ​ခေါင်းမရှုံ့ဖို့လိုပါသည်။ အဘယ့်​ကြောင့်ဆို​သော် ဘုရားသခင်​ရှေ့တွင် အပြစ်သည် အပြစ်ဖြစ်​သော​ကြောင့် အပြစ်အကြီးအငယ် မရှိ​​သော​ကြောင့်ပင်။ မိမိတို့၏ အပြစ်ကိုလည်း ပြန်လည်​နောင်တရကာ သခင့်ထံပြန်လာဖို့လည်း ဘုရားရှင်​ကောင်းကြီးရှိပါ​စေ။ 

ထို့​ကြောင့် "မတရားသောသူကသည် မတရားသဖြင့် ပြုစေဦး၊ ညစ်ညူးသောသူသည် ညစ်ညူးစေဦး၊ ဖြောင့်မတ် သောသူသည် ဖြောင့်မတ်စေဦး၊ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး" ဟုဆိုသကဲ့သို့ မိမိတို့က ဘယ်​နေရာမှရှိ​နေသည်ကို မြင်တတ်​စေ၍ သခင်​ယေရှုသည် တံခါးဝမှာ ရပ်လျှက်ရှိ​နေပြီဆိုတာကို ဆင်ခြင်လျှက် ... 

"ငါသည်အလျင်အမြန်လာမည်။ ငါသည် အကျိုးအဖြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။" ဆို​သောစကားကို ကြား​ယောင်ရင်း ... လူတိုင်းသည် ​မိမိ​ရောက်ရှိ​နေတဲ့ သစ်တောကို မြင်တတ်ပါ​စေဟု အနည်းငယ် ခွန်အား​ပေးတိုက်တွန်းလိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next