အလျှင်အမြန် မသွားနှင့်
စိတ်မြန်လက်မြန် လုပ်ခြင်း၊ အလျှင်စလို ဆုံးဖြတ်ချက်ချခြင်း၊ ရှေ့နောက် မစဥ်းစား မဆင်ခြင် လုပ်မိခြင်းတို့သည် နောက်ဆက်တွဲ၌ ပြဿနာတို့နှင့် ကြုံရခြင်း၊ ဆုံးရှုံးရခြင်း စသဖြင့် တွေ့ကြုံရတတ်သည်။
ယောရှုသည်ပင်လျှင် လျှင်မြန်စွာ ဆုံးဖြတ်ချက်ချခဲ့ဖူးသည့်အချိန်ရှိခဲ့ဖူးသည်ကို ယောရှုမှတ်စာ၌ တွေ့ရပေသည်။ ယေရိခေါမြို့ကြီးနှင့် အာဣမြို့တို့ကို အောင်နိုင်ပြီးနောက်တွင် ဤအချဥ်းအရာဖြစ်ပွားခဲ့သည်။
ရှေ့တွင်တော့ ဘုရားသခင်အား မေးဆန်းခဲ့သည်၊ တိုင်ပင်ခဲ့သည်၊ လုပ်ဆောင်မှုများသည် ဘုရားသခင်အားသာ ဦးစွာတိုင်ပင်ဖက်ပြုခဲ့ခြင်းအား ထင်ရှားစွာတွေ့ခဲ့ရသည်။ သို့သော် ဘာရယ်မဟုတ်သည့်အရာလေးဟုထင်မှတ်ရသော ဂိဗောင်မြို့သားတို့၏ အဖြစ်တွင်တော့ သူ၏ အမြင်၊ သူ၏အထင်၊ သူ၏ ခံစားချက်တို့ကိုသာ ဦးစားပေးကာ စဥ်းစား၍ အလျှင်အမြန် ဆုံးဖြတ်ချက်ချသော ခြေလှမ်းတစ်စုံကိုတွေ့ရပေသည် မဟုတ်ပါလား ...
ယောရှုမှတ်စာ ၉:၁၄-၁၅
ဣသရေလလူတို့သည် ထာဝရဘုရားထံတော်၌ အခွင့်မပန်ဘဲ ထိုသူတို့၏ရိက္ခာကို စားကြ၏။
ယောရှုသည်လည်း သူတို့ကိုစစ်မှုနှင့်လွတ်စေ၍၊ အသက်ချမ်းသာစေမည်အကြောင်း မိတ်သဟာယဖွဲ့၏။ ပရိသတ်မင်းတို့သည်လည်း ကျိန်ဆိုခြင်းကို ပြုကြ၏။
မိသဟာရဖွဲ့ပြီး သုံးရက်လွန်မှသာ အနီး၌ရှိသောမြို့ဖြစ်ကြောင်း၊ လုပ်ကြံရမည်ဖြစ်ကြောင်း၊ သို့သော်လည်း လုပ်ကြံရမည့်အစား မိသဟာရဖွဲ့ကာ ကျိန်ဆိုခဲ့ပြီးပြီဖြစ်သဖြင့် ဘုရားသခင်၏ အိမ်တော်၌ ထင်းခွဲရေခပ် အလုပ်ကိုပင် ပေးခဲ့ကြရသည်မှာ လျှင်မြန်သော ဆုံးဖြတ်ချက်တစ်ခုကြောင့်ပင် ... ဤအကြောင်းကြောင့်ပင် များစွာသော နောက်ဆက်တွဲ ပြဿနာတို့ဖြစ်ပေါ်ခဲ့ရပေသည်။
သုတ္တံဆရာကတော့ အလျင်အမြန်သွားသော သူသည်လည်း မှားယွင်းတတ်ကြောင်း "he sins who hastens with his feet" ဟု သတိပေးထားသည်ကို ယနေ့ နှလုံးသွင်းကြပါစို့။ ယောရှုတို့၏ လျှင်မြန်သော ဆုံးဖြတ်ချက်သည် နောက်ဆက်တွဲ ပြဿနာကိုဖြစ်စေခဲ့သည်ကို ကျမ်းစာ၌ အတိအကျတွေ့ရသည်။
*Application*
ကျွန်တော်တို့သည် ခက်ခဲမှုများကြုံရစဥ်တွင် ဘုရားသခင်အား ဆုတောင်းကြသည်၊ မေးမြန်းကြသည်ဖြစ်သော်လည်း အချို့သော အသေးအမွှားများ၌မူ ကိုယ်တိုင်သာ စဥ်းစားဆုံးဖြတ်၍ လုပ်လိုက်ကြကာ ဘုရားသခင်အား မေ့လျော့သွားတတ်သည့် အခိုက်အတန့်တို့ရှိကြစမြဲပင် ... ယောရှုတို့ကဲ့သို့ မိမိအမြင်၊ မိမိအထင်၊ မိမိခံစားချက်တို့ကို ရှေ့ရှုကာ ဆုံးဖြတ်ခဲ့ကြဖူးမည်။ သို့သော် ယနေ့တွင် ထိုသို့ လျှင်မြန်သော ခြေတစ်စုံသည် မှားတတ်ကြောင်းကို သတိပြုကာ သေးသေးကြီးကြီး မည်သည့်ကိစ္စအရေးကိုမဆို ဘုရားသခင်ကို ဗဟိုပြုကာ ဆုံးဖြတ်ခြင်းသည် အင်မတန်အရေးကြီးသည်ဟု ဆင်ခြင်ရင်း ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet